Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 16:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

11 ဤလောကကို အုပ်စိုးသောသူသည် တရားစီရင်ခြင်းကို ခံရသောကြောင့် သူရို့သည် တရားစီရင်ခြင်းအကြောင်းနှင့် ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 16:11
34 ပူးပေါင်းရင်းမြစ်များ  

“ဤသူကား ငါ ရွီးချယ်ထားသော ငါ၏ကျွန် ဖြစ်၏။ ဤသူသည် ငါ့ကို ရွှင်လန်းစီ၍ ငါချစ်ရသောသူ ဖြစ်၏။ ငါ၏ဝိညာဉ်ကို သူ၌ တည်စီမည်။ သူသည် လူအမျိုးမျိုးတိအား ငါ၏တရားစီရင်ခြင်းအကြောင်းကို ဟောပြောလိမ့်မည်။


“သို့ရာတွင် သင်ရို့ကို ငါဆိုသည်ကား တရားစီရင်သည့်နိ့ရက်၌ လူတိုင်းသည် မိမိပြောသမျှသော အကျိုးမဟိသည့်စကားအတွက် ပီးဆပ်ကြရလိမ့်မည်။


ယေသျှုကလည်း “ကောင်းကင်က လျှပ်စစ်ကျသကဲ့သို့ စာတန် ကျလာစွာကို ငါ မြင်ရ၏။


ဤလောကသည် အဂုပင် တရားစီရင်ခြင်းကို ခံရမည့်အချိန် ဖြစ်၏။ ဤလောကကို အုပ်ချုပ်သူကလည်း အဂုပင် အပြင်သို့ နှင်ထုတ်ခြင်းကို ခံရ၏။


လောကကို အုပ်ချုပ်သူသည် လာနိန်သောကြောင့် ငါသည် သင်ရို့နှင့် အချိန်အကြာကြီး စကားမပြောနိုင်ယာ။ သူသည် ငါ့ကို မည်သို့မျှ မပြုနိုင်။


“ငါသည် သင်ရို့အား ပြောစရာအများကြီး ဟိသော်လည်း သင်ရို့သည် အဂုအခါ မှတ်ယူနိုင်ကြလိမ့်မည် မဟုတ်ပေ။


ထို့အပြင် ထိုအသျှင်က ငါရို့အား လူတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာ လည်းကောင်း၊ သူသည် အသက်ရှင်သောသူ၊ သီသောသူတိကို တရားစီရင်ခြင်းငှာ ဘုရားသခင် ဘိသိက်ပီးထားသော အသျှင်တစ်ပါး ဖြစ်ကြောင်းကို သက်သီခံခြင်းငှာလည်းကောင်း မိန့်မှာတော်မူခ၏။


သို့သော် ပေါလုသည် ကောင်းမြတ်ခြင်းတရားကို လည်းကောင်း၊ ကာမဂုဏ်ချုပ်တည်းခြင်းတရားကို လည်းကောင်း၊ နောင်ဖြစ်လာမည့် တရားစီရင်ရာနိ့ အကြောင်းကို လည်းကောင်း ဟောပြောရာတွင်၊ ဖေလဇ်မင်းသည် ကြောက်လန့်ခြင်းသို့ ရောက်၍ ပေါလုအား “အဂု သင်လားလော့၊ ငါ အဆင်ပြေသောအခါ ပြန်ခေါ်လိုက်မည်” ဟု ဆိုလေ၏။


သင်သည် တခြားလူမျိုးရို့၏မျက်စိကို ဖွင့်ပီး၍ ထိုသူရို့ကို မှောင်မိုက်ထဲမှ အလင်းတော်သို့ ကူးပြောင်းစီကာ စာတန်မာရ်နတ်၏တန်ခိုးအာဏာစက်မှ ဘုရားသခင်၏ အာဏာစက်သို့ ကူးပြောင်းစီရမည်။ အကြောင်းမူကား သူရို့သည် ငါ့ကို ယုံကြည်ခြင်းအားဖြင့် သူရို့၌ ဟိသမျှသောအပြစ်မှ ခွင့်ရွှတ်ခြင်းကို ရပြီးလျှင်၊ ဘုရားသခင် ရွီးချယ်ထားသောလူစု၌ နီရာကျစီရန်ဖြစ်၏’ ဟု ဆိုလေ၏။


မကြာခင်မှာ ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည် စာတန်မာရ်နတ်အား သင်ရို့၏ခြီဖဝါး အောက်၌ နင်းကြိတ်တော်မူလိမ့်မည်။ ငါရို့အသျှင် ယေသျှုခရစ်၏ကျေးဇူးတော်သည် သင်ရို့၌ ဟိပါစီသောဝ်။


သို့ဖြစ်၍ ငါဟောပြောသော သတင်းကောင်းတရားသည်ကား ဘုရားသခင်သည် လူတိစိတ်နှလုံးထဲ၌ လျှို့ဝှက်ထားသမျှသောအကြံအစည်များကို ယေသျှုခရစ်တော်အားဖြင့် တရားစီရင်မည့်နိ့ရက်၌ ဇာပိုင်ဖြစ်လာမည်ကို ဟောပြောခြင်းဖြစ်၏။


သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကို လည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


ထိုကာလ၌ သင်ရို့သည် လောက၏ဆိုးညစ်သော လမ်းသို့ လိုက်ခကြ၏။ သင်ရို့သည် အာကာသကောင်းကင်၌ဟိသော ဝိညာဉ်တန်ခိုးများကို အစိုးရသောသူကို နာခံသောသူများဖြစ်ပြီး၊ ထိုသူသည်ကား အဂုအခါ ဘုရားသခင်၏ အလိုကို မနာခံသောသူရို့၌ လုပ်ဆောင်နိန်သောသူဖြစ်၏။


ထိုလက်ဝါးကပ်တိုင်တွင် ခရစ်တော်သည် ဝိညာဉ်ပိုင်းဆိုင်ရာ တန်ခိုးသျှင်များနှင့် အာဏာပိုင်ရို့၏ တန်ခိုးအာဏာစက်များမှ လွတ်မြောက်တော်မူပြီးနောက် အောင်ပွဲခံကာ လူအပေါင်းရို့ရှိ့၌ ထိုသူရို့ကို အရှက်ရစီတော်မူ၏။


အသျှင်ယေသျှုက သားသမီးတိဟု ခေါ်သော သူရို့သည် အသွီးအသားနှင့် တည်ဆောက်ထားသော လူသားတိဖြစ်သောကြောင့် ယေသျှုကိုယ်တိုင် ထိုသူရို့ကဲ့သို့ လူ့ဇာတိကို ခံယူတော်မူခ၏။ ထိုသို့ပြုခြင်းမှာ သီခြင်းတရားကို အစိုးရသောသူတည်းဟူသော မာရ်နတ်အား မိမိ၏အသီခံခြင်းအားဖြင့် ဖျက်ဆီးပစ်ရန် ဖြစ်၏။


ဗတ္တိဇံတရား ကို သွန်သင်ခြင်း၊ လက်တင်ဆုတောင်းပီးခြင်း၊ သီခြင်းမှ ထမြောက်ခြင်းနှင့် ထာဝရ တရားစီရင်ခြင်း စသည့် အခြေခံတရားများကို ငါရို့သည် တဖန်ပြန်၍ မသင်အပ်ယာ။


လူသည် တစ်ခါတည်းသာ သီဆုံး၍၊ တရားစီရင်ခြင်းကို ခံရသကဲ့သို့


သို့သော်လည်း ဘုရားသခင်သည် အဂုဟိသော မိုးကောင်းကင်နှင့် မြီကြီးကို မီးအားဖြင့် ဖျက်ဆီးသည့် နိ့တိုင်အောင် ဘုရားသခင်၏ အမိန့်တော်အားဖြင့် ဆက်လက် တည်စီတော်မူပေ၏။ ဘုရားတရားမဲ့သော သူရို့အား တရားစီရင်၍ ဖျက်ဆီးခြင်းကို ခံရမည့်နိ့တိုင်အောင် ထိုအရာများကို ထိန်းသိမ်းလျက်ဟိ၏။


မာရ်နတ်သည် အစကတည်းကပင် အပြစ်ပြုသောသူ ဖြစ်သောကြောင့် အပြစ်ကိုပြုသောသူသည် မာရ်နတ်နှင့် သက်ဆိုင်သောသူ ဖြစ်၏။ ဘုရားသခင်၏သားတော် ပေါ်ထွန်းတော်မူရသည့် အကြောင်းမှာ မာရ်နတ်ပြုခသည့်အမှုကို ဖျက်ဆီးခြင်းငှာ ဖြစ်၏။


ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်စီး၍ ကြွလာတော်မူလိမ့်မည်။ ကိုယ်တော်အား လှံဖြင့် ထိုးခသော သူတိပါမကျန် လူအပေါင်းရို့သည် ကိုယ်တော့်ကို မြင်ကြရလိမ့်မည်။ မြီကြီး၌ ဟိသော လူအပေါင်းရို့သည် ကိုယ်တော်ကြောင့် ရင်စည်တီးလျက် ငိုကြွီးကြလိမ့်မည်။ ထိုသို့ ဖြစ်ပါစီသောဝ်၊ အာမင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ