3 ငါလားပြီးလျှင် သင်ရို့အတွက် နီရာကို ပျင်ဆင်ပြီးမှ ငါသည် ပြန်လာ၍ ငါဟိသည့်အရပ်၌ သင်ရို့ ဟိကြစီရန်အတွက် သင်ရို့ကို ငါ့ထံသို့ ခေါ်ဆောင်မည်။
ငါ့အမှုကို ဆောင်ရွက်သောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုကို ဆောင်ရွက်သောသူဖြစ်သောကြောင့် ငါဟိသည့်အရပ်၌ ဟိလိမ့်မည်။ ငါ့အမှုကို ဆောင်ရွက်သူကို ခမည်းတော်သည် ချီးမြောက်တော်မူလိမ့်မည်။
‘ငါသည် အဂု လားသော်လည်း သင်ရို့ထံပါးသို့ ငါပြန်လာအုံးမည်’ ဟု ပြောခသည်ကို သင်ရို့ ကြားရကြပြီ။ ခမည်းတော်သည် ငါ့ထက် ကြီးမြတ်၏။ ထို့ကြောင့် သင်ရို့သည် ငါ့ကိုချစ်လျှင် ခမည်းတော်ထံပါးသို့ ငါလားသည်ကို ဝမ်းမြောက်ကြလိမ့်မည်။
ငါလားသည့်အရပ်သို့ ရောက်စီမည့်လမ်းကို သင်ရို့ သိကြ၏” ဟု သူရို့အား မိန့်တော်မူ၏။
“အို အဖ၊ ကိုယ်တော်သည် အကျွန့်ကို ချစ်တော်မူသောကြောင့် ဤကမ္ဘာမတည် မဟိခင်ကပင် အကျွန့်အား ပီးထားသော ဘုန်းတန်ခိုးတော်ကို သူရို့သည် မြင်ကြစီခြင်းငှာ အကျွန့်အား ကိုယ်တော် ပီးအပ်ထားသော ဤသူရို့ကို အကျွန်ဟိသောနီရာ၌ အကျွန်နှင့်အတူ ဟိနိန်ကြစီခြင်းငှာ အကျွန် လိုလားပါ၏။
“ဂါလိလဲပြည်သားရို့၊ ဇာဖြစ်လို့ ရပ်လျက် အာကာပြင်ကို ကြည့်နိန်ကြသနည်း။ ယေသျှုသည် သင်ရို့ထံမှ ကောင်းကင်ဘုံသို့ ချီဆောင်ခြင်းကို ခံတော်မူသည်ကို သင်ရို့ မြင်ရသည့်နည်းတူ ကောင်းကင်မှ တဖန် ကြွလာတော်မူလိမ့်မည်” ဟု ဆိုကြ၏။
ငါရို့သည် ဘုရားသခင်၏ သားသမီးတိဖြစ်ကြလျှင် အမွီခံတိလည်း ဖြစ်ကြ၏။ ငါရို့သည် ခရစ်တော်နှင့်အတူ ဘုန်းတော်ချီးမြှောက်ခြင်း ခံရရန် ဒုက္ခဆင်းရဲခြင်းကိုလည်း ကိုယ်တော်နှင့်အတူခံရကြလျှင် ဘုရားသခင်၏အမွီခံများဖြစ်ကြပြီး ခရစ်တော်နှင့်အတူ အမွီဆက်ခံသူများလည်း ဖြစ်ကြ၏။
ငါ၌ စိတ်နှစ်ခွဖြစ်လျက်နိန်ပေ၏။ ငါသည် ဤဘဝကို စွန့်၍ ခရစ်တော်နှင့်အတူ နိန်လိုပါ၏။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါ့အဖို့ သာ၍ အကျိုးဟိ၏။
ဤနည်းအားဖြင့် ငါရို့၏ အသျှင် ယေသျှု၏နာမတော်သည် သင်ရို့၌လည်းကောင်း၊ ငါရို့၏ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်၏ ကျေးဇူးတော်အားဖြင့် သင်ရို့သည်လည်း ကိုယ်တော်၌ လည်းကောင်း ဘုန်းတော်ထင်ရှားစီခြင်းငှာ ငါရို့သည် ဆုတောင်းလျက်ဟိကြ၏။
ငါရို့သည် သည်းခံကြလျှင် ကိုယ်တော်နှင့်အတူ အုပ်စိုးကြလိမ့်မည်။ ငါရို့သည် ကိုယ်တော့်ကို ငြင်းပယ်လျှင် ကိုယ်တော်သည်လည်း ငါရို့ကို ငြင်းပယ်လိမ့်မည်။
ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။
ငါသည် အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်ထက်တွင် ခမည်းတော်နှင့်အတူ ထိုင်နိန်သကဲ့သို့ အောင်မြင်သောသူအား ငါ၏ ပလ္လင်ထက်တွင် ငါနှင့်အတူ ထိုင်ရသောအခွင့်ကို ငါပီးမည်။