6 အသွီးအသားအားဖြင့် မွီးဖွားသောသူသည် အသွီးအသားနှင့် ဆိုင်၏။ ဝိညာဉ်တော်အားဖြင့် မွီးဖွားသောသူသည် ဝိညာဉ်နှင့်သာ ဆိုင်၏။
ထိုသူရို့သည် လူ့အသွီးအသားအားဖြင့် မွီးသောသားသမီးတိ မဟုတ်၊ သို့သော် ဘုရားသခင် ဖြစ်ပွားစီတော်မူသော သားသမီးတိ ဖြစ်ကြ၏။
လူတိုင်း တဖန် မွီးဖွားခြင်းကို ခံရမည်ဟု ငါ ပြောသည်ကို မအံ့ဩကေ့။
ငါ့အထဲ၌ ငါ၏လူ့ဇာတိတွင် ကောင်းသောအရာ တစ်ခုမျှ မဟိသည်ကို ငါ သိ၏။ အကြောင်းမူကား၊ ငါသည် ကောင်းသောအကျင့်ကို ကျင့်ချင်စိတ် ဟိသော်လည်း ကျင့်နိုင်သောအစွမ်း ငါ၌ မဟိ။
ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ကယ်တင်တော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ထိုသို့ ငါသည် မိမိ၏စိတ်နှလုံးအားဖြင့် ဘုရားသခင်၏ ပညတ်တရားအလိုသို့ လည်းကောင်း၊ လူ့ဇာတိသဘောအားဖြင့် အပြစ်တရား၏အလိုသို့လည်းကောင်း လိုက်တတ်၏။
အကြောင်းမူကား ငါရို့သည် လူ့ဇာတိသဘောဖြင့် အသက်ရှင်ခစဉ် ပညတ်တရားအားဖြင့် ပြင်းပြသည့် အပြစ်ပြုလိုသောစိတ်သည် ငါရို့၏ကိုယ်ခန္ဓာထဲ၌ သီခြင်းတရားအတွက် အသီးကို သီးစီရန်ဖြစ်၏။
အကြောင်းမူကား သင်ရို့သည် လူ့ဇာတိအလိုအတိုင်း အသက်ရှင်ကြလျှင် သီရကြလိမ့်မည်။ သို့သော် သင်ရို့သည် အပြစ်နှင့် သက်ဆိုင်သော အမူအကျင့်တိကို ဝိညာဉ်တော်အားဖြင့် သီစီလျှင် အသက်ရှင်ကြရလိမ့်မည်။
သို့ရာတွင် သခင်ဘုရားနှင့်ပေါင်းဖော်သော သူသည် ထိုသခင်နှင့် တစ်စိတ်တစ်ဝိညာဉ်တည်း ဖြစ်၏။
မည်သူမဆို ခရစ်တော်၌ဟိလျှင် အသစ် ဖန်ဆင်းခံရသော သတ္တဝါဖြစ်၏။ ဟောင်းသောအရာများသည် ကွယ်ပျောက်လား၍ ခပ်သိမ်းသောအရာရို့သည် အသစ် ဖြစ်လာကြ၏။
ခရစ်တော် ယေသျှုနှင့်ဆိုင်သော သူရို့သည် လူ့ဇာတိစိတ်ကို လည်းကောင်း၊ ဇာတိစိတ်၏အလိုဆန္ဒများကို လည်းကောင်း လက်ဝါးကပ်တိုင်ထက်တွင် ရိုက်ထားကြပြီ။
အမှန်စင်စစ် ငါရို့သည် ထိုသူရို့ကဲ့သို့ ဇာတိ၏အလိုသို့ လိုက်လျက်၊ ကိုယ်ကာယ၏ အလိုနှင့် စိတ်၏အလိုအတိုင်း ကျင့်ခကြ၏။ ငါရို့သည် ဇာတိသဘောအတိုင်း အခြားသူများနည်းတူ ဘုရားသခင်၏ အမျက်တော်ကို ခံထိုက်သောသူတိ ဖြစ်ခကြ၏။
သင်ရို့သည် ခရစ်တော်၌ အရီဖျားလှီးခြင်းကို ခံယူခြင်းမှာ လူ့လက်ဖြင့် လုပ်ဆောင်ခြင်း မဟုတ်။ ဇာတိအပြစ်၏တန်ခိုးမှ လွတ်မြောက်စီသော ခရစ်တော်အားဖြင့် အရီဖျားလှီးခြင်းကို ခံယူခြင်းဖြစ်၏။
ဘုရားသခင် ဖြစ်ပွားစီသောသူသည် အပြစ်ကို မပြုတတ်။ အကြောင်းမူကား ဘုရားသခင်၏ ဇာတိသဘောတော်သည် ထိုသူ၌ တည်နိန်သောကြောင့်ဖြစ်၏။ ထိုသူသည် ဘုရားသခင် ဖြစ်ပွားစီသောသူ ဖြစ်သောကြောင့် အပြစ်ကို ဆက်၍ မပြုနိုင်။