26 ထိုနိ့ရောက်လာသောအခါ သင်ရို့သည် ငါ့နာမ၌ ခမည်းတော်ထံသို့ တောင်းလျှောက်ကြလိမ့်မည်။ သင်ရို့ကိုယ်စား ခမည်းတော်ထံပါး၌ ငါတောင်းပီးမည်ဟု သင်ရို့ကို ငါပြောသည် မဟုတ်။
ငါသည် ခမည်းတော်ကို တောင်းလျှောက်လျှင် သင်ရို့နှင့်အတူ အစဉ်မပြတ်ဟိ၍ သင်ရို့ကို မစတော်မူရန် အခြားတစ်ပါးသော ကူညီမစသောသူကို ပီးတော်မူလိမ့်မည်။
ငါသည် ခမည်းတော်၌ တည်နိန်သည်ကို လည်းကောင်း၊ သင်ရို့သည် ငါ့၌ တည်နိန်သည်ကို လည်းကောင်း၊ ငါသည်လည်း သင်ရို့၌ တည်နိန်သည်ကို လည်းကောင်း ထိုနိ့ရက်၌ သင်ရို့ သိကြလိမ့်မည်။”
ယေသျှုက တပည့်တော်ရို့သည် ဤအကြောင်းကို မိန်းမြန်းလိုကြသည်ကို သိတော်မူသည်ဖြစ်၍ “‘တအောင့်ကြာလျှင် သင်ရို့သည် ငါ့ကို မြင်တွိ့ရကြလိမ့်မည်မဟုတ်။ တအောင့်ကြာပြီးမှ သင်ရို့သည် ငါ့ကို ပြန်၍ မြင်တွိ့ကြရလိမ့်မည်’ ဟု ငါပြောခသည်ကို သင်ရို့သည် အချင်းချင်း မိန်းမြန်းနိန်ကြသည်မဟုတ်လောဟု သူရို့အား မိန်းတော်မူ၏။
“ထို နိ့ရောက်လာသောခါ သင်ရို့သည် ငါ၌ တောင်းလျှောက်ရန် မလိုယာ။ ငါ အမှန်ဆိုသည်ကား ငါ၏နာမ၌ သင်ရို့တောင်းသမျှကို ခမည်းတော်သည် သင်ရို့အား ပီးတော်မူလိမ့်မည်။
ကိုယ်တော်သည် အရာခပ်သိမ်းကို သိမြင်တော်မူကြောင်းကို လည်းကောင်း၊ မည်သူမျှ ကိုယ်တော့်ကို မိန်းလျှောက်ရန် မလိုအပ်ကြောင်းကို လည်းကောင်း အကျွန်ရို့သည် ယခု သိကြပါ၏။ ဤအကြောင်းကို ထောက်၍ ကိုယ်တော်သည် ဘုရားသခင်ထံပါးမှ ဆင်းလာသည်ကို အကျွန်ရို့သည် ယုံကြည်ကြပါ၏” ဟု လျှောက်ကြ၏။
သူရို့သည် အမှန် သန့်ယှင်းစင်ကြယ်စီခြင်းအလို့ငှာ အကျွန်သည် သူရို့အတွက် ကိုယ့်ကိုယ်ကို သန့်ယှင်းစင်ကြယ်ပါ၏။
“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။
“သူရို့အတွက် အကျွန် ဆုတောင်းပါ၏။ လောကသားတိအတွက် ဆုတောင်းသည်မဟုတ်။ ကိုယ်တော်က အကျွန်အား ပီးအပ်ထားသော ကိုယ်တော်ပိုင်သောသူရို့အတွက် အကျွန် ဆုတောင်းပါ၏။
အပြစ်စီရင်သောသူကား ဇာသူလဲ။ ငါရို့အတွက် အသီခံပီးသည်သာမက သီခြင်းက ထမြောက်၍ ဘုရားသခင်၏ လက်ယာဖက်မှာ နီတော်မူလျက်၊ ငါရို့ အတွက် ဆုတောင်းပီးနိန်သောသူကား ခရစ်တော်ယေသျှုပင် မဟုတ်ပါလား။