ယောဟန် 17:8 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား8 အကြောင်းမူကား ကိုယ်တော်သည် အကျွန်အား ပီးတော်မူသော နှုတ်ကပတ်တော်ကို သူရို့အား အကျွန် ဟောပြောပြီးဖြစ်၍ သူရို့သည်လည်း လက်ခံကြပါ၏။ အကျွန်သည် ကိုယ်တော်ထံမှ လာသူဖြစ်ကြောင်းကို သူရို့သည် အမှန်သိကြပါ၏။ အကျွန်သည် ကိုယ်တော်စီရွှတ်သူဖြစ်ကြောင်းကို သူရို့သည် ယုံကြည်ကြပါ၏။ အခန်းကိုကြည့်ပါ။ |
အို အဖ၊ ကိုယ်တော်သည် အကျွန်၌ လည်းကောင်း၊ အကျွန်သည် ကိုယ်တော်၌ လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့အားလုံးသည်လည်း အကျွန်ရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပါစီအကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန့်အား ကိုယ်တော်စီရွှတ်လိုက်ကြောင်းကို လောကသားတိ ယုံကြည်ကြစီရန် ထိုသူရို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စီတော်မူပါ။
ငါရို့သည် ဘုရားသခင်ကို အမြဲတစီ ကျေးဇူးတင်ရခြင်း အကြောင်းမှာ သင်ရို့သည် ငါရို့ပါးက ကြားရသော ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခံယူကြသောအခါ လူ့စကားအဖြစ်မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော် အမှန်ဖြစ်သည်ဟု သင်ရို့သည် လက်ခံကြသောကြောင့် ဖြစ်၏။ အကြောင်းမူကား ထိုနှုတ်ကပတ်တော်သည် ယုံကြည်သော သင်ရို့၏စိတ်နှလုံးထဲ၌ အမှန်ပင် လုပ်ဆောင်လျက်ဟိ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို ဘုရားသခင် နှစ်သက်တော်မူစီရန် မည်သို့ အသက်ရှင်နီထိုင်ရမည်ကို သင်ရို့အား ငါရို့ သွန်သင်ပြီး ဖြစ်၏။ သင်ရို့သည် ငါရို့ သွန်သင်ခသည်အတိုင်း အသက်ရှင်နီထိုင်ကြ၏။ အဂုတွင် ပို၍ ကြိုးစားအားထုတ်ကြရန် ငါရို့သည် အသျှင်ယေသျှု၏ နာမတော်၌ သင်ရို့အား တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
ဤစာအုပ်သည် ယေသျှုခရစ်တော် ဖွင့်ပြတော်မူသည့်အကြောင်းကို မှတ်တမ်းတင်ထားသောစာအုပ် ဖြစ်၏။ မကြာခင် ဖြစ်ပျက်ရမည့် အမှုအရာများကို မိမိ၏အခိုင်းအစီရို့အား သိစီခြင်းငှာ ဘုရားသခင်သည် ကိုယ်တော်အား ဤဗျာဒိတ်တော်ကို ပီးရခြင်း ဖြစ်ပေ၏။ ခရစ်တော်သည် မိမိ၏ အခိုင်းအစီဖြစ်သော ယောဟန်ပါးသို့ မိမိ၏ကောင်းကင်တမန်ကို စီရွှတ်၍ ဤဗျာဒိတ်တော်ကို ဖွင့်ပြတော်မူ၏။