ယောဟန် 13:34 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား34 ‘အချင်းချင်း ချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်ရို့အား အဂု ငါပီး၏။ ငါသည် သင်ရို့ကိုချစ်ခသကဲ့သို့ သင်ရို့လည်း အချင်းချင်းချစ်ကြလော့။ အခန်းကိုကြည့်ပါ။ |
အို အဖ၊ ကိုယ်တော်သည် အကျွန်၌ လည်းကောင်း၊ အကျွန်သည် ကိုယ်တော်၌ လည်းကောင်း တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူရို့အားလုံးသည်လည်း အကျွန်ရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်ပါစီအကြောင်း အကျွန် ဆုတောင်းပါ၏။ အကျွန့်အား ကိုယ်တော်စီရွှတ်လိုက်ကြောင်းကို လောကသားတိ ယုံကြည်ကြစီရန် ထိုသူရို့ကို တစ်လုံးတစ်ဝတည်း ဖြစ်စီတော်မူပါ။
ညီအစ်ကိုမောင်နှမရို့၊ သင်ရို့ကို အကြောင်းပြု၍ ငါရို့သည် ဘုရားသခင်အား ကျေးဇူးတော်ကို အစဉ်မလတ် ချီးမွမ်းကြရ၏။ ထိုသို့ ကျေးဇူးတော်ချီးမွမ်းခြင်းသည် ငါရို့ အတွက် အလွန်သင့်မြတ်၏။ အကြောင်းမူကား သင်ရို့၏ ယုံကြည်ခြင်းသည် အလွန် ကြီးထွားလျက် သင်ရို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်သော မေတ္တာသည်လည်း သာ၍ တိုးပွား လာသောကြောင့် ဖြစ်၏။