Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 15:21 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

21 ထိုသူရို့သည် ငါ့ကို စီရွှတ်လိုက်သော အသျှင်ကို မသိကြသည်ဖြစ်၍ ငါ၏နာမကြောင့် သင်ရို့ကိုလည်း ပြုကြလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 15:21
35 ပူးပေါင်းရင်းမြစ်များ  

ငါ့ကြောင့် အာဏာပိုင်များနှင့် သျှင်ဘုရင်များ၏ရှိ့မှောက်၌ စစ်ဆီးမိန်းမြန်းရန်လည်းကောင်း၊ ထိုသူရို့နှင့်တကွ တခြားလူမျိုးတိကို သတင်းကောင်းတရား ဟောကြားခြင်းငှာလည်းကောင်း သင်ရို့ကို ဖမ်းဆီးခေါ်ဆောင်လားကတ်လိမ့်မည်။


ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကတ်လိမ့်မည်။ သို့သော် အဆုံးထိတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းခံရ လိမ့်မည်။


မိမိအသက်ကို ရခြင်းငှာ ကြိုးစားသောသူသည် အသက်ယှုံးလိမ့်မည်။ သို့သော်လည်း ငါ၏အကျိုးအလို့ငှာ မိမိအသက်ကို စွန့်သောသူသည်ကား အသက်ကို ရလိမ့်မည်။


“ထိုအခါ လူတိက သင်ရို့ကို နှိပ်စက်ညှည်းဆဲခြင်းငှာလည်းကောင်း၊ အသီသတ်ခြင်းငှာလည်းကောင်း အပ်နှံကြလိမ့်မည်။ ငါ့ကြောင့် သင်ရို့ကို လူမျိုးအားလုံးက မုန်းကြလိမ့်မည်။


“သင်ရို့သည် ငါ့တပည့်ဖြစ်သောကြောင့် လူတိက မဟုတ်မမှန် စွပ်စွဲ၍ အပြစ်ရှာလျက် ညှည်းပန်းနှိပ်စက်လာကြသောအခါ သင်ရို့သည် မင်္ဂလာဟိကြ၏။


ငါ့ကြောင့် သင်ရို့ကို လူတိုင်းက မုန်းကြလိမ့်မည်။ သို့ရာတွင် အဆုံးတိုင်အောင် တည်ကြည်သောသူသည် ကယ်တင်ခြင်းကို ခံရလိမ့်မည်ဟု မိန့်တော်မူ၏။


ဤအမှုအရာတိ မဖြစ်ခင် ငါ၏နာမကြောင့် သင်ရို့ကို လူတိက ဖမ်းဆီးညှည်းဆဲပြီးလျှင် တရားဇရပ်များတွင် လည်းကောင်း၊ အကျဉ်းထောင်များတွင် လည်းကောင်း အပ်နှံကြလိမ့်မည်။ သျှင်ဘုရင်၊ အုပ်ချုပ်သူတိပါးသို့ ပို့ဆောင်ကြလိမ့်မည်။


လူတိုင်းက ငါ၏နာမကြောင့် သင်ရို့ကို မုန်းတီးကြလိမ့်မည်။


“လူသားကြောင့် သင့်ကို လူတိက မုန်းတီးခြင်း၊ ငြင်းပယ်ခြင်း၊ မထီလေးစားပြုခံရခြင်းနှင့် အသရေရှုံ့ချ ခံရသောအခါ မင်္ဂလာဟိကြ၏။”


ငါသည် တစ်စုံတစ်ယောက်မျှ မပြုဖူးသော အရာများကို သူရို့ ရှိ့မှာ မပြုလုပ်ခလျှင် သူရို့၌ အပြစ်ဟိကြလိမ့်မည်မဟုတ်။ သို့ရာတွင် အဂု ငါပြုသောအမှုကို သူရို့သည် မြင်ကြလျက်ပင် ငါနှင့် ငါ့ခမည်းတော်ကို မုန်းကြခြင်းဖြစ်၏။


သူရို့သည် ငါ့ကို သို့မဟုတ် ခမည်းတော်ကို မသိကြသည်ဖြစ်၍ ဤသို့ ပြုမူကြခြင်းဖြစ်၏။


ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။


ထိုသူရို့ကလည်း “သင်၏ ခမည်းတော်က ဇာမာလဲ” ဟု မိန်းလျှောက်ကြ၏။ ယေသျှုက “သင်ရို့သည် ငါ့ကို မသိကြ။ ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကို သိလျှင်မူကား ငါ့ခမည်းတော်ကိုလည်း သိကြမည်” ဟု ဖြေကြားတော်မူ၏။


ယေသျှုကလည်း “ငါသည် ကိုယ့်ကိုကိုယ် ချီးမြှောက်သည်ဆိုလျှင် ငါ၏ဘုန်းသည် အလာကားပင်ဖြစ်၏။ ငါ့ကို ချီမြှောက်သူကား ငါ့ခမည်းတော်ဖြစ်၏။ ထိုအသျှင်ကို သင်ရို့သည် ငါရို့၏ ဘုရားသခင် ဟု ဆိုတတ်ကြ၏။


ယေဒါလည်း ထိုဘုရားသခင်ကို သင်ရို့ လုံးဝ မသိကြသော်လည်း ငါမူကား သိ၏။ အကယ်၍ ငါမသိဟု ဆိုလျှင် ငါသည် သင်ရို့ကို လိမ်ပြောသူ ဖြစ်လိမ့်မည်။ ထိုဘုရားသခင်ကို ငါသိ၏။ ဘုရားသခင်၏ စကားကိုလည်း နားထောင်၏။


အကြောင်းမူကား ငါသည် သင်ရို့မြို့ကို လှည့်လည်ပြီး သင်ရို့ ကိုးကွယ်ဝတ်ပြုကြသည့်အရာတိကို ကြည့်သောအခါ၌ ‘ငါရို့မသိသောဘုရားသခင်အတွက်’ ဟူ၍ ကမ္ပည်းထိုးထားသော ယဇ်ပလ္လင်တစ်ခုကို တွိ့ပါ၏။ သင်ရို့သည် မသိဘဲလျက် ကိုးကွယ်နိန်ကြသော ဘုရားအကြောင်းကို ယခု ငါ ဟောပြောပါမည်။


အကျွန်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့သား ယေသျှု၏နာမတော်အား ဆန့်ကျင်ရန် ဖြစ်နိုင်သမျှအမှုအားလုံးကို ပြုသင့်သည်ဟု ယူဆခပါ၏။


“ညီအစ်ကိုရို့၊ အဂုတွင် သင်ရို့သည် သင်ရို့၏ ခေါင်းဆောင်တိ လုပ်ဆောင်ခသည့်နည်းတူ အသိဉာဏ်မဲ့စွာ ပြုနိန်ကြကြောင်းကို ငါသိ၏။


သို့သော်လည်း လူတိကြား၌ ဤကိစ္စကို ထပ်၍ ပြန့်နှံ့မလားစီခြင်းငှာ နောက်တစ်ခါ ယေသျှုနာမကို အမှီပြု၍ ဇာသူ့ကိုမျှ မဟောပြောစီရန် ထိုသူရို့အား တင်းကြပ်စွာ သတိပီးကြမည်” ဟု ဆိုကြ၏။


တမန်တော်ရို့သည် တရားလွှတ်တော်မှ ထွက်လာကြစဉ် ဝမ်းမြောက်လျက်ဟိကြ၏။ အကြောင်းမူကား ဘုရားသခင်က ထိုသူရို့အား ယေသျှု၏ နာမတော်အဖို့ ဂုဏ်အသရေပျက်ခြင်းကို ခံထိုက်သူဟု မှတ်တော်မူခြင်းခံရသောကြောင့် ဖြစ်၏။


ထိုသူသည် ကိုယ်တော့်ကို ကိုးကွယ်ကြသောသူမှန်သမျှကို ဖမ်းဆီးရန် ယဇ်ပုရောဟိတ်အကြီးအကဲရို့ထံပါးက အခွင့်အာဏာဖြင့် ဤအရပ်သို့ ရောက်လာခြင်းဖြစ်ပါ၏” ဟု လျှောက်လေ၏။


ငါ၏နာမအဖို့အလို့ငှာ သူခံရမည့် ဒုက္ခဆင်းရဲခြင်း အကြောင်းကို အားလုံးကို ငါကိုယ်တိုင် သူ့ကိုဖော်ပြမည်” ဟု မိန့်တော်မူ၏။


ထိုသူရို့သည် စိတ်ထဲ၌ ဘုရားသခင်၏ မှန်သော အသိပညာကို လက်မခံကြသောကြောင့် ဘုရားသခင်သည် သူရို့အား မပြုအပ်သော အမှုကို ပြုစီခြင်းငှာ ယုတ်ညံ့သောစိတ်သို့ အပ်လိုက်တော်မူ၏။


အမြင်မှန် ရကြလော့။ ဒုစရိုက်အပြစ်ကို မပြုကတ်ကေ့။ အကြောင်းမူကား သင်ရို့ထဲမှ တချို့သောသူရို့သည် ဘုရားသခင်​နှင့်​ပတ်သက်၍ အသိဉာဏ်​ကင်းမဲ့​ကြ​၏။ ဤသို့ ငါဆိုရာ၌ သင်ရို့ကို အရှက်ရစီခြင်းငှာ ဖြစ်၏။


လောကီမင်းတစ်ဦးတစ်ယောက်မျှ ဤဉာဏ်ပညာတော်အကြောင်းကို မသိနားမလည်ကတ်။ အကယ်၍ သိနားလည်ကြလျှင် သူရို့သည် ဘုန်းတန်ခိုးတော်၏ အသျှင်ကို လက်ဝါးကပ်တိုင်တွင် တင်၍ သတ်ကြလိမ့်မည်မဟုတ်။


ဘုရားသခင်ကို ငြင်းပယ်သောသူရို့နှင့် ငါရို့၏အသျှင် ယေသျှုအကြောင်း သတင်းကောင်းကို မနာခံသောသူရို့အား အပြစ်စီရင်တော်မူလိမ့်မည်။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။


အကြောင်းမူကား သူရို့သည် တစ်ပါးအမျိုးသားတိပါးမှ အကူအညီကိုမယူဘဲ ခရစ်တော်၏ နာမတော်ဖို့အလို့ငှာ ခရီးထွက်ကြသောသူတိ ဖြစ်ပေ၏။


သင်သည် စိတ်ရှည်သည်းခံလျက် ငါ၏ နာမအတွက် များစွာဒုက္ခဆင်းရဲခံ၍ အားလျော့ခြင်း မဟိခပေ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ