Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 19:6 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

6 ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဗိမာန်တော် အစောင့်စစ်သည်များက သူ့ကို မြင်ကြသောအခါ “ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ၊ ဤသူကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ် တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် သူ့ကို ခေါ်ဆောင်ပြီးလျှင် လက်ဝါးကပ်တိုင်တွင် တင်ပြီး အသီသတ်လိုက်ကြ။ သူ့အား အပြစ်စီရင်ရန် အကြောင်းကို ငါသည် ရှာမတွိ့” ဟု ဆိုလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 19:6
15 ပူးပေါင်းရင်းမြစ်များ  

ပေတရုသည် ယဇ်ပုရောဟိတ်မင်း၏အိမ်တော်ဝင်းခြံပေါက်ဝထိ၊ မျက်စိတစ်မြင်အကွာကနီ၍ လိုက်လာပြီးလျှင် အမှု၏အဆုံးကိုသိလိုသဖြင့် အိမ်တော်ဝင်းအတွင်းသို့ဝင်၍ ကိုယ်ရံတော်တပ်သားတိနှင့်အတူ ထိုင်နိန်၏


ထို့နောက် ပိလတ်မင်းက “မေသျှိယဟု ခေါ်သော ယေသျှုကို ငါ ဇာပိုင် လုပ်ရပါဖို့လဲ” ဟု မိန်း၏။ သူရို့အားလုံးက “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်၍ အသီသတ်လိုက်ပါ” ဟု တောင်းဆိုကြ၏။


ပိလတ်မင်းက မိမိသည် ဆက်လက်လုပ်ဆောင်ရန် မဖြစ်နိုင်။ သို့ရာတွင် ရုန်းရင်းဆန်ခတ် ဖြစ်စပြုလာသည်ကို မြင်သောအခါ၊ ရီကို ယူ၍ လူထုပရိတ်သတ်ရှိ့၌ မိမိလက်ကို ဆီးကာ “ဤသူ၏အသွီးသည် ငါနှင့် မဆိုင်၊ သင်ရို့ ပြုလုပ်ခြင်းသာဖြစ်သည်” ဟု ဆိုလေ၏။


ထို့နောက် ပိလတ်က “ဤသူကို စွဲချက်တင်ရန် အကြောင်းတစ်စုံတစ်ခုကိုမျှ ငါမတွိ့” ဟု ယဇ်ပုရောဟိတ်ကြီးများနှင့် လူအပေါင်းရို့အားဆို၏။


ထို့ကြောင့် ယုဒသျှကာရုတ်သည် ယဇ်ပုရောဟိတ်အကြီးအကဲရို့နှင့် ဖာရိယှဲရို့က စီရွှတ်လိုက်သည့် ဗိမာန်တော်အစောင့်စစ်သားတချို့နှင့် ရောမစစ်သားများကို သူနှင့်အတူ ခေါ်လာကာ ထိုဥယျာဉ်သို့ ရောက်လာ၏။ သူရို့သည် မီးအိမ်၊ မီးတုတ်နှင့် လက်နက်များကို ကိုင်ဆောင်လာကြ၏။


ပိလတ်မင်းက “ဤသူကို သင်ရို့၏ ပညတ်တရားအတိုင်း သင်ရို့ကိုယ်တိုင် တရားစီရင်ကြလော့” ဟု ပြော၏။ ယုဒလူရို့က “အကျွန်ရို့သည် မည်သူ့ကိုမျှ အသီသတ်ပိုင်ခွင့် မဟိပါ” ဟု ပြန်ပြောကြ၏။


“သမ္မာတရားဆိုသည်မှာ ဇာလဲ” ဟု ပိလတ်မင်းက မိန်း၏။ ပိလတ်မင်းက ယုဒလူမျိုးတိထံသို့ ပြန်လာပြီးလျှင် “ဤသူကို ပြစ်ဒဏ် ပီးစရာအကြောင်း ငါတစ်ခုမျှ မတွိ့။


ထိုသူရို့က “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ်၍ တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် ငါ့အား သင်ရို့၏ သျှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ခိုင်းနိန်ကြသလော” ဟု မိန်း၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများက “ငါရို့မှာ ဧကရာဇ်ဘုရင် တစ်ပါးတည်းသာ ဟိပါ၏” ဟု ပြန်ပြောကြ၏။


ပိလတ်မင်းက လူအစုအဝေးဟိရာသို့ တဖန် ထွက်လာပြီးလျှင် “ဤသူကို ပြစ်ဒဏ်ပီးစရာအကြောင်း တစ်ခုမျှ မတွိ့သည်ကို သင်ရို့ မြင်စီခြင်းငှာ ထုတ်ပြမည်၊ ကြည့်ကတ်ပါ” ဟု ပြောပြီးနောက်


ဘုရားသခင်သည် ယေသျှုကို သင်ရို့လက်သို့ အပ်နှံလိမ့်မည်ဟု ဆုံးဖြတ်ထားသော မိမိ၏ အကြံအစည်တော်အတိုင်း သင်ရို့သည် မတရားသောသူရို့လက်သို့ အပ်နှံ၍ လက်ဝါးကပ်တိုင်၌ ထိုအသျှင်ကို တင်၍ ကွပ်မျက်ကြ၏။


သင်ရို့အဖိုးအဖီးတိ နှိပ်စက်ခြင်းကို မခံရသော ပရောဖက်ဟူ၍ ဇာသူတစ်ယောက် ဟိခသနည်း။ သူရို့သည် ဘုရားသခင် ကြွလာမည့်အကြောင်းကို ကြိုတင်ဟောကြားမည့် ဖြောင့်မတ်သော အခိုင်းအစီတိကို အယင်ကပင်လျှင် အသီသတ်ခကြ၏။ အဂုလည်း သင်ရို့သည် ထိုအသျှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ