Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 16:33 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

33 သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 16:33
46 ပူးပေါင်းရင်းမြစ်များ  

လူတချို့သည် ခြီ၊ လက်သီနိန်၍ အိပ်ရာထက်၌ တုံးလုံးလှဲနိန်သောသူတစ်ယောက်ကို အထံတော်သို့ ထမ်းယူလာကြ၏။ ယေသျှုသည် ထိုသူရို့၏ကြီးမားသော ယုံကြည်ခြင်းကို မြင်သောအခါ ခြီ၊ လက်သီနိန်သူအား “ငါ့သား၊ မစိုးရိမ်ကေ့၊ သင်၏အပြစ်အားလုံးကို ခွင့်ရွှတ်ပြီးယာ” ဟု မိန့်တော်မူ၏။


“ထာဝရဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော ဘုရင်သည် မင်္ဂလာဟိစီသတည်း။ ကောင်းကင်ဘုံ၌ ငြိမ်သက်ခြင်း ဟိစီသတည်း။ ဘုရားသခင်သည် ဘုန်းကြီးတော်မူစီသတည်း” ဟု ကြွေးကြော်ကြ၏။


“အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဟိတော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစီသောဝ်။ မြီကြီးထက်မှာလည်း ကိုယ်တော် နှစ်သက်တော်မူသော လူအပေါင်းရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု ဘုရားသခင်ကို ချီးမွမ်းမြွတ်ဆိုကြ၏။


ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။


ယေသျှုက “သင်ရို့ စိတ်ပူပန်ခြင်း မဟိကတ်ကေ့။ ဘုရားသခင်ကို ယုံကြည်ပါ။ ငါ့ကိုလည်း ယုံကြည်ပါ။


“ငြိမ်သက်ခြင်းကို သင်ရို့နှင့်အတူ ငါထားခ၏။ ငါ၏ငြိမ်သက်ခြင်းကိုလည်း သင်ရို့ကို ငါပီး၏။ လောကသားတိ ပီးသကဲ့သို့ ငါပီးသည်မဟုတ်။ သင်ရို့ စိတ်မပူပန်ခြင်း၊ စိုးရိမ်ခြင်း မဟိကတ်ကေ့။


ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။


သူရို့သည် ယုံကြည်သူများကို စစ်မှန်သောယုံကြည်ခြင်း၌ တည်ကြည်စီရန် အားပီး တိုက်တွန်းနှိုးဆော်ကြ၏။ “ဘုရားသခင်၏နိုင်ငံတော်သို့ ဝင်ရောက်ခြင်းငှာ ငါရို့သည် များစွာသော ဆင်းရဲဒုက္ခတိကို ကျော်ဖြတ်ကြရမည်” ဟု သွန်သင်ကြ၏။


ထိုည၌ သခင်ဘုရားသည် ပေါလု၏အနား၌ ရပ်လျက်၊ “မကြောက်ကေ့၊ သင်သည် ဤယေရုဆလင်မြို့၌ ငါ၏အကြောင်းကို သက်သီခံသည့်နည်းတူ၊ ရောမမြို့၌လည်း သက်သီခံရလိမ့်မည်” ဟု မိန့်တော်မူ၏။


သို့သော် ယခုမူကား အားတင်းထားကြလော။ သင်္ဘော ပျက်စီးခြင်းမှတစ်ပါး သင်ရို့အထဲတွင် တစ်ယောက်မျှ အသက်ဆုံးယှုံးရမည် မဟုတ်။


ထို့ကြောင့် အချင်းလူရို့၊ အားတင်းထားကြလော။ ငါသည် ဘုရားသခင်ကို ယုံကြည်သောသူဖြစ်သောကြောင့် ငါ့ကို ကောင်းကင်တမန် ဖော်ပြခသည့်အတိုင်း ဖြစ်လာလိမ့်မည်။


ထို့ကြောင့် ထိုကာလတွင် ယုဒပြည်၊ ဂါလိလဲပြည်နှင့် ယှာမာရိပြည် အရပ်ရပ်၌ အသင်းတော်သည် ငြိမ်ဝပ်စွာနိန်ရလေ၏။ အသင်းတော်သည် သခင်ဘုရားအား ကြောက်ရွံ့ရိုသီသော စိတ်နှင့် လည်းကောင်း၊ သန့်ယှင်းသောဝိညာဉ်တော်၏ အားပီးတိုက်တွန်းအားဖြင့် လည်းကောင်း အသက်ရှင် နီထိုင်ကြသောကြောင့် အရီအတွက် တိုးပွားများပြား လာလေ၏။


ကရုဏာတော်၏ အဖ၊ နှစ်သိမ့်ခြင်း အလုံးစုံတိကို ပီးတော်မူသော ဘုရားသခင်၊ အသျှင်ယေသျှုခရစ်တော်၏ ခမည်းတော်ကို ငါရို့ ချီးမွမ်းကြကုန်အံ့။


ညီအစ်ကိုမောင်နှမရို့၊ ဝမ်းမြောက်ကြလော့။ ပြည့်စုံစီရန်အတွက် ကြိုးစားအားထုတ်လော့။ ငါ၏ တိုက်တွန်းချက်ကို နားထောင်ကြလော့။ အချင်းချင်း စိတ်သဘောတူညီလျက် သင့်မြတ်စွာ နီထိုင်ကြလော့။ သို့ပြုလျှင် ဘုရားသခင်၏ မေတ္တာတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့နှင့်အတူ ဟိတော်မူလိမ့်မည်။


သို့ရာတွင် ငါရို့ကို ခရစ်တော်၌ အစဉ်မပြတ် အောင်ပွဲခံစီ၍ ကိုယ်တော့်ကို သိသောဉာဏ်၏ မွှီးကြိုင်သောရနံ့ကို နီရာတိုင်း၌ ငါရို့အားဖြင့် ပြန့်နှံ့စီတော်မူသော ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


သို့သော် အလွန်ထူးမြတ်သော တန်ခိုးသည် ငါရို့ပါးက မဟုတ်ဘဲ ဘုရားသခင်ထံမှ ဖြစ်ကြောင်းကို ထင်ရှားစီရန် မြီအိုးထဲ၌ ထည့်ထားသော ဤဝိညာဉ်ဘဏ္ဍာသည် ငါရို့၌ ဟိ၏။


ငါရို့သည် ထိုသို့ပြုမည့်အစား ဆင်းရဲဒုက္ခများ၊ ပူပင်သောကများ၊ အခက်အခဲများကို အလွန် စိတ်ရှည်သည်းခံလျက် အရာရာတိုင်းတွင် ဘုရားသခင်၏ အခိုင်းအစီများဖြစ်ကြောင်း ထင်ရှားစီကြ၏။


ငါသည် သင်ရို့အား ယုံကြည်စိတ်ချ၍ သင်ရို့အတွက် များစွာဂုဏ်ယူ၏။ ဆင်းရဲဒုက္ခအားလုံးကို ငါရို့ ခံစားရသောအခါ သင်ရို့သည် ငါအား အလွန် နှစ်သိမ့်စီခသောကြောင့် ဝမ်းမြောက်ခြင်းနှင့်လည်း ပြည့်ဝလျက်ဟိ၏။


ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


ငါ့အတွက်မူကား ငါရို့အသျှင် ယေသျှုခရစ်တော်၏ လက်ဝါးကပ်တိုင်တော်မှတစ်ပါး အခြား မည်သည့်အရာအတွက်နှင့်မျှ ဝါကြွားစရာမဟိ။ ထို​လက်​ဝါး​ကပ်​တိုင်၌ ဤ​လော​က​သည် ငါ့​အ​ဖို့ ရိုက်​ထား​ခြင်း​ကို ခံ​လျက်​ဟိ၏။ ငါ​သည်​လည်း ဤ​လော​က​အ​ဖို့ ရိုက်​ထား​ခြင်း​ကို​ခံ​လျက် ဟိ၏။


ထိုသို့ပြုလျှင် လူ့ဉာဏ်ဖြင့် ကြံစည်၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့၏ စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင်မလိမ့်မည်။


သို့ဖြစ်၍ ဘုရားသခင်သည် သားတော်အားဖြင့် စကြဝဠာတစ်ခုလုံးကို မိမိထံသို့ ပြန်လာစီရန် အလိုတော် ဟိတော်မူ၏။ ထို့ကြောင့် လက်ဝါးကပ်တိုင်ထက်၌ သွန်းသော သားတော်၏ အသွီးတော် အားဖြင့် ရန်ကိုငြိမ်းစီတော်မူ၍ ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသမျှသော အရာတိအား မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။


သင်ရို့နှင့်အတူ ဟိစဉ်အခါက ညှည်းပန်းနှိပ်စက်ခြင်း ခံရမည်ကို ကြိုတင်၍ ငါရို့ ပြောခပြီး ဖြစ်၏။ ငါရို့ ပြောခသည့်အတိုင်း ဖြစ်လာသည်ကိုလည်း သင်ရို့သိကြ၏။


သို့ဖြစ်၍ ညီအစ်ကိုမောင်နှမရို့၊ ငါရို့သည် အရာရာ၌ အခက်အခဲနှင့် ဆင်းရဲဒုက္ခခံရသော်လည်း သင်ရို့၏ ယုံကြည်ခြင်းကြောင့် နှစ်သိမ့်မှုကို ခံစားရကြ၏။


ငြိမ်သက်ခြင်း၏အသျှင် သခင်ဘုရား ကိုယ်တော်တိုင် မည်သည့်အခြေအနေ၌မဆို သင်ရို့အား ငြိမ်သက်ခြင်းကို အစဉ်မပြတ် ပီးသနားတော် မူပါစီသောဝ်။ သခင်ဘုရားသည် သင်ရို့အားလုံးနှင့်အတူ ဟိတော်မူပါစီသောဝ်။


အမှန်စင်စစ် ခရစ်တော်ယေသျှု၌ တည်လျက် ဘုရားဝတ်၌ မွိ့လျော်ခြင်းအသက်တာကို လိုလားတောင့်တသော သူတိုင်းသည် ညှည်းပန်းနှိပ်စက်ခြင်းကို ခံရလိမ့်မည်။


အပြစ်တရား၌ တဒင်္ဂပျော်ရွှင်မှုကိုသာ ခံစားရခြင်းထက် ဘုရားသခင်၏လူတိနှင့်အတူ ဆင်းရဲဒုက္ခခံရခြင်းကိုသာ ရွီးချယ်ခ၏။


ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။


သင်ရို့၏ ယုံကြည်ခြင်း၌ ခိုင်ခံ့စွာရပ်တည်လျက် မာရ်နတ်ကို ဆီးတားကြလော့။ ဇာကြောင့်ဆိုသော် သင်ရို့ သိကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟိကြသော သင်ရို့၏ ညီအစ်ကိုများသည်လည်း ဤသို့သော ဆင်းရဲဒုက္ခနှင့် ကြုံတွိ့နိန်သောကြောင့်ဖြစ်၏။


ဖခင်ရို့၊ သင်ရို့သည် အစအဦးကပင် ဟိတော်မူသောအသျှင်ကို သိသောသူများဖြစ်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။ အပျိုလူပျိုရို့၊ သင်ရို့သည် မာရ်နတ်ကို အောင်နိုင်သောကြောင့် သင်ရို့ပါးသို့ ငါစာရီးလိုက်၏။


သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။


အကြောင်းမူကား ဘုရားသခင်၏ သားသမီးရို့သည် လောကကို အောင်နိုင်၏။ ထိုသို့ လောကကို အောင်ခြင်းမှာ ငါရို့၏ ယုံကြည်ခြင်းအားဖြင့် ဖြစ်၏။


ထိုသူရို့သည် သိုးသူငယ်တော်၏ အသွီးအားဖြင့် လည်းကောင်း၊ မိမိရို့ဟောပြောကြေညာသည့် နှုတ်ကပတ်တရားတော်အားဖြင့် လည်းကောင်း စာတန်မာရ်နတ်ကို အောင်မြင်ခကြ၏။ သူရို့သည် အသီခံသည့်တိုင်အောင် မိမိရို့အသက်ကို မနှမြိုးကြပေ။


ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။


ငါက “အကျွန် မသိပါ ဆရာ။ သင်သာ သိပါ၏” ဟု ပြန်၍ ဖြေ၏။ ထိုသူက “သူရို့သည် ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသောသူများဖြစ်၏။ သူရို့သည် မိမိရို့ ဝတ်လုံများကို သိုးသူငယ်တော်၏ သွီးဖြင့် ဖြူစင်အောင် ဖွပ်ခပြီးယာ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ