ယောဟန် 21:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား18 ငါအမှန် ဆိုသည်ကား၊ သင်သည် အသက်အရွယ် နုပျိုသောအခါ သင်၏ ခါးပတ်ကို ပတ်စည်း၍ သင်လားချင်သော အရပ်ကို လားနိုင်သော်လည်း အသက်အရွယ် ကြီးလာသောအခါ သင်၏ လက်နှစ်ဖက်ကို ဆန့်၍ လူတချို့က သင့်ကို ပတ်စည်းပြီးလျှင် သင် မလားချင်သောအရပ်သို့ ပို့ဆောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ယေသျှုက “ယောဟန်သား သျှိမုန် သင်သည် ငါ့ကို ချစ်သလော” ဟု တတိယအကြိမ် မိန်းတော်မူပြန်၏။ ယေသျှုက “သင်သည် ငါ့ကို ချစ်သလော” ဟု သူ့အား သုံးကြိမ် သုံးလီ မိန်းလာသောကြောင့် ပေတရုသည် ဝမ်းနည်းလာ၏။ ထို့ကြောင့် သူသည် ကိုယ်တော်အား “အသျှင်၊ ကိုယ်တော်သည် အလုံးစုံကို သိတော်မူ၏၊ ကိုယ်တော့်ကို အကျွန် ချစ်သည်ကို ကိုယ်တော်သိပါ၏” ဟု လျှောက်လေ၏။ ယေသျှုက “ငါ၏ သိုးတိကို စောင့်ရှောက်လော့။
ထိုသူသည် အကျွန်ရို့ပါးသို့ လာ၍ ပေါလု၏ ခါးပတ်ကြိုးကို ယူပြီးလျှင်၊ မိမိ၏ခြီနှင့် လက်တိကို တုပ်နှောင်ကာ “ဤခါးပတ်ကြိုး ပိုင်သျှင်သည် ယေရုဆလင်မြို့၌ ဟိသောယုဒလူမျိုးရို့၏ ဤပိုင် တုပ်နှောင်ခြင်းကို ခံရပြီးလျှင် တခြားလူမျိုးရို့၏ လက်သို့ အပ်နှံခြင်းကို ခံရလိမ့်မည်ဟု သန့်ယှင်းသောဝိညာဉ်တော် မိန့်တော်မူသည်” ဟူ၍ ဆိုလေ၏။