Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 14:17 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

17 ထိုအသျှင်သည် ဘုရားသခင်၏ သမ္မာတရားကို ဖော်ပြသော ဝိညာဉ်တော်ဖြစ်၏။ လောကီသားတိက ထိုဝိညာဉ်တော်ကို မသိမမြင်ကြသောကြောင့် မခံယူနိုင်ကြ။ သို့ရာတွင် ထိုအသျှင်ကို သင်ရို့ သိကြ၏။ အကြောင်းမူကား ထိုဝိညာဉ်တော်သည် သင်ရို့ထဲ၌ ကိန်းဝပ်တော်မူသည်ဖြစ်၍ သင်ရို့၌ ဟိလိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 14:17
30 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား၊ သင်ရို့ပြောရမည့်စကားသည် သင်ရို့ စကားမဟုတ်၊ ထိုစကားကို သင်ရို့အဖ၏ဝိညာဉ်တော်က သင်ရို့အားဖြင့် ပြောလိမ့်မည်။


ငါသည် ခမည်းတော်ကို တောင်းလျှောက်လျှင် သင်ရို့နှင့်အတူ အစဉ်မပြတ်ဟိ၍ သင်ရို့ကို မစတော်မူရန် အခြားတစ်ပါးသော ကူညီမစသောသူကို ပီးတော်မူလိမ့်မည်။


ယေသျှုကလည်း၊ “ငါ့ကိုချစ်သောသူသည် ငါ၏ သွန်သင်ချက်ကို ခံယူလိမ့်မည်။ ငါ့ခမည်းတော်သည်လည်း ထိုသူကို ချစ်တော်မူလိမ့်မည်။ ငါနှင့် ငါ့ခမည်းတော်သည်လည်း သူ့ထံသို့ လာပြီးလျှင် သူနှင့်အတူ ကိန်းဝပ်လိမ့်မည်။


“ခမည်းတော်ထံပါးက လာသည့် ဘုရားသခင်နှင့် ပတ်သက်၍ သမ္မာတရားကို ထုတ်ဖော်ပြောကြားသော ဝိညာဉ်တော်တည်းဟူသော ကူညီမစသောသူသည် ရောက်လာလိမ့်မည်။ ထိုဝိညာဉ်တော်ကို ခမည်းတော်ထံမှ သင်ရို့ပါးသို့ ငါရွှတ်လိုက်သည်ဖြစ်၍ သူသည် ငါ့အကြာင်းကို ပြောပြလိမ့်မည်။


ဘုရားသခင်နှင့်ပတ်သက်၍ သမ္မာတရားအကြောင်းကို ဖော်ပြသော ဝိညာဉ်တော်သည် ရောက်လာသောအခါ အလုံးစုံသော သမ္မာတရားထဲသို့ သင်ရို့ကို လမ်းပြပို့ဆောင်လိမ့်မည်။ ထိုဝိညာဉ်တော်သည် မိမိ၏သဘောအတိုင်း သင်ရို့ကို သွန်သင်လိမ့်မည်မဟုတ်၊ သူ ကြားသမျှကို ပြောလိမ့်မည်။ နောက်ဖြစ်လာမည့် အရာများကိုလည်း သင်ရို့အား ပြောပြလိမ့်မည်။


သားတော်ကို မြင်တွိ့၍ ယုံကြည်သောသူ အပေါင်းရို့သည် ထာဝရအသက်ကို ရစီခြင်းငှာ ခမည်းတော်သည် အလိုဟိ၏။ ငါသည်လည်း နောက်ဆုံးသောနိ့၌ ထိုသူရို့အား သီခြင်းမှ ရှင်ပြန်ထမြောက်စီတော်မူမည်” ဟု မိန့်တော်မူ၏။


ငါသည် ဇာသို့ ပြုရအံ့နည်း။ ငါသည် ငါ၏စိတ်ဝိညာဉ်နှင့် သော်လည်းကောင်း၊ စိတ်နှလုံးနှင့် သော်လည်းကောင်း ဆုတောင်းပတ္ထနာပြုမည်။ ငါ့၏စိတ်ဝိညာဉ်အားဖြင့် တေးခြင်းဆိုသည်သာမက အသိဉာဏ်အားဖြင့်လည်း သီဆိုမည်။


ဇာတိပကတိလူသည် ဘုရားသခင်၏ ဝိညာဉ်တော် ချပီးသည့်ဆုကျေးဇူးများကို မခံယူနိုင်။ သို့သော် ထိုသူရို့သည် ထိုအရာများကို အချည်းနှီးသောအရာများဟု ထင်မှတ်တတ်ကြ၏။ အကြောင်းမူကား ဝိညာဉ်တော်အားဖြင့်သာလျှင် ထိုအရာများကို သိနိုင်သည်ဖြစ်သောကြောင့် သူရို့သည် နားမလည်နိုင်ကြပေ။


သင်ရို့သည် ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြသည်ကို လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို လည်းကောင်း သိကြသည်မဟုတ်လော။


သင်ရို့ ကိုယ်ခန္ဓာသည် သန့်ယှင်းသော ဝိညာဉ်တော်၏ ဗိမာန်တော်ဖြစ်ကြောင်းကို လည်းကောင်း၊ ဘုရားသခင် ပီးသနားတော်မူ၍ ဝိညာဉ်တော်သည် ကိန်းအောင်းတော်မူကြောင်းကို လည်းကောင်း မသိကြသလော။ သင်ရို့သည် ကိုယ့်ကိုယ်ကို မပိုင်။ ဘုရားသခင်သာလျှင် ပိုင်တော်မူပြီး၊


သင်ရို့သည် ယုံကြည်ခြင်း၌ တည်သည်၊ မတည်သည်ကို မိမိကိုယ်ကို ဆန်းစစ် ဆုံးဖြတ်ကြလော့။ သင်ရို့အထဲ၌ ယေသျှု ခရစ်တော်ဟိကြောင်းကို သေချာစွာ သိကြသလော။ သို့မဟုတ်လျှင် သင်ရို့သည် စုံစမ်းစစ်ဆီးခြင်း၌ ယှုံးနိမ့်ကြပြီလော။


ဘုရားသခင်၏ ဗိမာန်တော်သည် ရုပ်တုများနှင့် မည်သို့ စပ်ဆိုင်နိုင်မည်နည်း။ ငါရို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိမာန်တော်ဖြစ်ကြ၏။ ဘုရားသခင်က၊ “ငါသည် ငါ၏ လူစုတော်တွင် ကိန်းဝပ်၍၊ သူရို့ နှင့်အတူ လားလာ နိန်မည်။ ငါသည် သူရို့၏ ဘုရားဖြစ်၍ သူရို့သည်လည်း ငါ၏လူစုတော် ဖြစ်လိမ့်မည်။”


သင်ရို့သည် ဘုရားသခင်၏ သား၊ သမီးတိဖြစ်ကြောင်း သက်သီပြရန် ဘုရားသခင်သည် “အဗ္ဗ၊ ငါ့ အဖ” ဟု ခေါ်တတ်သော သားတော်၏ဝိညာဉ်ကို ငါရို့၏ စိတ်နှလုံးထဲသို့ စီရွှတ်တော်မူ၏။


သင်ရို့သည်လည်း ကိုယ်တော်နှင့် တစ်လုံးတစ်ဝတည်းဖြစ်လျက် အခြားသောသူအပေါင်းရို့နှင့်အတူ တည်ဆောက်ခြင်းကို ခံရသဖြင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ကျိန်းဝပ်တော်မူရာ ဌာနတော် ဖြစ်လာ၏။


ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်ရို့၏ စိတ်နှလုံး၌ ကိန်းဝပ်တော်မူစီခြင်းငှာ လည်းကောင်း ငါသည် ဆုတောင်း၏။ ထိုမျှမက သင်ရို့သည် မေတ္တာ၌ တိုက်မြစ်ချ၍ အမြစ်စွဲစီရန် လည်းကောင်း၊


ဘုရားသခင်သည် လူမျိုးအပေါင်းရို့အတွက် ဘုန်းတော်နှင့် ပြည့်စုံသည့် လျှို့ဝှက်နက်နဲသောအရာကို မိမိလူစုတော်အား သိစီရန် အလိုတော် ဟိတော်မူ၏။ ထိုလျှို့ဝှက်နက်နဲသောအရာကား ခရစ်တော်သည် သင်ရို့အထဲ၌ ကျိန်းဝပ်နိန်ခြင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သင်ရို့သည် ဘုရားသခင်၏ ဘုန်းတော်ကို မျှော်လင့်ရမည် အကြောင်းဖြစ်၏။


ငါရို့အထဲမှာ ဟိသော သန့်ရှင်းသောဝိညာဉ်တော် တန်ခိုးအားဖြင့် သင့်အား ပီးအပ်ထားသည့် ကောင်းမြတ်သောအရာတိကို ထိန်းသိမ်းစောင့်ရှောက်လော့။


သို့ရာတွင် သင်ရို့အတွက်ကား ခရစ်တော်သည် မိမိ၏ ဝိညာဉ်တော်ကို သင်ရို့၌ သွန်းလောင်းတော်မူယာ။ ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူသမျှကာလပတ်လုံး သင်ရို့အား မည်သူကမျှ သွန်သင်ပီးစရာ မလို။ အကြောင်းမူကား ကိုယ်တော်၏ ဝိညာဉ်တော်သည် သင်ရို့အား ခပ်သိမ်းသောအမှုအရာတိကို သွန်သင်ပီးတော်မူသောကြောင့် ဖြစ်၏။ ဝိညာဉ်တော်၏ သွန်သင်တော်မူချက်သည် မှန်ကန်သည်ဖြစ်၍ အမှားဟူ၍ မဟိ။ ထို့ကြောင့် သင်ရို့သည် ဝိညာဉ်တော်၏ သွန်သင်မှုအတိုင်း နာခံလိုက်လျှောက်၍ ခရစ်တော်နှင့် တစ်လုံးတစ်ဝတည်း တည်နိန်ကြလော့။


ဘုရားသခင်၏ ပညတ်တော်များကို စောင့်ထိန်းသောသူသည် ဘုရားသခင်နှင့် တစ်လုံးတစ်ဝတည်းဖြစ်၍ ဘုရားသခင်သည်လည်း ထိုသူနှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ထိုသို့ ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူကြောင်းကို ဘုရားသခင် ပီးသနားတော်မူသော ဝိညာဉ်တော်အားဖြင့် ငါရို့ သိရကြ၏။


သားသမီးရို့၊ သင်ရို့သည် ဘုရားသခင် ပိုင်ဆိုင်သောသူများဖြစ်ကြ၍ မှားယွင်းသောပရောဖက်တိကို အနိုင်ရထားပြီး ဖြစ်၏။ ဇာကြောင့်ဆိုသော် သင်ရို့ထံ၌ ကိန်းဝပ်တော်မူသော ဝိညာဉ်တော်သည် လောကီသားများထံ၌ ကိန်းဝပ်သောဝိညာဉ်ထက် ကြီးမြတ်တော်မူသောကြောင့် ဖြစ်၏။


သို့ရာတွင် ဘုရားသခင်သည် ငါရို့ကို ပိုင်တော်မူ၏။ ဘုရားသခင်ကို သိသောသူသည် ငါရို့စကားကို နားထောင်တတ်၏။ ဘုရားသခင်နှင့် မဆိုင်သောသူသည်ကား ငါရို့စကားကို နားမထောင်တတ်။ ဤသို့သောအားဖြင့် ငါရို့သည် စစ်မှန်သော ဝိညာဉ်နှင့် မှားယွင်းသော ဝိညာဉ်ကို ခွဲခြား၍ သိနိုင်ကြ၏။


သက်သီခံသုံးပါး ဟိ၏။


“ဝိညာဉ်တော်က အသင်းတော်ရို့အား မိန့်တော်မူသော စကားများကို ကြားတတ်သောနား ဟိသောသူရို့ ကြားပါစီ။ “အောင်မြင်သောသူအား ဝှက်ထားသောမန္နမုန့်ကို ငါ ပီးမည်။ ကျောက်ဖြူတစ်လုံးကိုလည်း ငါပီးမည်။ ထိုကျောက်ဖြူအထက်တွင် အက္ခရာတင်ထားသည့် နာမည်သစ်ကို ဇာသူမျှ မသိနိုင်ရာ။ ထိုကျောက်ကို ခံယူရဟိ သူသာလျှင် သိဟိနိုင်ပေ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ