23 ထိုသူရို့ထဲမှ ယေသျှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော့်နားကပ်၍ ထိုင်နိန်တော်မူ၏။
“ဆင်းရဲသားသည် သီလွန်၍ ကောင်းကင်တမန်ရို့သည် သူ့ကို အာဗြဟံ၏ ရင်ခွင်ပါးသို့ ယူဆောင်လားကြ၏။ သူဌေးကလည်း သီဆုံး၍ သင်္ဂြိုဟ်ခြင်းကို ခံရ၏။
ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။
ညီအစ်မနှစ်ယောက်ရို့က “အသျှင်၊ အသျှင်ချစ်တော်မူသောသူသည် ဖျားနာနိန်ပါ၏” ဟု ယေသျှုထံတော်သို့ သတင်းပို့လိုက်ကြ၏။
ယုဒလူအပေါင်းရို့က “ဤသူသည် လာဇရုကို ဇာလောက် ချစ်သည်ကို ကြည့်ကတ်ပါ” ဟု ဆိုကြ၏။
ယေသျှုသည် မာသ၊ သူမ၏အစ်မနှင့် လာဇရုရို့ကို ချစ်တော်မူ၏။
သျှိမုန်ပေတရုကလည်း “ကိုယ်တော်က ဇာသူ့ကို ရည်ရွယ်၍ မိန့်တော်မူပါသနည်း” ဟု မိန်းလျှောက်ရန် ထိုတပည့်တော်အား မျက်ရိပ်ပြ၍ မိန်းစီ၏။
ထို့ကြောင့် ထိုတပည့်တော်သည် ယေသျှုအနားသို့ ချဉ်းကပ်၍ “အသျှင်၊ ထိုသူကား ဇာသူဖြစ်သနည်း” ဟု လျှောက်၏။
ယေသျှုသည် ထိုနီရာ၌ မတ်တပ်ရပ်နိန်ကြသည့် သူ၏မိခင်နှင့် သူချစ်သော တပည့်တော် တစ်ယောက်ကို မြင်သောအခါ ကိုယ်တော်က မယ်တော်အား “သူသည် မယ်တော်၏သားဖြစ်၏” ဟု မိန့်တော်မူ၏။
သူမသည် သျှိမုန်ပေတရုနှင့် ယေသျှုချစ်သော တပည့်တော်ပါးသို့ ဗြီးလား၍ “သူရို့သည် သခင်ဘုရားအလောင်းကို သင်္ချိုင်းဂူထဲက ထုတ်ယူလားခယာ၊ ဇာနီရာမှာ ထားကြသည်ကို အကျွန်ရို့ မသိပါ” ဟု ပြော၏။
ပေတရုသည် နောက်ကို လှည့်၍ ကြည့်လိုက်သောအခါ ယေသျှု ချစ်သော တပည့်တော်သည် သူရို့ နောက်မှ လိုက်လာသည်ကို မြင်လေ၏။ ထိုသူသည် တစ်ချိန်က ညစာ စားကြသောအခါ သခင်ဘုရား၌ မှီလျက် “သခင်ဘုရားကို ဇာသူက သစ္စာဖောက်လိမ့်မည်နည်း” ဟု မိန်းသော တပည့်တော်ဖြစ်၏။
ထိုတပည့်တော်ကား ဤအကြောင်းအရာများကို သက်သီခံ၍ ရီးထားခသောသူ ဖြစ်၏။ သူ၏ သက်သီခံချက် မှန်သည်ကို ငါရို့ သိကြ၏။
ယေသျှု ချစ်သောတပည့်တော်က “သခင်ဘုရား ဖြစ်ပေ၏” ဟု ပေတရုအား ပြောလေ၏။ “သခင်ဘုရား ဖြစ်ပေ၏” ဟူသောစကား သျှိမုန်ပေတရုသည် ကြားလျှင်ကြားချင်း အဝတ်မဝတ်ဘဲ၊ အပြင်အင်္ကျီကို မိမိကိုယ်၌ ပတ်စည်းကာ ရီထဲသို့ ခုန်ဆင်းလေ၏။