Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 17:22 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

22 ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်း ဖြစ်သကဲ့သို့ သူရို့သည်လည်း တစ်လုံးတစ်ဝတည်း ဖြစ်ကြစီခြင်းငှာ အကျွန်သည် ကိုယ်တော်ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့အား ပီးထားပြီးဖြစ်ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 17:22
23 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်သည် တပည့်တော် တစ်ဆယ့်နှစ်ပါးရို့အား အထံတော်သို့ ခေါ်ပြီးလျှင် နှစ်ယောက်စီတွဲ၍ စီလွှတ်ကာ သူရို့အား ဝိညာဉ်ဆိုးများကို နိုင်ရသောအခွင့်ကိုလည်း ပီးတော်မူ၏။


သင်ရို့သည် နိုင်ငံတော်ထဲတွင် ငါ့စားပွဲဝိုင်း၌ စားသောက်ရကြလိမ့်မည်။ ပြီးလျှင် ပလ္လင်ထက်၌ ထိုင်၍ ဣသရေလလူမျိုး တစ်ဆယ့်နှစ်မျိုးကို အုပ်စိုးရကြလိမ့်မည် ဟု မိန့်တော်မူ၏။”


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ထိုသူသည် ကျေးဇူးတော်နှင့် ပြည့်စုံသည်ဖြစ်၍ ငါရို့အား ကောင်းကြီးတစ်ခုပြီးတစ်ခု ပီးတော်မူ၏။


ငါသည် ခမည်းတော်၌ တည်နိန်သည်ကို လည်းကောင်း၊ သင်ရို့သည် ငါ့၌ တည်နိန်သည်ကို လည်းကောင်း၊ ငါသည်လည်း သင်ရို့၌ တည်နိန်သည်ကို လည်းကောင်း ထိုနိ့ရက်၌ သင်ရို့ သိကြလိမ့်မည်။”


“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။


တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။


ထိုသို့ ခွဲခန့်မှတ်သားထားသော သူတိကို ခေါ်တော်မူ၏။ ထိုသို့ ခေါ်တော်မူသော သူတိကိုလည်း ဖြောင့်မတ်ရာ၌ တည်စီတော်မူ၏။ ထိုသို့ ဖြောင့်မတ်ရာ၌ တည်စီတော်မူသောသူတိအား မိမိ၏ဘုန်းတန်ခိုးတော်ဖြင့် ချီးမြှောက်တော်မူ၏။


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


သို့ဖြစ်၍ ငါရို့သည် ခရစ်တော်၏ သံတမန်ဖြစ်ကြ၍ ဘုရားသခင်သည် ငါရို့အားဖြင့် သင်ရို့ကို တိုက်တွန်းတော်မူ၏။ သင်ရို့သည် ဘုရားသခင်နှင့် ပြန်လည်သင့်မြတ်ကြလော့ဟု ခရစ်တော်၏ကိုယ်စား ငါရို့သည် တောင်းပန်၏။


ငါရို့သည် ဘုရားသခင်၏ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြသည်နှင့်အညီ သင်ရို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသောသူများဖြစ်၍၊ ထိုကျေးဇူးတော်ကို အကျိုးမဲ့ မဖြစ်စီကြရန် သင်ရို့အား တောင်းပန်၏။


သင်ရို့သည်လည်း တမန်တော်ရို့နှင့် ပရောဖက်ရို့မှ ချမှတ်ခသော အုတ်မြစ်ထက်တွင် တည်ဆောက်ခြင်းကိုခံရကြ၍၊ ထိုအဆောက်အဦး၏ အရေးအကြီးဆုံးသော ထောင့်ချုပ်ကျောက်ကား ခရစ်တော်ယေသျှုပင်ဖြစ်၏။


သင်ရို့သည် ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် သာမက ကိုယ်တော့်အဖို့ ဆင်းရဲဒုက္ခကို ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော်ကို ဆောင်ရွက်ရန် အခွင့်ထူးကို ရဟိကြ၏။


အဂုတွင် သင်ရို့အတွက် ငါခံရသော ဒုက္ခဆင်းရဲကြောင့် ငါဝမ်းမြောက်၏။ ခရစ်တော်သည် မိမိကိုယ်ခန္ဓာတည်းဟူသော အသင်းတော်အတွက် ဒုက္ခဆင်းရဲ ခံရရန် ကျန်ခသည့် အရာများကို ငါ၏ကိုယ်ခန္ဓာ၌ ဖြည့်စွက်ပီးလျက်ဟိ၏။


ငါရို့သည် ခမည်းတော်နှင့် လည်းကောင်း၊ သားတော် ယေသျှုခရစ်တော်နှင့် လည်းကောင်း၊ မိတ်ဖွဲ့ရကြသည်ဖြစ်၍ သင်ရို့သည်လည်း ငါရို့နှင့်အတူ ထိုမိတ်ဖွဲ့ခြင်းတွင် ပါဝင်ခွင့်ရကြစီရန် ငါရို့ မြင်ရ၊ ကြားရသည့် အကြောင်းအရာများကို သင်ရို့အား ဖော်ပြ၏။


ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။


ချစ်ခြင်းမေတ္တာသည် ငါရို့၌ ပြည့်စုံစီခြင်းအားဖြင့် တရားစီရင်တော်မူရာနိ့၌ ငါရို့သည် ယုံကြည်စိတ်ချမှု ဟိကြလိမ့်မည်။ အကြောင်းမူကား လောက၌ ငါရို့သည် ခရစ်တော်နည်းတူ အသက်ရှင်ကြသောကြောင့် ဖြစ်၏။


မြို့ရိုးတွင် အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ခုဟိ၏။ ထိုကျောက်များအထက်တွင် သိုးသူငယ်တော်၏ တမန်တော် တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို ရီးထားလျက် ဟိ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ