7 ယေသျှုကလည်း၊ “ငါပြုသောအမှုကို သင်သည် အဂု နားမလည်သိမ့်။ သို့ရာတွင် သင်ရို့သည် နောက်မှ နားလည်လာလိမ့်မည်” ဟု မိန့်တော်မူ၏။
ထိုအချိန်ခါက တပည့်တော်ရို့သည် ဤကျမ်းစာကို နားမလည်ကြ။ ယေသျှုသည် ဘုန်းတော်နှင့် ထမြောက်တော်မူသောအခါမှ ဤကျမ်းစာချက်ကား ကိုယ်တော်၏အကြောင်း ဖော်ပြသည်ကို လည်းကောင်း၊ သူရို့သည် ကိုယ်တော်အတွက် ထိုသို့ပြုခသည်ကို လည်းကောင်း မှတ်မိကြ၏။
သျှိမုန်ပေတရုက “အသျှင်၊ ဇာအရပ်သို့ ကြွတော်မူပါမည်နည်း” ဟု လျှောက်သော်၊ ယေသျှုကလည်း “ငါလားမည့်နီရာသို့ သင်သည် အဂု မလိုက်နိုင်၊ နောက်မှ လိုက်ရလိမ့်မည်” ဟု ဖြေကြားတော်မူ၏။
သျှိမုန်ပေတရုပါးသို့ ရောက်တော်မူလျှင်၊ ပေတရုက “အသျှင်၊ အကျွန့်ခြီကို ဆီးတော်မူပါမည်လော” ဟု မိန်းလျှောက်၏။
ယေဒါလည်း ခမည်းတော်က ငါ၏ နာမကြောင့် စီရွှတ်တော်မူသော ကူညီမစသော သူတည်းဟူသော သန့်ယှင်းသော ဝိညာဉ်တော်သည် ဟိသမျှအရာတိကို ပြသသွန်သင်တော်မူ၍ ငါပြောသမျှသော စကားတိကို သင်ရို့အား ပြန်လည်သတိရစီတော်မူလိမ့်မည်။