ယောဟန် 15:1 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား1 “ငါသည် မှန်သောစပျစ်နွယ်ပင် ဖြစ်၏။ ငါ၏ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ယေသျှုက “နောက် ပုံဥပမာတစ်ခုကို နားထောင်ကတ်။ တစ်ခါက စပျစ်ဥယျာဉ်စိုက်ပျိုးသော မြီပိုင်သျှင်တစ်ယောက်ဟိ၏။ သူသည် ဥယျာဉ်ဝင်းပတ်လည်ကို ခြံစည်းရိုး ကာပြီး၊ ခြံထဲ၌ စပျစ်သီးနယ်ရန် တွင်းကို တူး၍ လင့်စင်တစ်ခုကို ဆောက်၏။ ပြီးလျှင် သူသည် ထိုစပျစ်ဥယျာဉ်ကို ဥယျာဉ်စိုက်ပျိုးသူတချို့ကို ငှားထားခပြီးနောက် ခရီးလားခလေ၏။