35 ခမည်းတော်သည် မိမိသားတော်ကို ချစ်တော်မူသောကြောင့် ခပ်သိမ်းသော တန်ခိုးအာဏာကို သားတော်၌ ပီးအပ်လေ၏။
“ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။
ပေတရု စကားပြောနိန်ချိန်မှာ တလက်လက်တောက်ပနိန်သော မိုးတိမ်တိုက်တစ်ခုသည် သူရို့ထက်၌ ပေါ်လာပြီး “ဤသူသည် ငါ နှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏၊ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံဖြင့် ထိုမိုးတိမ်မှ မိန့်တော်မူ၏။
ထို့ကြောင့် ယေသျှုသည် မိမိ၏တပည့်တော်တိပါးသို့ လာ၍ မိန့်မှာတော်မူသည်မှာ၊ “ငါသည် ကောင်းကင်ဘုံ၌လည်းကောင်း၊ မြီကြီးပေါ်၌လည်းကောင်း အုပ်စိုးပိုင်သော တန်ခိုးအာဏာကို ရထားပြီးပြီ။
ထို့နောက် “ဤသူကား ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သား ဖြစ်၏” ဟူသော ကောင်းကင်မှ အသံတော် ထွက်လာလေ၏။
“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။
ခမည်းတော်သည် မိမိအား အလုံးစုံသောတန်ခိုး အပ်တော်မူထားသည်ကို လည်းကောင်း၊ မိမိသည် ဘုရားသခင်ထံပါးမှ ကြွလာ၍ ဘုရားသခင်ထံတော်ပါးသို့ ပြန်ကြွလားမည်ကို လည်းကောင်း သိတော်မူ၏။
ငါ၏ခမည်းတော်သည် ငါ့ကို ချစ်သကဲ့သို့ ငါသည်လည်း သင်ရို့ကို ချစ်၏။ သင်ရို့သည် ငါ၏မေတ္တာ၌ တည်နိန်ကြလော့။
အကြောင်းမူကား ကိုယ်တော်သည် သားတော်ကို ပီးအပ်ထားသော သူရို့အား ထာဝရအသက်ကို ရစီခြင်းငှာ လူသားအားလုံးကို အစိုးရသောအခွင့်အာဏာကို သားတော်အား ပီးအပ်ထားပြီးဖြစ်ပါ၏။
သူရို့သည် တစ်လုံးတစ်ဝတည်း၌ စုံလင်ကြစီရန် ကိုယ်တော်သည် အကျွန်၌ ဟိတော်မူ၍ အကျွန်သည်လည်း သူရို့၌ ဟိတော်မူပါ၏။ ထိုသို့အားဖြင့် ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသကဲ့သို့ သူရို့ကိုလည်း ချစ်တော်မူကြောင်းကို လည်းကောင်း ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို လည်းကောင်း လောကသားတိ သိကြပါလိမ့်မည်။
အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်” ဟု ဆုတောင်းတော်မူ၏။
ခမည်းတော်သည် သားတော်ကို ချစ်သောကြောင့် မိမိပြုသမျှ အလုံးစုံတိကို သားတော်အား ဖွင့်ပြတော်မူ၏။ ခမည်းတော်သည် ဤအမှုအရာထက် ကြီးစွာသောအရားတိကို ပြုခြင်းငှာ သားတော်အား ဖွင့်ပြပီးဦးမည် ဖြစ်သောကြောင့် သင်ရို့သည် အံ့ဩခြင်း ဟိကြလိမ့်မည်။
ခမည်းတော်သည် ဇာသူ့ကိုမျှ တရားစီရင်တော်မူမည် မဟုတ်။ သားတော်အား တရားစီရင်ရသောအခွင့် အလုံးစုံကို ပီးအပ်ထားပြီးဖြစ်၏။
ကျမ်းစာ၌လာသည်ကား “ဘုရားသခင်သည် ခပ်သိမ်းသောအရာများကို ကိုယ်တော်၏ခြီဖဝါးအောက်သို့ ရောက်စီတော်မူ၏” ဟု လာသတည်း။ ထို “ခပ်သိမ်းသောအရာများ” ၌ ဘုရားသခင် မပါကြောင်း ထင်ရှား၏။ ဇာကြောင့်ဆိုသော် ခပ်သိမ်းသောအရာကို ခရစ်တော်၏ ခြီဖဝါးအောက်သို့ ရောက်စီတော်မူသော အသျှင်ကား ဘုရားသခင်ပင် ဖြစ်သောကြောင့်တည်း။
ဘုရားသခင်သည် ခပ်သိမ်းသော အရာကို ခရစ်တော်၏ ခြီဖဝါးတော်အောက်၌ ချထား၍ ကိုယ်တော်အား အသင်းတော်အဖို့ အထွဋ်အထိပ် အသျှင်အဖြစ် ခန့်ထားတော်မူ၏။
သို့ရာတွင် ဤနောက်ဆုံးသောကာလ၌ ကိုယ်တော်သည် မိမိ၏သားတော်အားဖြင့် ငါရို့အား မိန့်တော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် စကြဝဠာကို ဖန်းဆင်းတော်မူပြီး အဆုံး၌ ခပ်သိမ်းသောအရာအားလုံးကို ထိုသားတော်အား အမွီခံအဖြစ် ခန့်ထားတော်မူ၏။
ထိုအသျှင်သည် ကောင်းကင်ဘုံသို့ ကြွတော်မူသည်ဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဖက်၌ ဟိတော်မူပြီးလျှင် ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးသျှင်များကို အုပ်စိုး၍ နိန်တော်မူ၏။