22 ဇာသူ့ကို ရည်စူး၍ မိန့်တော်မူသည်ကို တပည့်တော်ရို့သည် စဉ်းစားမရနိုင်သဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြ၏။
သူရို့သည် စားနိန်ကြစဉ်တွင် ကိုယ်တော်က “သင်ရို့ကို ငါ အမှန်ဆိုသည်ကား၊ သင်ရို့ထဲက တစ်ယောက်သည် ငါ့အား သစ္စာဖောက်လိမ့်မယ်” ဟု ပြော၏။
တပည့်တော်တိသည် အလွန် စိတ်မချမ်းမသာဖြစ်ကြပြီး “အသျှင်ဘုရား၊ ကိုယ်တော်သည် အကျွန့်ကို ဆိုလိုခြင်း မဟုတ်သည်မှာ သေချာပါ၏လော” ဟု တစ်ယောက်ပြီး တစ်ယောက် ကိုယ်တော်အား မိန်းလျှောက်ကြ၏။
ကိုယ်တော်နှင့် တပည့်တော်ရို့သည် စားပွဲ၌ စားသောက်နိန်စဉ် ယေသျှုက၊ “သင်ရို့ကို ငါ အမှန်ဆိုသည်ကား သင်ရို့အထဲ၌ — ငါနှင့်အတူ စားသောသူတစ်ယောက်သည် — ငါ့ကို သစ္စာဖောက်လိမ့်မည်” ဟု မိန့်တော်မူ၏။
တပည့်တော်တိကလည်း စိတ်မကောင်းဖြစ်ကြပြီးလျှင် “ထိုသူကား အကျွန်လော” ဟု ကိုယ်တော်အား တစ်ယောက်ပြီးတစ်ယောက် မိန်းလျှောက်ကြ၏။
“သို့သော်လည်း ကြည့်ရှုကြလော။ ငါ့ကို ရန်သူလက်သို့ အပ်မည့်သူသည် ငါနန့်အတူ စားပွဲ၍ ဟိ၏။
တပည့်တော်ရို့သည် မိမိရို့အထဲမှ ဇာသူက ဤအမှုကို ပြုလိမ့်မည်နည်းဟု အချင်းချင်း မိန်းမြန်းကြ၏။
“သင်ရို့အားလုံးကို ရည်မှတ်ပြီး ငါပြောသည်မဟုတ်၊ ငါရွီးချယ်ထားသော သူတိကို ငါသိ၏။ ယေဒါလည်း ကျမ်းစာတော်မြတ်၌ ‘ငါ့ထမင်းကို စားသောသူသည် ငါ့ကို ခြီနှင့် ပြန်ကျောက်သတည်း’ ဟု ဖော်ပြထားသည်အတိုင်း ပြည့်စုံလာရမည်။
ဤသို့ မိန့်တော်မူပြီးသောအခါ ယေသျှုသည် အလွန်စိတ်သောက ရောက်တော်မူ၍ “ငါအမှန် ဆိုသည်ကား၊ သင်ရို့အထဲက တစ်ယောက်သည် ငါ့အား ရန်သူ့လက်သို့ အပ်နှံလိမ့်မည်” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။