Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 14:27 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

27 “ငြိမ်သက်ခြင်းကို သင်ရို့နှင့်အတူ ငါထားခ၏။ ငါ၏ငြိမ်သက်ခြင်းကိုလည်း သင်ရို့ကို ငါပီး၏။ လောကသားတိ ပီးသကဲ့သို့ ငါပီးသည်မဟုတ်။ သင်ရို့ စိတ်မပူပန်ခြင်း၊ စိုးရိမ်ခြင်း မဟိကတ်ကေ့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 14:27
65 ပူးပေါင်းရင်းမြစ်များ  

“ထို့ကြောင့် ထိုသူရို့ကို မကြောက်ကတ်ကေ့။ အဂု ဖုံးထားသည့်အရာဟူသမျှသည် ပေါ်လာကြလိမ့်မည်။ လျှို့ဝှက်ထားသောအရာအားလုံးသည်လည်း ထင်ရှားလာကြလိမ့်မည်။


သီမင်းအရိပ်၏ မှောင်မိုက်ထဲ၌ နီထိုင်သူရို့၌ အလင်းသည် ပေါ်ထွန်းလျက်၊ အကျွန်ရို့ကို ငြိမ်သက်ခြင်းလမ်းသို့ ညွှန်ပြတော်မူလိမ့်မည်” ဟု ဆိုလေ၏။


သင်ရို့သည် အိမ်တစ်အိမ်သို့ ဝင်သောအခါ၌ ‘ဤအိမ်၌ ငြိမ်သက်ခြင်းဟိပါစီ’ ဟု ဦးစွာ မေတ္တာပို့ကြလော့။


“ငါ့အဆွီရို့၊ သင်ရို့ကို ငါဆိုသည်ကား ကိုယ်ခန္ဓာကို သတ်ခြင်းမှတစ်ပါး အခြားတစ်ခုကိုမျှ အန္တရာယ်မပြုနိုင်သူတိကို မကြောက်ကတ်ကေ့။


“အမြင့်ဆုံးသော ကောင်းကင်ဘုံ၌ ဟိတော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူပါစီသောဝ်။ မြီကြီးထက်မှာလည်း ကိုယ်တော် နှစ်သက်တော်မူသော လူအပေါင်းရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု ဘုရားသခင်ကို ချီးမွမ်းမြွတ်ဆိုကြ၏။


ယေသျှုက “သင်ရို့ စိတ်ပူပန်ခြင်း မဟိကတ်ကေ့။ ဘုရားသခင်ကို ယုံကြည်ပါ။ ငါ့ကိုလည်း ယုံကြည်ပါ။


သင်ရို့အားလုံး ငါနှင့် တစ်လုံးတစ်ဝတည်းဟိနိန်ခြင်းဖြင့် ငြိမ်သက်ခြင်းဟိကြစီခြင်းငှာ ငါသည် ဤအရာကို သင်ရို့အား ဟောပြောထား၏။ သင်ရို့သည် ဤလောက၌ ဒုက္ခ တွိ့ရကြလိမ့်မည်။ သို့သော်လည်း မကြောက်ကတ်ကေ့၊ ငါသည် လောကကို အောင်ပြီ” ဟု မိန့်တော်မူ၏။


အချိန်ကား တလင်းဂနီနိ့၏ မိုးချုပ်စချိန် ဖြစ်၏။ ယုဒအာဏာပိုင်တိကို ကြောက်၍ တပည့်တော်ရို့သည် တန်းခါး ပိတ်ကာ အတူတကွ စုရုံးလျက် နိန်ကြ၏။ ထိုအခါ ယေသျှုသည် ဝင်ရောက်လာ၍ တပည့်တော်တိကြား၌ မတ်တပ်ရပ်ပြီးလျှင် “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်လေ၏။


ယေသျှုက “သင်ရို့၌ ငြိမ်သက်ခြင်း ဟိပါစီသောဝ်” ဟု တဖန် နှုတ်ဆက်ပြီးလျှင် “အဖ က ငါ့ကို စီရွှတ်သကဲ့သို့ သင်ရို့ကိုလည်း ငါစီရွှတ်လိုက်၏” ဟု မိန့်တော်မူ၏။


တစ်ပတ်ကြာပြီးနောက် တပည့်တော်ရို့သည် အိမ်ထဲ၌ တဖန် အတူတကွ စုရုံးကြ၏။ သူရို့နှင့်အတူ သောမလည်း ပါ၏။ အိမ်တန်းခါးများကို ပိတ်ထားကြသော်လည်း ယေသျှုသည် ဝင်ရောက်လာပြီးလျှင် သူရို့အလယ်တွင် မတ်တပ်ရပ်လျက်၊ “သင်ရို့၌ ငြိမ်သက်ခြင်းဟိပါစီသောဝ်” ဟု နှုတ်ဆက်တော်မူ၏။


လူသားအားလုံး၏ အသျှင်ဖြစ်တော်မူသော ယေသျှုခရစ်တော်အားဖြင့် ငြိမ်းသက်ခြင်းဆိုင်ရာ သတင်းကောင်းကို ကြေညာတော်မူလျက်၊ ဣသရေလလူမျိုးတိပါးသို့ ဘုရားသခင် ပို့ဆောင်ပီးလိုက်သော သတင်းကောင်းတရားကို သင်ရို့ သိကြ၏။


တစ်ညတွင် ပေါလုသည် ဗျာဒိတ်ရူပါရုံတစ်ခုကို မြင်လေ၏၊ ထိုရူပါရုံ၌ သူ့အား အသျှင်ဘုရားက ပြောသည်မှာ “မကြောက်ကေ့၊ ဆက်လက်၍ ဟောပြောလော့၊ လက်မြှောက်အရှုံးမပီးကေ့၊


ထို့ကြောင့် ဘုရားသခင်ချစ်တော်မူ၍ မိမိသန့်ယှင်းသူများဖြစ်စီခြင်းငှာ ခေါ်ထားတော်မူသော ရောမမြို့သူမြို့သား အားလုံးကို ငါစာရီးလိုက်ပါ၏၊ ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်သည် သင်ရို့အား ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို ပီးသနားတော်မူပါစီသောဝ်။


သန့်ယှင်းသောဝိညာဉ်တော်၏ တန်ခိုးတော်အားဖြင့် သင်ရို့၏ မျှော်လင့်ခြင်းသည် ဆက်လက် ကြီးထွားပါမည်အကြောင်း မျှော်လင့်ခြင်း၏အသျှင် ဘုရားသခင်သည် ကိုယ်တော်၌ တည်သော သင်ရို့၏ယုံကြည်ခြင်းအားဖြင့် သင်ရို့သည် ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း အပေါင်းနှင့် ပြည့်စုံကြပါစီသောဝ်။


ယခုတွင် ငါရို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု အသိအမှတ်ပြုခံရပြီးလျှင် ငါရို့အသျှင် ယေသျှုခရစ်တော်အားဖြင့် ဘုရားသခင်နှင့်အတူ ငြိမ်းသက်ခြင်းကို ရဟိကြ၏။


အကြောင်းမူကား၊ ငါရို့သည် ဘုရားသခင်၏ ရန်သူတိ ဖြစ်ခလျက်ပင်၊ သားတော်၏ အသီခံပီးတော်မူခြင်းအားဖြင့် ငါရို့ကို မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။ ပြန်လည်သင့်မြတ်ခွင့်ကို ရထားပြီးသော ငါရို့သည် သားတော်၏အသက်အားဖြင့် ကယ်တင်တော်မူခြင်းကို သာ၍ ခံရလိမ့်မည်။


ဇာတိပကတိသဘောသည် သီခြင်းတရားဖြစ်၏။ ဝိညာဉ်တော်၏အလိုကား အသက်ရှင်ခြင်းနှင့် ငြိမ်သက်ခြင်းဖြစ်၏။


ငါရို့၏ အဖဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီသောဝ်။


ငါရို့အဖ ဘုရားသခင်နှင့် အသျှင်ယေသျှု ခရစ်တော်ထံပါးမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ သက်ရောက်ပါစီ။


သို့သော် ဝိညာဉ်တော်၏ အကျိုးကျေးဇူးများမှာ ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ သနားကြင်နာခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊


ဤနည်းဥပဒေကို လိုက်နာသူအပေါင်းရို့၌ လည်းကောင်း၊ ဘုရားသခင်၏လူစုတော် အားလုံး၌ လည်းကောင်း၊ ဘုရားသခင်၏ ငြိမ်သက်ခြင်းနှင့် ကရုဏာတော် သက်ရောက်ပါစီသတည်း။


ထိုသို့ပြုလျှင် လူ့ဉာဏ်ဖြင့် ကြံစည်၍ မမီနိုင်သော ဘုရားသခင်၏ ငြိမ်သက်ခြင်းသည် ခရစ်တော်ယေသျှုအားဖြင့် သင်ရို့၏ စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင်မလိမ့်မည်။


ကောလောသဲမြို့၌ဟိသော သန့်ယှင်းသူများတည်းဟူသော ခရစ်တော်၌ သစ္စာဟိသော ညီအစ်ကိုမောင်နှမရို့ပါးသို့ စာရီးလိုက်ပါ၏။ ငါရို့အဖ ဘုရားသခင်ထံတော်မှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့ ခံစားကြရပါစီသောဝ်။


သို့ဖြစ်၍ ဘုရားသခင်သည် သားတော်အားဖြင့် စကြဝဠာတစ်ခုလုံးကို မိမိထံသို့ ပြန်လာစီရန် အလိုတော် ဟိတော်မူ၏။ ထို့ကြောင့် လက်ဝါးကပ်တိုင်ထက်၌ သွန်းသော သားတော်၏ အသွီးတော် အားဖြင့် ရန်ကိုငြိမ်းစီတော်မူ၍ ကောင်းကင်နှင့် မြီကြီးထက်တွင် ဟိသမျှသော အရာတိအား မိမိနှင့် ပြန်လည်သင့်မြတ်စီတော်မူ၏။


သင်ရို့၏ စိတ်နှလုံးထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးပါစီ။ အကြောင်းမူကား ဤငြိမ်သက်ခြင်းအတွက် ခန္ဓာတစ်ခုထဲသို့ သင်ရို့ကို ခေါ်ယူထားတော်မူ၏။ သို့ဖြစ်၍ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။


ငါရို့၏အဖ ဘုရားသခင်နှင့် အသျှင်ယေသျှုခရစ်တော်ထံမှ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။


ငြိမ်သက်ခြင်း၏အသျှင် သခင်ဘုရား ကိုယ်တော်တိုင် မည်သည့်အခြေအနေ၌မဆို သင်ရို့အား ငြိမ်သက်ခြင်းကို အစဉ်မပြတ် ပီးသနားတော် မူပါစီသောဝ်။ သခင်ဘုရားသည် သင်ရို့အားလုံးနှင့်အတူ ဟိတော်မူပါစီသောဝ်။


အကြောင်းမူကား ဘုရားသခင် ပီးတော်မူသော ဝိညာဉ်တော်သည် ငါရို့အား ကြောက်တတ်သောစိတ်ကို ဖြစ်စီတော်မမူ။ ကိုယ်တော်၏ဝိညာဉ်တော်သည် တန်ခိုးနှင့် လည်းကောင်း၊ ချစ်ခြင်းမေတ္တာနှင့် လည်းကောင်း၊ မိမိကိုယ်ကို မိမိချုပ်တည်းနိုင်စီရန် လည်းကောင်း ငါရို့ကို ပြည့်စုံစီတော်မူ၏။


ထာဝရပဋိညာဉ် အသွီးတော်ဖြင့် သိုးများ၏ကြီးမြတ်သော သိုးထိန်းဖြစ်တော်မူသော ငါရို့၏ အသျှင်ယေသျှုကို သီဆုံးခြင်းမှ ထမြောက်စီတော်မူသော ငြိမ်သက်ခြင်း၏အသျှင် ဘုရားသခင်သည်၊


ထိုအခါ အာဗြဟံသည်လည်း မိမိသိမ်းယူလာသော ပစ္စည်းဥစ္စာအားလုံး၏ ဆယ်ဖို့တစ်ဖို့ကို သူ့အား ပီးလျှူလေ၏။ မေလခိဇေဒက်ဟူသောနာမည်၏ ပထမ အနက်အဓိပ္ပာယ်မှာ “ဖြောင့်မတ်ခြင်း၏ဘုရင်” ဟူ၍ ဖြစ်၏။ သူသည် ယှာလင်မြို့၏ဘုရင်ဖြစ်၍ “ငြိမ်သက်ခြင်း၏ဘုရင်” ဟူ၍လည်း အဓိပ္ပာယ်ရ၏။


ငါ ယောဟန်ပါးမှ၊ အာယှိပြည်၌ဟိသော အသင်းတော် ခုနစ်ပါးသို့ စာရီးလိုက်ပါ၏၊ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ၌ အစဉ်ဟိတော်မူသော ဘုရားသခင်ထံတော်မှ လည်းကောင်း၊ ကိုယ်တော်၏ ပလ္လင်တော်ရှိ့၌ ဟိသော ဝိညာဉ်ခုနစ်ပါးထံမှ လည်းကောင်း၊


သင်ခံရမည့် ဆင်းရဲဒုက္ခများအတွက် မစိုးရိမ်ကေ့။ မာရ်နတ်သည် သင်ရို့ထဲမှ တချို့ကို ထောင်ထဲ၌ အကျဉ်းချထားခြင်းအားဖြင့် စစ်ဆီးလိမ့်မည်။ သင်သည် ဆယ်ရက်တိုင်တိုင် ဒုက္ခခံရလိမ့်မည်။ သီဆုံးသည်ထိတိုင်အောင် သစ္စာစောင့်လော့၊ သို့မှသာ သင့်အား အသက်သရဖူကို ငါပီးမည်။


သို့ရာတွင် ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဖွယ်ကောင်းသောသူ၊ လူ့အသက်ကို သတ်သောသူ၊ အကျင့်ပျက်သောသူ၊ ပြုစားတတ်သောသူ၊ ရုပ်တုကိုးကွယ်သောသူရို့နှင့် လိမ်လည်ပြောဆိုသော သူရို့သည် ကန့်နှင့်ရောသော မီးအိုင်ထဲ၌ ကျရကြလိမ့်မည်။ ဤကား ဒုတိယသီဆုံးခြင်း ဖြစ်သတည်း” ဟု မိန့်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ