25 ဤသို့ ဖြစ်ရခြင်းမှာ ‘သူရို့သည် အကြောင်းပြချက်မဟိဘဲ ငါ့ကို မုန်းကြလေ၏’ ဟူ၍ သူရို့၏ ပညတ်တ္တိကျမ်း၌ ရီးထားသမျှသည် ပြည့်စုံလာခြင်းဖြစ်၏။
မကျန်းမာသောသူတိကို ကျန်းမာစီကြလော့၊ သီနိန်သောသူတိကို ထမြောက်စီကြလော့၊ နူနာစွဲနိန်သောသူတိကို ပျောက်ကင်းစီကြလော့၊ ပြီးနောက် နတ်ဆိုးတိကို နှင်ထုတ်ကြလော့။ သင်ရို့သည် အဖိုးအခမပီးဘဲ ရထားကြသည်ဖြစ်သောကြောင့်၊ အဖိုးအခမယူဘဲ ပြန်ပီးကြလော့။
ထို့နောက် ကိုယ်တော်ကလည်း သူရို့အား “မောသျှေ ပညတ်တ္တိကျမ်း၊ ပရောဖက်ကျမ်းနှင့် ဆာလံကျမ်းတွင် ငါ့အကြောင်းကို ရီးသားထားသော အမှုအရာအားလုံးသည် ဖြစ်ပျက်ရမည်ဟု သင်ရို့နှင့်အတူ ဟိသောအခါက ငါပြောခသည့်အတိုင်း အဂု ဖြစ်ပျက်လျက်ဟိ၏” ဟု မိန့်တော်မူ၏။
ယေသျှုက “သင်ရို့၏ ပညတ်ကျမ်းထဲ၌ ဘုရားသခင်က ‘သင်ရို့သည် ဘုရားများ ဖြစ်ကြ၏’ ဟု ဖော်ပြထား၏။
“သင်ရို့အားလုံးကို ရည်မှတ်ပြီး ငါပြောသည်မဟုတ်၊ ငါရွီးချယ်ထားသော သူတိကို ငါသိ၏။ ယေဒါလည်း ကျမ်းစာတော်မြတ်၌ ‘ငါ့ထမင်းကို စားသောသူသည် ငါ့ကို ခြီနှင့် ပြန်ကျောက်သတည်း’ ဟု ဖော်ပြထားသည်အတိုင်း ပြည့်စုံလာရမည်။
ဤသို့ ဖြစ်ပျက်ခသည်မှာ “သူ၏အရိုး တစ်ချောင်းကိုမျှ မကျိုးစီရ” ဟူသော ကျမ်းစာသည် အမှန်ပင် ပြည့်စုံလာခြင်းဖြစ်၏။
ပညတ်တရား၏ မိန့်မှာချက်ဟူသမျှသည် ပညတ်တရားအောက်၌ အသက်ရှင်နိန်ကြသောသူရို့၌ သက်ရောက်မှုဟိသည်ကို ငါရို့သည် ယခု သိကြသည်ဖြစ်၍ လူသားအားလုံးသည် စကားတခွန်းမျှ ပြောခွင့်မဟိဘဲ လောကတစ်ခုလုံးသည် ဘုရားသခင်၏ တရားစီရင်ခြင်းအောက်၌ သက်ရောက်နိန်၏။
သို့ရာတွင် ဘုရားသခင်၏ကျေးဇူးတော်သည်ကား ခရစ်တော်ယေသျှုအားဖြင့် လူတိကို အပြစ်မှ လွှတ်ပီးကာ ဖြောင့်မတ်ရာသို့ ရောက်စီတော်မူ၏။
သင်ရို့ ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကို နှိမ့်ချလျက် ဘုရားသခင်၏ သတင်းကောင်းကို သင်ရို့အား အခမဲ့ ဟောပြောခ၏။ ထိုအရာသည် မှားယွင်းပါသလော။
ဘုရားသခင်၏ ကျေးဇူးတော်ကို ငါသည် မငြင်းပယ်။ သို့သော်လည်း လူအပေါင်းရို့သည် ပညတ်တရားအားဖြင့် ဖြောင့်မတ်ခြင်းကို ရနိုင်ကြလျှင် ခရစ်တော်၏ အသီခံခြင်းသည် အချည်းနှီး ဖြစ်တော်မူ၏။
ငါရို့သည် အဖိုးအခမပီးဘဲ ဇာသူ၏ အထောက်ပံ့ကိုမျှ အလကားမယူခကတ်။ သင်ရို့ တစ်ဦးတစ်ယောက်ကိုမျှ ငါရို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စီရန် ငါရို့သည် အလုပ်ကို ပင်ပန်းစွာ နိ့ညမပြတ် လုပ်ကိုင်ခ၏။
ထို့နောက် ကိုယ်တော်က “အမှုပြီးယာ။ ငါသည် အာလဖနှင့် ဩမေဃဖြစ်ပြီး အစနှင့် အဆုံးလည်းဖြစ်၏။ ရီငတ်သောသူအား အသက်စမ်းရီကို အဖိုးအခ မပီးရဘဲ သောက်ရသောအခွင့်ကို ငါပီးမည်။
ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။