Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 3:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

21 သို့ပင်သျှောင်လည်း သမ္မာတရားကို ကျင့်သောသူရို့မူကား မိမိရို့ကျင့်သော တရားသည် ဘုရားသခင်၏အလိုတော်နှင့် ညီသည်ကို ထင်ရှားစီခြင်းငှာ အလင်းသို့ လာကြ၏ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 3:21
31 ပူးပေါင်းရင်းမြစ်များ  

ယေသျှုသည် မိမိထံသို့ နာသနေလ လာနိန်သည်ကို မြင်တော်မူလျှင် “ဤအရပ်၌ ဖောက်ပြန်ခြင်းနှင့် ကင်းသောသူဖြစ်ပြီး စစ်မှန်သော ဣသရေလအမျိုးသားကို ကြည့်ကြလော့” ဟု ထိုသူအား ရည်ရွယ်၍ မိန့်တော်မူ၏။


မကောင်းမှုကို ပြုသောသူအပေါင်းရို့သည် အလင်းကို မုန်းကြ၏။ ထိုသူရို့သည် အလင်းသို့ လာကြလိမ့်မည် မဟုတ်။ အကြောင်းမူကား သူရို့၏ မကောင်းသောအကျင့် ပေါ်လားမည်ကို အလိုမဟိကြ။


သင်ရို့သည် ကျမ်းစာတော်မြတ်ကို ကြိုးစား၍ လေ့လာကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအထဲ၌ ထာဝရအသက်ကို ရှာတွိ့လိမ့်မည်ဟု ထင်သောကြောင့်ဖြစ်၏။ ထိုကျမ်းစာတော်မြတ်ပင်လျှင် ငါ၏အကြောင်းကို သက်သီခံ၏။


ဘုရားသခင်၏အလိုကို လိုက်လျှောက်လိုသော သူရို့မူကား၊ ငါဟောပြောသောတရားသည် ဘုရားသခင်၏ တရားဖြစ်သလော၊ သို့မဟုတ် ငါ၏ တရားဖြစ်သလော ဟူ၍ ခွဲခြားသိမြင်ကြလိမ့်မည်။


သို့သော် ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် ငါဖြစ်သည့်အတိုင်း ငါဖြစ်၏။ ငါ့ကို ကိုယ်တော် ပီးသနားတော်မူသော ကျေးဇူးတော်သည်လည်း အကျိုးမဲ့မဖြစ်။ ငါသည် အခြားသော တမန်တော်ရို့ထက် ပို၍ ကြိုးစားလုပ်ဆောင်၏။ ထိုသို့ လုပ်ဆောင်နိုင်ခြင်းမှာ ငါ၏ တတ်နိုင်မှုကြောင့် မဟုတ်ဘဲ၊ ငါနှင့်အတူ လုပ်ဆောင်သော ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်သာ ဖြစ်၏။


ငါရို့၏ ဝါကြွားစရာအကြောင်းမှာ ဤလောက၌ အသက်ရှင်စဉ်ကာလ အထူးသဖြင့် သင်ရို့နှင့် ဆက်ဆံရာတွင် လောကနှင့်ဆိုင်သော အသိဉာဏ်ကို အမှီမပြုဘဲ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြုလျက် ဟိသည်ကို လည်းကောင်း ဘုရားသခင် ပီးသနားတော်မူသော ရိုးသားဖြူစင်ခြင်းနှင့် သန့်ယှင်းစင်ကြယ်ခြင်းဖြင့် လည်းကောင်း ကျင့်ကြံပြုမူလျက်ဟိသည်ကို ကိုယ့်ကိုကိုယ်သိသောစိတ်က သက်သီခံလျက်ဟိ၏။


လူ့ဇာတိသဘော၌ မျိုးစိ့ကြဲသောသူသည် ဇာတိသဘောအားဖြင့် ပျက်စီးခြင်းကို ရိတ်ရလိမ့်မည်။ ဝိညာဉ်သဘော၌ မျိုးစိ့ကြဲသောသူသည် ဝိညာဉ်သဘောအားဖြင့် ထာဝရအသက်ကို ရိတ်သိမ်းရလိမ့်မည်။


အကြောင်းမူကား အလင်းသည် ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် မှန်ကန်ခြင်းတည်းဟူသော ကောင်းမြတ်သောအရာများကို ဖြစ်ပွားစီတော်မူ၏။


ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။


အကြောင်းမူကား၊ မိမိ၏အကြံအစည်အတိုင်း သင်ရို့အထဲ၌ နာခံလိုက်လျှောက်စီရန်နှင့် စိတ်ဆန္ဒဟိစီခြင်းငှာ အစဉ်လုပ်ဆောင်သော သူသည် ဘုရားသခင် ဖြစ်၏။


ငါသည် ဤတာဝန်လုပ်ငန်းကို ကြိုးစားလုပ်ဆောင်နိုင်ရန် ခရစ်တော်သည် ငါ့အထဲ၌ ကြီးမားသော တန်ခိုးစွမ်းရည်ကို ထည့်ပီးတော်မူ၏။ ထိုတန်ခိုးစွမ်းရည်သည် ငါ့အထဲ၌ လုပ်ဆောင်လျက် ဟိ၏။


မိမိ၏အလိုတော်ကို ဆောင်ရွက်နိုင်ကြစီရန် ကောင်းသောအမှုအမျိုးမျိုးဖြင့် သင်ရို့ကို ပြည့်စုံတော်မူပါစီသောဝ်။ ထို့အပြင် ကိုယ်တော်သည် မိမိ၏နှစ်သက်ဖွယ်သောအမှုကို ယေသျှုခရစ်တော်အားဖြင့် ငါရို့၌ လုပ်ဆောင်တော်မူပါစီသောဝ်။ ထိုခရစ်တော်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် တည်ဟိပါစီသောဝ်။ အာမင်။


အဂုတွင် သင်ရို့သည် သမ္မာတရားကို လိုက်လျှောက်ခြင်းအားဖြင့် မိမိရို့၏ စိတ်နှလုံးအား စင်ကြယ်စီကြပြီး အခြားသော ယုံကြည်သူအချင်းချင်းကို ဟန်ဆောင်မှုကင်းလျက် ချစ်ကြသည်ဖြစ်၍ သင်ရို့ တစ်ယောက်ကိုတစ်ယာက် စိတ်နှလုံးအကြွင်းမဲ့ ချစ်ကြလော့။


သို့ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် မိတ်ဖွဲ့ရကြပြီဟု ဆိုလျက် မှောင်မိုက်ထဲ၌ အသက်ရှင်လျှောက်လှမ်းနိန်ပါက နှုတ်အားဖြင့် လည်းကောင်း၊ အပြုအမူအားဖြင့် လည်းကောင်း ငါရို့သည် မုသားသုံးသောသူများဖြစ်ကြ၏။


အဆွီ၊ မကောင်းသောအမှုကို အတုမယူဘဲ ကောင်းသောအမှုကို အတုယူလော့။ ကောင်းသောအမှုကို ပြုသောသူသည် ဘုရားသခင်နှင့် စပ်ဆိုင်သောသူဖြစ်၏။ ဆိုးသောအကျင့်ကို ပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးသောသူ ဖြစ်၏။


သင် ပြုခသည့်အမှုကို ငါသိ၏။ သင်သည် အပူလည်း မဟုတ်၊ အအီးလည်း မဟုတ်သည်ကို ငါသိ၏။ သင်သည် အပူဖြစ်စီ၊ အအီးဖြစ်စီ တစ်ခုခုဖြစ်ရန် ငါ အလိုဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ