16 ကိုယ်တော်သည် ဂြိုးငှက်ရောင်းသော သူတိကိုလည်း “ဤချင့်တိကို ဤနီရာမှ ယူလားကြလော့။ ငါ့အဖ၏အိမ်တော်ကို စျီးနီရာ မဖြစ်စီကတ်ကေ့” ဟု မိန့်တော်မူ၏။
ယေသျှုသည် ဗိမာန်တော်သို့ ဝင်လာပြီး၊ ဗိမာန်တော်ထဲ၌ အရောင်းအဝယ် လုပ်နိန်ကြသောသူ အားလုံးကို မောင်းထုတ်၏။ ငွီလှဲကောင်တာစားပွဲတိ ဂြိုးငှက်ရောင်းသူများ၏ ထိုင်ခုံ စားပွဲတိကို တွန်းလှဲကာ မှောက်လှန်ပစ်လိုက်၏။
ကိုယ်တော်က “ဘုရားသခင်နှုတ်ကပတ်တော်ကျမ်းစာ၌ ရီးထားသည်မှာ ‘ငါ၏အိမ်တော်ကို ဆုတောင်းပတ္ထနာပြုရာ အိမ်တော်ဟု ခေါ်ဆိုရလိမ့်မည်’ ဟု ဖော်ပြထား၏။ သို့ရာတွင် သင်ရို့သည် ဤဗိမာန်တော်ကို သူခိုးဓါးပြ ပုန်းအောင်းသည့် နီရာအဖြစ် လုပ်နိန်ကြသည်တကား” ဟု မိန့်တော်မူ၏။
သို့သော်လည်း ဖိတ်ကြားထားသောသူများသည် ဂရုမစိုက်ဘဲ မိမိရို့၏စီးပွားရေးအလုပ်သို့သာ လားကြ၏၊ တစ်ယောက်က လယ်တောသို့ လား၏၊ တခြားတစ်ယောက်က ဈီးရောင်းဖို့ ထွက်လား၏၊
ထိုသူရို့အား ကိုယ်တော်က “ ‘ငါ၏ဗိမာန်ကို လူမျိုးတကာရို့၏ ဆုတောင်းရာအိမ်တော်ဟူ၍ ခေါ်ဆိုကြလိမ့်မည်’ ဟု ကျမ်းစာတော်မြတ်၌ ရီးသားထားသည်မဟုတ်လော။ သို့ရာတွင်၊ ဤနီရာကို သူခိုးဒါးပြတိ ခိုအောင်းသောနီရာ ဖြစ်စီသည်တကား” ဟု ဆုံးမသွန်သင်တော်မူ၏။
သူက၊ “ဇာဖြစ်လို့ အကျွန့်ကို ရှာကြပါသနည်း။ အကျွန့်အဖအိမ်တော်၌ ဟိ နိန်ရမည် ဆိုသည်ကို မသိကြသလား” ဟု မိဖရို့အား ပြန်ပြော၏။
ထိုသိုးတိကို ငါ့ထံ၌ အပ်ပီးတော်မူသည့် ခမည်းတော်သည် ဟိသမျှသော သူတိထက် ကြီးမြတ်တော်မူသည်ဖြစ်၍၊ ဇာသူတစ်ယောက်မှ သိုးတိကို ခမည်းတော်လက်က မလုမယူနိုင်။
ထို့ကြောင့် ကိုယ်တော်သည် ကြိုးဖြင့် ကြာပွတ်ကိုလုပ်ပြီး သိုး၊ နွားမှစ၍ အားလုံးသောတိရစ္ဆာန်တိကို ဗိမာန်တော်ထဲမှ မောင်းထုတ်တော်မူ၏။ ငွီလဲလှယ်နိန်သောသူရို့၏ စားပွဲကိုလည်း မှောက်လှန်တော်မူ၍ သူရို့၏ ဒင်္ဂါးများသည် ပြန့်ကြဲလေ၏။
“ငါသည် အဖထံပါးသို့ မတက်ရသိမ့်ဖြစ်၍ ငါ့ကို မဖက် ကေ့ဦး။ သို့သော်လည်း ငါသည် ငါ၏အဖတည်းဟူသော သင်ရို့၏အဖနှင့် ငါ၏ဘုရားသခင်တည်းဟူသော သင်ရို့၏ ဘုရားသခင်ပါးသို့ တက်ရဦးမည်အကြောင်းကို ငါ၏ညီအစ်ကိုတိပါးသို့ လား၍ ပြောပြလော့” ဟု ယေသျှုက မာရိအား ပြောလေ၏။
ယေသျှုကလည်း “ငါ့ခမည်းတော်သည် အစဉ်မပြတ် အလုပ်လုပ်နိန်၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။
ယေသျှုကလည်း “ငါသည် နတ်ဆိုး ဝင်ပူးခံနိန်သူ မဟုတ်။ ငါသည် ငါ့ခမည်းတော်ကို ချီးမြှောက်၏။ သို့သော်လည်း သင်ရို့က ငါ့ကို ရှုတ်ချကြ၏။
စိတ်နှလုံး ယိုယွင်းပျက်စီး၍ သမ္မာတရားကင်းမဲ့ကာ ငြင်းခုံခြင်းသက်သက်ကိုသာ ဖြစ်ပွားစီတတ်၏။ သူရို့က ဘုရားတရားရိုသီခြင်းသည် ငွီရပေါက်နည်းလမ်းတစ်ခုဟု ထင်မှတ်ကြ၏။
ဤမှားယွင်းသောဆရာရို့သည် လောဘစိတ်နှင့် လုပ်ကြံဖန်တီးပြောဆိုကာ သင်ရို့၌ အမြတ် ထုတ်ကြလိမ့်မည်။ ရှီးကာလကပင် သူရို့အား တရားစီရင်ရန် အဂု အသင့် ဟိနိန်ပြီး၊ ဖျက်ဆီးမည့်သူသည် ငိုက်မျိုင်းခြင်း အလျှင်းမဟိ။