17 သမ္မာတရားအားဖြင့် သူရို့ကို သန့်ယှင်းစီတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏။
“ဤပုံဥပမာ၏ အနက်အဓိပ္ပာယ်ကား ဤသို့တည်း၊ မျိုးစိ့က ဘုရားသခင်၏ တရားစကားဖြစ်၏။
ကောင်းသောမြီဆီလွှာ၌ ကျသောမျိုးစိ့ကား တရားစကားကို ကြား၍ ဖြောင့်မတ်နာခံတတ်သော နှလုံးသားနှင့် နှုတ်ကပါတ်တရားတော်ကို စွဲမြဲစွာ ခံယူပြီးလျှင် သည်းခံသောအားဖြင့် အသီးသီးသောသူကို ဆိုလိုသတည်း။”
ငါသည် သင်ရို့ကို ငါ၏ နှုတ်ကပတ်တော်ဖြင့် သန့်ယှင်းထားပြီးဖြစ်၏။
သူရို့သည် အမှန် သန့်ယှင်းစင်ကြယ်စီခြင်းအလို့ငှာ အကျွန်သည် သူရို့အတွက် ကိုယ့်ကိုယ်ကို သန့်ယှင်းစင်ကြယ်ပါ၏။
သင်ရို့သည် သမ္မာတရားကို သိပြီးလျှင် ထိုသမ္မာတရားက သင်ရို့အား လွတ်မြောက်စီလိမ့်မည်” ဟု မိန့်တော်မူ၏။
ဘုရားသခင်ထံပါးက ကြားနာရသမျှသော သမ္မာတရားကို သင်ရို့အား ဟောပြောသော ငါ့ကို သတ်ရန် သင်ရို့က ကြံစည်နိန်ကြ၏။ အာဗြဟံကား ဤသို့ မကျင့်ခ။
ကိုယ်တော်သည် သူရို့နှင့် ငါရို့ကို ခွဲခြားထားသည်မဟုတ်။ အကြောင်းမူကား သူရို့သည် ယုံကြည်ကြသောကြောင့် ကိုယ်တော်သည် သူရို့၏အပြစ်ကို လွှတ်တော်မူ၏။
ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။
သင်ရို့သည် ထိုအသျှင်၏ အကြောင်းကို သေချာစွာကြားနာ ရကြပြီး၊ ထိုအသျှင်၏ တပည့်တိအဖြစ်ဖြင့် ယေသျှုထံ၌ သမ္မာတရားတော်အကြောင်းကို သင်ယူခကြ၏။
ကိုယ်တော်သည် ဤသို့ မိမိအသက်ကို စွန့်တော်မူသည်မှာ ထိုအသင်းတော်ကို ရီ၌ ဆီးကြောခြင်းဖြင့် သန့်ယှင်းစီပြီးမှ နှုတ်ကပတ်တော်ဖြင့် ဘုရားသခင်အား ဆက်ကပ်တော်မူ၏။
သခင်ဘုရား ချစ်တော်မူသော ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် သင်ရို့အတွက် အစဉ်မပြတ် ဘုရားသခင်ကို ချီးမွမ်းကြရ၏။ အကြောင်းမူကား ဝိညာဉ်တော်၏ တန်ခိုးအားဖြင့် သန့်ယှင်းခြင်းကို ခံရ၍ သမ္မာတရား၌ ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရဟိရန်အတွက် ဘုရားသခင်သည် သင်ရို့အား ဦးစွာပထမ ရွီးကောက်တော်မူ၏။
ထို့ကြောင့် ညစ်ညူးသောအကျင့်များနှင့် မကောင်းသောအမှု မှန်သမျှကို ဖယ်ယှား၍ သင်ရို့အထဲ၌ ထည့်သွင်းသော နှုတ်ကပတ်တော်ကို နူးညံ့သိမ်မွိ့သော စိတ်ဖြင့် ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်ရို့ကို ကယ်တင်နိုင်၏။