36 ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။
ထို့ကြောင့် ဤသူရို့သည် ထာဝရပြစ်ဒဏ်စီရင်ခြင်းသို့ ရောက်ကြလိမ့်မည်၊ သို့သော်လည်း ဖြောင့်မတ်သောသူရို့သည် ထာဝရအသက်ရှင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။
တစ်ပါးအမျိုးသားတိအတွက် ကိုယ်တော်၏အလင်းကို လင်းစီရန်နှင့် ကိုယ်တော့်လူမျိုးတော် ဣသရေလ၏ ဘုန်းအသရေ ထွန်းလင်းလာစီရန်၊ လူမျိုးအပေါင်းရို့ရှိ့၌ ကိုယ်တော်သျှင် ပျင်ဆင်ထားသော၊ ကယ်တင်ခြင်းကို အကျွန့်မျက်စိနန့် တပ်အပ်မြင်ရဗျာယ်” ဟု မြွက်ဆို၏။
လူအပေါင်းရို့သည် ဘုရားသခင်၏ ကယ်တင်ခြင်းကို တွိ့မြင်ရလိမ့်မည်’” ဟု ဖြစ်၏။
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
ငါသည် သူရို့အား ထာဝရအသက်ကို ပီးသည်ဖြစ်၍ သူရို့သည် သီခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်။ ဇာသူတစ်ယောက်မှ သူရို့တိကို ငါ့လက်ကနိန် လုမယူနိုင်။
ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ တဖန် မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု မိန့်တော်မူ၏။
ကောက်ရိတ်သောသူသည် ရိတ်သိမ်းခကို ယူ၍ ထာဝရအသက်နှင့်ဆိုင်သော သီးနှံများကို ရိတ်သိမ်း၏။ ထို့ကြောင့် စိုက်ပျိုးသောသူနှင့် ရိတ်သိမ်းသောသူရို့သည် အတူတကွ ဝမ်းမြောက်လိမ့်မည်။
“ငါအမှန်ဆိုသည်ကား၊ ငါ့စကားကို ကြားလျက် ငါအား စီရွှတ်သောသူကို ယုံကြည်သော သူရို့သည် ထာဝရအသက်ကို ရ၏။ ထိုသူရို့သည် တရားစီရင်ခြင်းကို မခံရဘဲ သီခြင်းမှ အသက်ရှင်ခြင်းသို့ ကူးမြောက်သော သူများ ဖြစ်ကြ၏။
ထို့ကြောင့် ဤမုန့်သည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်ရို့၏ အဖိုးအဖီးရို့သည် စားပြီး သီဆုံးလားသော မုန့်မျိုးမဟုတ်။ သို့သော် ဤမုန့်ကို စားသောသူသည် ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
ငါ အမှန်ဆိုသည်ကား၊ ငါ့စကားကို နားထောင်သောသူသည် သီဆုံးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ယုံကြည်ခြင်းကို ငြင်းပယ်သော ယုဒလူမျိုးတိက ယုံကြည်သူတိအား ဆန့်ကျင်တိုက်ခိုက်ရန် တခြားလူမျိုးရို့၏ စိတ်ကို လှုံ့ဆော်ပီးကြ၏။
ပညတ်တရားသည် ဘုရားသခင်၏အမျက်တော်ကို ယူဆောင်လာ၏။ သို့ရာတွင် ပညတ်တရားမဟိလျှင် ထိုပညတ်တရားကို လွန်ကျူးစရာအကြောင်းမဟိပေ။
သို့ဖြစ်၍ ယခုတွင် ငါရို့သည် ကိုယ်တော်၏ အသွီးတော်ဖြင့် ဖြောင့်မတ်ရာသို့ ရောက်ကြပြီဖြစ်၍ ထိုသခင်အားဖြင့် ငါရို့သည် ဘုရားသခင်၏ အမျက်တော်မှ ကယ်တင်ခြင်းကို ခံရလိမ့်မည်။
ထို့ကြောင့် ယခုတွင် ခရစ်တော်ယေသျှု၌ဟိသော သူရို့အတွက် အပြစ်စီရင်ခြင်းဟူ၍ မဟိ။
ပညတ်တရားအောက်၌ အသက်ရှင်နိန်သော သူတိုင်းသည် ကျိန်ခြင်းတရား၏ အောက်၌ ဟိ၏။ ကျမ်းစာတော်မြတ်၌ “ပညတ်တ္တိကျမ်း၌ ရီးထားသမျှသောအရာကို မကျင့်နိုင်သောသူ ဟိသမျှသည် ဘုရားသခင်၏ ကျိန်ခြင်းအောက်၌ဟိသည်” ဟု ဖော်ပြထား၏။
အကျိုးမဟိသောစကားဖြင့် ဇာသူလေ့ သင်ရို့ကို မလှည့်ဖျားစီကေ့။ ထိုအမှုများဖြင့် ဘုရားသခင်ကို မနာခံသောသူရို့သည် ထိုအသျှင်၏ အမျက်တော် သင့်ခြင်းကို ခံရကြလိမ့်မည်။
ထို့အပြင် သီဆုံးခြင်းမှ ထမြောက်တော်မူ၍ ကျရောက်လာမည့် ဘုရားသခင်၏အမျက်တော်မှ ငါရို့ကို ကယ်နုတ်တော်မူသော သားတော်ယေသျှုသည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ကို စောင့်မျှော်ကြသည့်အကြောင်း ထိုသူအပေါင်းရို့သည် ပြောဆိုလျက်ဟိကြ၏။
အကြောင်းမူကား ဘုရားသခင်သည် ငါရို့အား အမျက်တော်သင့်စီရန် ရွီးကောက်တော်မူသည်မဟုတ်။ ငါရို့၏ အသျှင် ယေသျှုခရစ်အားဖြင့် ကယ်တင်ခြင်း ခံရကြစီရန် ရွီးကောက်တော်မူ၏။
သို့ဖြစ်လျှင် ဘုရားသခင်၏သားတော်ကို ခြီဖြင့် နင်းလျက် အပြစ်ကို သန့်ယှင်းစင်ကြယ်စီသော ဘုရားသခင်၏ပဋိညာဉ်နှင့်ဆိုင်သောအသွီးတော်ကို မထီမဲ့မြင် ပြုမူကာ ကျေးဇူးတော်နှင့်ဆိုင်သော ဝိညာဉ်တော်ကို ကဲ့ရဲ့သောသူရို့သည် ဇာလောက်ကြီးမားသော ပြစ်ဒဏ်နှင့် ထိုက်တန်သည်ကို သင်ရို့ စဉ်းစားကြလော့။
ဤသို့သော ကြီးမြတ်သော ကယ်တင်ခြင်းတရားကို ဂရုမစိုက်ဘဲ နီကြလျှင် ငါရို့သည် ပြစ်ဒဏ်စီရင်ခြင်းက ဇာပိုင် လွတ်မြောက်နိုင်ပါဖို့လဲ။ သခင်ဘုရား ကိုယ်တိုင် ပထမဦးစွာ ဤကယ်တင်ခြင်းတရားကို ဟောကြားတော်မူခသည်ဖြစ်၍ ကြားနာရသောသူရို့က ထိုတရားတော်သည် မှန်ကန်ကြောင်းကို ငါရို့အား သက်သီပြခလေ၏။
ဘုရားသခင်က ကျိန်ဆိုတော်မူသောအခါ “သူရို့သည် ငါ၏ ငြိမ်ဝပ်ချမ်းသာခြင်းထဲသို့ လုံးဝ ဝင်ရကြလိမ့်မည်မဟုတ်” ဟု ဇာသူရို့ကို ပြောခဖူးလဲ။ ထိုသူရို့သည်ကား ဘုရားသခင်ကို ဆန့်ကျင်သောသူရို့ ဖြစ်၏။
သူရို့သည် ထိုသို့ မဝင်နိုင်ခကြသည်မှာ မယုံကြည်ကြသောကြောင့် ဖြစ်သည်ဟု ငါရို့ သိကြရ၏။
သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။