14 ဤကား ယေသျှုသည် သီခြင်းက ထမြောက်ပြီးနောက် တပည့်တော်တိအား သုံးကြိမ်မြောက် ကိုယ်ထင်ပြတော်မူခြင်းဖြစ်၏။
ထို့နောက်၊ တပည့်တော်နှစ်ပါးရို့သည် တောရွာသို့ လားကြစဉ်တွင် ယေသျှုသည် ထူးခြားသောအသွင်ဖြင့် သူရို့အား ကိုယ်ထင်ပြတော်မူ၏။
ထို့နောက်၊ တစ်ကျိပ်တစ်ပါးသော တပည့်တော်ရို့သည် စားပွဲ၌ ထိုင်၍ စားသောက်နိန်ကြစဉ်၊ ကိုယ်တော်သည် ကိုယ်ထင်ပြတော်မူ၏။ သူရို့သည် ကိုယ်တော် ထမြောက်တော်မူကြောင်းကို မြင်သောသူရို့၏စကားကို ကြားကြသော်လည်း၊ စိတ်နှလုံးခိုင်မာ၍ မယုံကြည်ကြသောကြောင့် ကိုယ်တော်သည် သူရို့အား ပြစ်တင်ဆုံးမတော်မူ၏။
အချိန်ကား တလင်းဂနီနိ့၏ မိုးချုပ်စချိန် ဖြစ်၏။ ယုဒအာဏာပိုင်တိကို ကြောက်၍ တပည့်တော်ရို့သည် တန်းခါး ပိတ်ကာ အတူတကွ စုရုံးလျက် နိန်ကြ၏။ ထိုအခါ ယေသျှုသည် ဝင်ရောက်လာ၍ တပည့်တော်တိကြား၌ မတ်တပ်ရပ်ပြီးလျှင် “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်လေ၏။
တစ်ပတ်ကြာပြီးနောက် တပည့်တော်ရို့သည် အိမ်ထဲ၌ တဖန် အတူတကွ စုရုံးကြ၏။ သူရို့နှင့်အတူ သောမလည်း ပါ၏။ အိမ်တန်းခါးများကို ပိတ်ထားကြသော်လည်း ယေသျှုသည် ဝင်ရောက်လာပြီးလျှင် သူရို့အလယ်တွင် မတ်တပ်ရပ်လျက်၊ “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်တော်မူ၏။
ထိုသို့ ဖြစ်ပျက်ပြီးနောက် ယေသျှုသည် တပည့်တော်တိအား တိဗေရိအိုင်တွင် နောက်တဖန် ကိုယ်ထင်ပြတော်မူခ၏။ ပြတော်မူသည်မှာ ဤသို့ဖြစ်၏။
ကိုယ်တော်သည် အသီခံတော်မူပြီးနောက် ရက်ပေါင်းလေးဆယ်တိုင်အောင် တမန်တော်ရို့အား မိမိအသက်ရှင်တော်မူကြောင်းကို ခိုင်လုံသော သက်သီအားဖြင့် အကြိမ်ပေါင်းများစွာ ဖော်ပြတော်မူ၏။ တမန်တော်ရို့သည် ကိုယ်တော့်ကို တွိ့မြင်ကြရပြီး၊ ကိုယ်တော်ကလည်း သူရို့အား ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။