9 သူရို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်နှင့်ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။
ယုံကြည်၍ ဗတ္တိဇံမင်္ဂလာကို ခံယူသောသူတိုင်း ကယ်တင်တော်မူခြင်းကို ခံရမည်။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရမည်။
ထိုအသျှင် ရောက်လာသောအခါ အပြစ်တရားကို ပြုလျက် ဟိနိန်ကြကြောင်းကို လည်းကောင်း၊ ဖြောင့်မတ်ခြင်းအကြောင်းကို လည်းကောင်း၊ ဘုရားသခင်၏ တရားစီရင်ခြင်းအကြောင်းကို လည်းကောင်း ထိုလောကီသားတိကို ဖော်ပြလိမ့်မည်။
ယခင်က ငါသည် ပညတ်တရားမဟိဘဲ အသက်ရှင်ခ၏။ သို့ရာတွင် ပညတ်တော်သည် ရောက်လာသောအခါ အပြစ်တရားသည် အသက်ရှင်လာသဖြင့် ငါသည် သီရလေ၏။
ငါသည် အယင်က ကိုယ်တော့်ကို ကဲ့ရဲ့ပြောဆိုခသူ၊ ညှည်းပန်းနှိပ်စက်ခသူ၊ စော်ကားခသူ တစ်ယောက် ဖြစ်သော်လည်း ကိုယ်တော့်ကို မယုံကြည်သဖြင့် မိမိလုပ်နိန်သည့် အလုပ်ကို မိမိကိုယ်တိုင် မသိသည်ဖြစ်၍ ထိုသို့ ပြုမူလျက်ပင် ဘုရားသခင်သည် ငါ့ကို သနားတော်မူ၏။
ငါ၏ညီအစ်ကို မောင်နှမရို့ အလွန်ဆိုးယုတ်ပြီး ယုံကြည်မှုကင်းမဲ့သည့် စိတ်နှလုံးဟိသောသူသည် အသက်ရှင်တော်မူသော ဘုရားသခင်မှ ဝီးကွာလားတတ်၏။ ထိုသို့သောသူ တစ်ဦးတစ်ယောက်မျှ သင်ရို့၌ မဟိစီခြင်းငှာ သတိထားကြလော့။