Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 3:25 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

25 ယောဟန်၏ တပည့်တချို့နှင့် ယုဒလူမျိုးတစ်ယောက်သည် ဘာသာတရားနှင့်ဆိုင်သော သန့်ယှင်းခြင်းအကြောင်းကို ဆွေးနွေးငြင်းခုံနိန်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 3:25
9 ပူးပေါင်းရင်းမြစ်များ  

သင်ရို့ နောင်တရကြောင်းကို ပြသည့်အနိန်ဖြင့် ငါသည် သင်ရို့အား ရီ၌ ဗတ္တိဇံကို ပီး၏။ ငါ့နောက်မှ ကြွလာမည့်သူသည် ငါ့ထက်ကြီးမြတ်သူဖြစ်၍ ထိုသူသည် သင်ရို့အား သန့်ယှင်းသော ဝိညာဉ်တော်၌ လည်းကောင်း၊ မီး၌ လည်းကောင်း ဗတ္တိဇံကို ပီးလိမ့်မည်။ သူ၏ခြီနင်းတော်ကို ကိုင်ဆောင်ခြင်းငှာ ငါသည် မထိုက်တန်။


“သင်ရို့သည် ဘုရားသခင်၏ ပညတ်ကို ပယ်၍ လူရို့၏ဓလေ့ ထုံးတမ်းကိုသာ လိုက်နာကြ၏” ဟု မိန့်တော်မူ၏။


ထိုနီရာ၌ ယုဒအမျိုးသားရို့၏ ဘာသာဓလေ့အရ စင်ကြယ်ခြင်းအဖို့အလို့ငှာ ရီနှစ်ထမ်း သုံးထမ်းခန့် ဝင်သောကျောက်ရီအိုး ခြောက်အိုးဟိ၏။


ဗတ္တိဇံတရား ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။


အကြောင်းမူကား ထိုအရာများသည် စားသောက်ဖွယ်ရာများနှင့် အမျိုးမျိုးသော သန့်ယှင်း စင်ကြယ်ခြင်းဝတ်နှင့်သာ ဆိုင်ကြ၏။ ဤအရာများသည် ပြင်ပလက္ခဏာများဆိုင်ရာ စည်းမျဉ်းများသာဖြစ်ကြ၏။ ဘုရားသခင်သည် အသစ်သော ပညတ်တော်ကို ချပီးသောအချိန်ကာလ ရောက်လာသည့်တိုင်အောင်အထိသာလျှင် ထိုအရာများသည် အထောက်အပံ့ပြုကြ၏။


ထိုနည်းအားဖြင့် ကောင်းကင်ဘုံနှင့် သက်ဆိုင်သောပြယုဂ်များကိုသာ သန့်ယှင်းစင်ကြယ်ရန် ဖြစ်၏။ သို့ရာတွင် ကောင်းကင်ဘုံနှင့်ဆိုင်သော အရာများကို သန့်ယှင်းစင်ကြယ်ရန် သာ၍ မြင့်မြတ်သောယဇ်ကို ပူဇော်ရန်လိုအပ်၏။


ဤအရာသည် အဂု သင်ရို့ကို ကယ်တင်သော ဗတ္တိဇံမင်္ဂလာကို ပုံဆောင်ပေသည်။ ဗတ္တိဇံမင်္ဂလာ ခံယူခြင်းသည် ကိုယ်ကာယ အညစ်အကြေးများကို ဆီးကြောခြင်း မဟုတ်။ ကြည်လင်သောအသိစိတ်ဖြင့် ဘုရားသခင်၏ ရှိ့တော်၌ ကတိသစ္စာပြုခြင်း ဖြစ်ပေသည်။ ထိုဗတ္တိဇံတရားသည်ကား ယေသျှု ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် သင်ရို့အား ကယ်တင်ရာအကြောင်း ဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ