8 သင်ရို့သည် များစွာသောအသီးကို သီးခြင်းအားဖြင့် ငါ့ခမည်းတော်၏ ဘုန်းတော်ကို ထင်ရှားသောသူများ ဖြစ်ကြ၏။ ထိုသို့အားဖြင့် သင်ရို့သည် ငါ့တပည့် အမှန် ဖြစ်ကြ၏။
ထိုနည်းတူ လူတိုင်းသည် သင်ရို့ပြုသော ကောင်းသောအကျင့်တိကို မြင်၍ ကောင်းကင်ဘုံ၌ ဟိတော်မူသော သင်ရို့အဖကို ချီးမွမ်းစီခြင်းငှာ သင်ရို့၏အလင်းကို လူတိရှိ့မှာ လင်းကြလော့။
သို့ရာတွင် အဂု သင်ရို့ကို ငါ ပြောလိုသည်ကား၊ ရန်သူကို ချစ်ကတ်ပါ။ သင်ရို့ကို ညှည်းပန်းနှိပ်စက်သော သူတိအတွက် ဆုတောင်းပီးကတ်ပါ။
လူတိက ဤအရာကို မြင်ကြသောခါ အလွန်ကြောက်ရွံ့ကြ၏။ ဤသို့သော အခွင့်အာဏာကို လူတိအား ပီးတော်မူသော ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ထိုသို့မဟုတ်၊ သင်ရို့၏ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစ်စုံတစ်ခုပြန်ရဖို့ကို မမျှော်လင့်ဘဲ ချီးငှားကြလော့။ ထိုသို့ဆိုလျှင် သင်ရို့သည် ကြီးမြတ်သောဆုကို ရရုံသာမက အမြင့်ဆုံးသော ဘုရား၏သား ဖြစ်လိမ့်မည်။ ထိုအသျှင်သည် ကျေးဇူးမသိတတ်သောသူ၊ ဆိုးမိုက်သောသူရို့ကို ကျေးဇူးပြုတော်မူ၏။
သင်ရို့ အချင်းချင်းချစ်ကြလျှင် လူတိုင်းက သင်ရို့သည် ငါ့တပည့်တိဖြစ်ကြောင်း သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။
“ငါသည် စပျစ်ပင် ဖြစ်၏။ သင်ရို့သည်ကား အကိုင်းအခက်တိ ဖြစ်ကြ၏။ သင်ရို့သည် ငါ၌ တည်၍ ငါသည် သင်ရို့၌ တည်လျှင် များစွာသော အသီးကို သီးကြလိမ့်မည်။ သင်ရို့သည် ငါနှင့်ကွာလျှင် ဇာတစ်ခုကိုမျှ မလုပ်နိုင်ကြပေ။
ယေသျှုသည် ယုဒ ယုံကြည်သူရို့အား “သင်ရို့သည် ငါဟောပြောသော သွန်သင်ချက်အတိုင်း နာခံလိုက်လျှောက်လျှင် ငါ့တပည့် အမှန်ဖြစ်ကြ၏။
သင်ရို့သည် စားသည်ဖြစ်စီ၊ သောက်သည် ဖြစ်စီ၊ ဇာအမှုအရာကို ပြုသည်ဖြစ်စီ ဘုရားသခင်၏ ဘုန်းတော်အဖို့ ပြုကြလော့။
ကိုယ်တော်သည် သင်ရို့အား အဖိုးအခဖြင့် ဝယ်ထားတော်မူ၏။ ထို့ကြောင့် သင်ရို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်၏ဘုန်းတော် အဖို့ အသုံးပြုကြလော့။
ထို့နောက် ဘုရားသခင်၏ ဘုန်းတော် ထွန်းတောက်စီရန်နှင့် ချီးမွမ်းကြစီရန် ယေသျှုခရစ်တော်အားဖြင့်သာ ဖြောင့်မတ်ခြင်းအသီးနှင့် ပြည့်စုံလိမ့်မည်။
မိမိရို့သခင်ပါးက ခိုးယူခြင်းကို မပြုဘဲ၊ အစဉ် ကောင်းမြတ်၍ သစ္စာဟိကြောင်းကို ပြသကြရန် သွန်သင်လော့။ ထိုသို့ပြုခြင်းဖြင့် သူရို့သည် အရာရာ၌ ငါရို့၏ ကယ်တင်သျှင် ဘုရားသခင်အကြောင်း သွန်သင်ချက်ကို ပို၍ ယုံကြည်လက်ခံလာကြလိမ့်မည်။
ဣန္ဒြေစောင့်သောသူ၊ စင်ကြယ်သောသူ၊ အိမ်မှုကိစ္စများကို ဆောင်ရွက်သောသူ၊ ကြင်နာတတ်သောသူ၊ မိမိလင်ယောက်ျားရို့ကို နာခံတတ်သည့် ကောင်းမြတ်သော အိမ်သျှင်မတိ ဖြစ်လာကြစီရန် သွန်သင်နိုင်ကြမည် ဖြစ်သည့်အပြင် ဘုရားသခင်၏နှုတ်ကပတ်တော်ကိုလည်း ကဲ့ရဲ့ပြောဆိုခြင်းမှ ကင်းလွတ်ကြပေလိမ့်မည်။
သာသနာပလူရို့သည် သင်ရို့အား မကောင်းမှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက် နိန်ကြစဉ် သင်ရို့၏ ကောင်းသောအကျင့်များကို မြင်သဖြင့် သခင်ဘုရား ကြွလာတော်မူသောနိ့၌ ဘုရားသခင်အား ချီးမွမ်းကြစီရန် သင်ရို့သည် ထိုသူရို့ရှိ့တွင် တင့်တယ်လျောက်ပတ်စွာ ပြုမူလျက် နီထိုင်ကြလော့။
ဟောပြောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ဟောပြောစီ။ လုပ်ဆောင်သောသူသည် ဘုရားသခင်ပီးတော်မူသော အစွမ်းသတ္တိအတိုင်း လုပ်ဆောင်စီ။ သို့မှသာ ပြုလေသမျှသော အမှုများတွင် ယေသျှု ခရစ်အားဖြင့် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းကြလိမ့်မည်။ ထိုအသျှင်၏ ဘုန်းတန်ခိုးတော်သည် ကမ္ဘာအဆက်ဆက် ထွန်းတောက်တော်မူပါစီသတည်း။ အာမင်။