Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 3:5 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

5 ယေသျှုကလည်း “သင်ရို့အား ငါအမှန် ဆိုသည်ကား၊ ရီ၌ လည်းကောင်း၊ ဝိညာဉ်တော်၌ လည်းကောင်း မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 3:5
35 ပူးပေါင်းရင်းမြစ်များ  

“သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့သည် သူငယ်တိကဲ့သို့ မပြောင်းလဲလျှင် ကောင်းကင်နိုင်ငံသို့ လုံးဝ ဝင်ရကြလိမ့်မည်မဟုတ်။


တဖန်ငါဆိုသည်ကား စိည်းစိမ်ဥစ္စာ ကြွယ်ဝချမ်းသာသူများသည် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန်အလို့ငှာ ကုလားအုတ်တစ်ကောင်ကို အပ်နဖားပေါက်ထဲသို့ မောင်းသွင်းရသည်ထက် သာ၍ ခက်ပေ၏။”


ထိုသားနှစ်ယောက်တွင် ဇာသူက သူ့အဖ၏အလိုတော်ကို လုပ်ဆောင်လဲ” ဟု ယေသျှုက မိန်း၏။ “သားကြီးပါ” ဟု သူရို့က ဖြေကြားကြ၏။ ယေသျှုက “သင်ရို့ကို ငါ အမှန်ဆိုသည်ကား အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိသည် သင်ရို့ထက် ရှိ့က ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်နိန်ကတ်ယာ” ဟု သူရို့အား မိန့်တော်မူ၏။


ထို့ကြောင့် သင်ရို့သည် လား၍ လူမျိုးအားလုံးကို ငါ့တပည့် ဖြစ်စီလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ယှင်းသောဝိညာဉ်တော်၏ နာမ၌ ဗတ္တိဇံကို ပီးကြလော့။


သင်ရို့ နောင်တရကြောင်းကို ပြသည့်အနိန်ဖြင့် ငါသည် သင်ရို့အား ရီ၌ ဗတ္တိဇံကို ပီး၏။ ငါ့နောက်မှ ကြွလာမည့်သူသည် ငါ့ထက်ကြီးမြတ်သူဖြစ်၍ ထိုသူသည် သင်ရို့အား သန့်ယှင်းသော ဝိညာဉ်တော်၌ လည်းကောင်း၊ မီး၌ လည်းကောင်း ဗတ္တိဇံကို ပီးလိမ့်မည်။ သူ၏ခြီနင်းတော်ကို ကိုင်ဆောင်ခြင်းငှာ ငါသည် မထိုက်တန်။


ထို့အပြင်၊ ငါဆိုသည်ကား သင်ရို့သည် ဘုရားသခင်၏အလိုတော်ကို လိုက်လျှောက်ရာ၌ ဖာရိယှဲနှင့် ကျမ်းတတ်ဆရာတိ ကျင့်သောအကျင့်ထက် မသာလွန်လျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ခွင့်ရကြလိမ့်မည်မဟုတ်” ဟု မိန့်တော်မူ၏။


ယေသျှုသည် ထိုအခြင်းအရာတိကို မြင်တော်မူလျှင် အမျက်တော်ထွက်၍ “အသျှေတိ၊ ငါ့ပါးသို့ လာကတ်ပါစီ။ မတားကတ်ကေ့။ ဘုရားသခင်၏ နိုင်ငံတော်သည် ထိုသို့သောသူရို့၏ နိုင်ငံဖြစ်၏။


ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။


သင်၏မျက်စိက သင့်ယုံကြည်ခြင်းကို ပျက်ပြားစီသည်ဆိုလျှင် ယင်းမျက်စိ့ကို ထုတ်ပစ်လော့။


“သင်ရို့သည် ကျဉ်းမြောင်းသော တန်းခါးပေါက်သို့ ဝင်ဖို့ ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား လူများစွာရို့သည် ဝင်ဖို့ ကြိုးစား နိန်ကြသော်လည်း မတတ်နိုင်ကတ်။


သင်ရို့အား ငါဆိုသည်ကား၊ သူရို့က သာ၍ အပြစ်များသည်မဟုတ်။ သင်ရို့လည်း နောင်တမရလျှင် ထိုသူရို့နည်းတူ သီကြီပျက်စီးလိမ့်မည်။


ထိုသို့မဟုတ်။ သင်ရို့အား ငါဆိုသည်ကား၊ သင်ရို့အားလုံးလည်း နောင်တမရလျှင် ထိုသူရို့ကဲ့သို့ သီကြီပျက်စီးလိမ့်မည်” ဟု မိန့်တော်မူ၏။


ထိုသူရို့သည် လူ့အသွီးအသားအားဖြင့် မွီးသောသားသမီးတိ မဟုတ်၊ သို့သော် ဘုရားသခင် ဖြစ်ပွားစီတော်မူသော သားသမီးတိ ဖြစ်ကြ၏။


ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ တဖန် မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု မိန့်တော်မူ၏။


နိကောဒင်ကလည်း “အသက်ကြီးသော သူသည် တဖန် မွီးဖွားခြင်းကို ဇာပိုင် ခံရမည်နည်း။ မိခင်ဝမ်းထဲသို့ တဖန် ဝင်ပြီးလျှင် ဒုတိယအကြိမ် မွီးဖွား၍ မရနိုင်သည်မှာ သေချာပါ၏” ဟု ဆို၏။


ပေတရုက၊ “သင်ရို့၏အပြစ်မှ ခွင့်ရွှတ်ခြင်းရစီရန် တစ်ယောက်စီတိုင်း နောင်တရပြီးလျှင် ယေသျှုခရစ်တော်၏ နာမတော်မြတ်၌ ဗတ္တိဇံကို ခံယူကြလော။ ထိုသို့ပြုလျှင် ဘုရားသခင်၏ လက်ဆောင်ဖြစ်သော သန့်ယှင်းသောဝိညာဉ်တော်ကို လက်ခံရကြလိမ့်မည်။


သို့ဖြစ်၍ ဘုရားသခင်သည် သင်ရို့၏ အပြစ်တိကို လွှတ်ပီးစီရန် နောင်တရ၍ ပြောင်းလဲကြလော့။ ထိုသို့ပြုလျှင်၊


အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် အစားအသောက်၌ မတည်။ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ သန့်ယှင်းသောဝိညာဉ်တော်ဖြင့် ဝမ်းမြောက်ခြင်း၌သာ တည်၏။


အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။


ညီအစ်ကိုမောင်နှမရို့၊ သင်ရို့အား ငါပြောလိုသည်မှာ လူ့အသွီးအသားသည် ဘုရားသခင်၏နိုင်ငံတော်ကို အမွီခံ၍ မရနိုင်။ ပုပ်ပျက်တတ်သော အရာသည်လည်း မပုပ်မပျက်တတ်သော အဖြစ်ကို မခံမယူနိုင်။


ငါရို့သည် ဤလောကနှင့်ဆိုင်သော ဝိညာဉ်ကို ခံယူရဟိကြသည်မဟုတ်။ ငါရို့အား ဘုရားသခင် ပီးတော်မူသောအရာအားလုံးကို သိခြင်းငှာ ဘုရားသခင်ထံပါးမှ လာသော ဝိညာဉ်တော်ကိုသာ ခံယူရဟိကြ၏။


အယင်က သင်ရို့တွင် အချို့သောသူရို့သည် ထိုကဲ့သို့ ဆိုးယုတ်သောသူတိဖြစ်ခကြ၏။ သို့သော် ယခုတွင် သင်ရို့သည် အပြစ်မှ ဆီးကြောသန့်စင်ခြင်းကို ခံကြရသောသူများဖြစ်ပြီး၊ ဘုရားသခင်အား ဆက်ကပ်သောသူများ ဖြစ်ကြ၏။ အသျှင်ယေသျှုခရစ်တော်၏ နာမအားဖြင့် လည်းကောင်း၊ ငါရို့ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် လည်းကောင်း သင်ရို့သည် ဘုရားသခင်၏ ဖြောင့်မတ်ခြင်းသို့ ရောက်ကြယာ။


လူတစ်စုံတစ်ယောက်သည် အရီဖျားလှီးခြင်း ခံသည် မခံသည်မှာ အရေးမကြီး။ အသစ်ဖန်ဆင်း ခံရခြင်းသာလျှင် အရေးကြီး၏။


ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။


ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။


ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။


ခရစ်တော်သည် ဖြောင့်မတ်တော်မူသည်ဖြစ်၍ ဖြောင့်မတ်ခြင်းတရားကို ကျင့်သောသူသည် ဘုရားသခင်၏ သားသမီးဖြစ်ကြောင်းကို သင်ရို့ သိကြ၏။


ယေသျှုသည် မေသျှိယဖြစ်တော်မူသည်ဟု ယုံကြည်သောသူတိုင်းသည် ဘုရားသခင်၏သားသမီးများ ဖြစ်ကြ၏။ ဖခင်ကို ချစ်သောသူတိုင်းသည် ထိုဖခင်၏ သားသမီးကိုလည်း ချစ်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ