Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 15:24 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

24 ငါသည် တစ်စုံတစ်ယောက်မျှ မပြုဖူးသော အရာများကို သူရို့ ရှိ့မှာ မပြုလုပ်ခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည်မဟုတ်။ သို့ရာတွင် အဂု ငါပြုသောအမှုကို သူရို့သည် မြင်ကြလျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြခြင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 15:24
36 ပူးပေါင်းရင်းမြစ်များ  

မျက်စိကန်းသောသူများ ပြန်မြင်ကြပြီ၊ ခြီထောက်ကျိုးသောသူတိလည်း လမ်းလျှောက်နိုင်ကြပြီ၊ နူနာစွဲနိန်သည့်သူတိလည်း နူနာပျောက်ကင်းကြပြီ၊ နားပင်းသောသူတိလည်းနားကြားနိန်ကြပြီးလျှင် သီသောသူတိလည်း ထမြောက်ကြပြီ၊ ဆင်းရဲသားတိလည်း သတင်းကောင်းကို ကြားရကြပြီ၊


အကြောင်းမူကား ဗတ္တိဇံယောဟန်သည် သင်ရို့အား ဖြောင့်မတ်ခြင်းတရားလမ်းကို ညွှန်ပြရန် သင်ရို့ပါးသို့ ရောက်လာခယာ။ သင်ရို့သည် သူ့ကို မယုံခကတ်။ အခွန်ကောက်သောသူတိနှင့် ပြည့်တန်ဆာမတိက သူ့ကို ယုံကတ်တေ။ သင်ရို့သည် ဤအကြောင်းအရာကို မြင်တွိ့ခသော်လည်း သူ့ကို ယုံကြည်ရန် သင်ရို့သည် နောက်တဖန် စိတ်ပြောင်းလဲခြင်း မဟိကတ်ပါတကားဟု မိန့်တော်မူ၏။


သို့သော် နတ်ဆိုးကို မောင်းထုတ်လိုက်သည်နှင့်တပြိုင်နက်၊ ထိုသူသည် စကားပြောနိုင်သည်ဖြစ်၍ လူတိုင်းက အံ့သြကြလေ၏။ သူရို့က “ဣသရေလလူမျိုးထဲ၌ ဤသို့သော အရာတိကို ငါရို့ တစ်ခါမျှ မတွိ့ဖူးပါကား” ဟု အံ့ဩကြ၏။


ထိုသူသည်လည်း မိမိ၏ဖျာကို ကောက်ပြီးလျှင် လူအပေါင်းရို့ရှိ့မှ ထွက်လားလေ၏။ ထိုအမှုအရာကို တွိ့မြင်သောလူရို့သည် အလွန်တရာအံ့ဩကြပြီး “ဤပိုင် ငါရို့တစ်သက်မှာ တခါမှ မမြင်ဖူးပါ” ဟု ဆိုလျက် ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။


ကိုယ်တော်က “ဇာအမှုအရာတိလဲ” ဟု မိန်းတော်မူလျှင်၊ သူရို့က “နာဇရက်မြို့သား ယေသျှုနှင့် ပတ်သတ်သော အကြောင်းအရာများပင် ဖြစ်ပါ၏။ ထိုသူစွာ ဘုရားသခင်ရှိ့၊ လူအပေါင်းရို့ရှိ့၌ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်တစ်ပါးဖြစ်၏။


ယေသျှုက “ခမည်းတော် စီခိုင်းတော်မူသဖြင့် ငါသည် များစွာသော ကောင်းမြတ်သောအမှုတိကို ပြခယာ။ ထိုအမှုတိထဲက ဇာအမှုအတွက်ကြောင့် သင်ရို့က ငါ့ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသနည်း” ဟု မိန်းတော်မူ၏။


ငါ့ခမည်းတော်၏ အလိုတော်အတိုင်း ငါ မဆောင်ရွက်လျှင် ငါ့ကို မယုံကတ်ကေ့။


ထို့ကြောင့် ယဇ်ပုရောဟိတ်အကြီးအကဲရို့က လာဇရုကိုလည်း သတ်ရန် ကြံစည်ခြင်း ဖြစ်ကြ၏။


ငါ့ကို မြင်သောသူသည်လည်း ငါ့ကို စီရွှတ်တော်မူသော သူကိုလည်း မြင်၏။


ယေသျှုကလည်း “ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။


ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။


ငါသည် ကြွလာ၍ သူရို့ကို မဟောပြောခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည် မဟုတ်။ သို့ရာတွင် အဂုအခါ သူရို့သည် မိမိရို့၏အပြစ်ကို ဝှက်၍ မထားနိုင်ကြ။


ငါ့ကို မုန်းသောသူရို့သည်ကား ငါ့ခမည်းတော်ကိုလည်း မုန်းကြ၏။


သူရို့သည် ငါ့ကို မယုံကြည်ကြသောကြောင့် အပြစ်နှင့်ပတ်သက်၍ မှားယွင်းလျက်ဟိကြ၏။


သူသည် ညဉ့်အခါ ကိုယ်တော့်ထံသို့ လာ၍ “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင် စီရွှတ်တော်မူသော ဆရာတစ်ပါး ဖြစ်ကြောင်းကို အကျွန်ရို့ သိကြပါ၏။ ကိုယ်တော်ပြတော်မူသော နိမိတ်လက္ခဏာတိကို ဘုရားသခင်အတူ မပါဟိလျှင် မည်သူမျှ ပြနိုင်မည်မဟုတ်ပါ” ဟု လျှောက်လေ၏။


သို့ရာတွင် ယောဟန်၏ သက်သီထက် ကြီးမြတ်သောသက်သီတစ်ခုသည် ငါ၌ ဟိ၏။ ခမည်းတော်သည် ငါ့အား အလုပ်ကို ပြီးမြောက်အောင်လုပ်ဆောင်ရန် အပ်ပီးတော်မူသဖြင့် အဂု ငါ လုပ်ဆောင်လျက်ဟိသော အမှုအရာတိကား၊ ငါ့အား ခမည်းတော် စီရွှတ်တော်မူကြောင်းကို သက်သီခံခြင်းဖြစ်၏။


သင်ရို့ကို ငါပြောနိန်စဉ် သင်ရို့သည် ငါ့ကိုမြင်၏။ သို့သော် ငါ့ကို ယုံကြည်လိမ့်မည်မဟုတ်။


လူအစုအဝေးထဲမှ အများသောသူရို့သည် ကိုယ်တော့်ကို ယုံကြည်လာကြပြီးလျှင် “မေသျှိယ ကြွလာသောအခါ ဤသူပြုသော နိမိတ်လက္ခဏာထက် သာ၍ ပြုမည်လော” ဟု ဆိုကြ၏။


မွီးရာပါ မျက်စိကန်းသူအား မျက်စိပြန်မြင်စီနိုင်သည်ကို ရှီးကာလမှစ၍ တစ်ခါလေ့ မကြားဖူးသိမ့်။


ယေသျှုက “သင်ရို့သည် မျက်စိကန်းသောသူရို့ ဖြစ်သည်ဟုဆိုလျှင် အပြစ်ဟိသည်မဟုတ်။ အဂုကား သင်ရို့က ‘ငါရို့ မျက်စိမြင်ပါ၏’ ဟု ဆိုသည့်အတွက်ကြောင့် သင်ရို့၌ အပြစ်၌ ဟိနိန်တုန်းပင်ဖြစ်သည်” ဟု မိန့်တော်မူ၏။


နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။


“အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။


ဆဲရေးတိုင်းထွာခြင်း၊ ဘုရားသခင်ကို မုန်းခြင်း၊ မောက်မာခြင်း၊ ဝါကြွားခြင်း၊ ဒုစရိုက်ပြုမည့် နည်းလမ်းတိကိုသာ တွီးတောကြံစည်ခြင်း၊ မိဘစကားကို နားမထောင်ခြင်း၊


သစ္စာဖောက်သောသူ၊ ဆင်ခြင်တုံတရားကင်းမဲ့သောသူ၊ မိမိကိုယ်ကို အထင်ကြီးသောသူများနှင့် ဘုရားဝတ်၌ မွိ့ပျော်ခြင်းထက် လောကီပျော်မွိ့ခြင်းကို သာ၍ နှစ်သက်သောသူတိ ပေါ်လာကြလိမ့်မည်။


ဖောက်ပြန်တတ်သောသူရို့၊ လောကနှင့် မိတ်ဆွီဖွဲ့ခြင်းသည် ဘုရားသခင်ကို ရန်ဘက်ပြုခြင်းဖြစ်သည်ကို သင်ရို့ မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွီ ဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်လာ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ