ယောဟန် 17:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား11 အကျွန်သည် ကိုယ်တော်ထံသို့ လာနိန်ပြီဖြစ်သဖြင့် လောကထဲ၌ မဟိယာ။ သို့ရာတွင် သူရို့မူကား လောက၌ ကျန်နိန်ခကြ၏။ မြင့်မြတ်သန့်ယှင်းတော်မူသောအဖ၊ ကိုယ်တော်နှင့် အကျွန်သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့ကိုလည်း တစ်လုံးတစ်ဝတည်း ဖြစ်စီခြင်းငှာ အကျွန်အား စောင့်ရှောက်တော်မူသော ကိုယ်တော်၏နာမတော် တန်ခိုးဖြင့် သူရို့ကို စောင့်ရှောက်တော်မူပါ။ အခန်းကိုကြည့်ပါ။ |
သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။
အို ဘုရားသခင်၊ ကိုယ်တော်အား မကြောက်ရွံ့ မရိုသီ၊ မချီးမွမ်းဘဲ ဇာသူနိန်နိုင်ပါမည်နည်း။ ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ယှင်းမြင့်မြတ်တော်မူပါ၏။ ကိုယ်တော်ပြုတော်မူသော အမှုများသည် ဖြောင့်မတ်မှန်ကန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် လူမျိုးတကာရို့သည် ရှိ့တော်သို့ လာ၍ ပျပ်ဝပ်လျက် ချီးမွမ်းကိုးကွယ်ကြပါလိမ့်မည်” ဟူ၍ ဖြစ်၏။
ထိုသတ္တဝါ လေးပါးစလုံးတွင် အတောင်ခြောက်ခုစီ ဟိကြ၏။ သူရို့၏ကိုယ် အတွင်းအပြင်၌ မျက်စိများနှင့် ပြည့်နှက်လျက် ဟိကြ၏။ သူရို့သည် နိ့နှင့်ညပါ မနားဘဲ၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်သည် သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏၊ သန့်ယှင်းတော်မူ၏။ ကိုယ်တော်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလအစဉ် ဟိနိန်တော်မူ၏” ဟု မြွက်ဆိုကြ၏။