16 ငါအမှန်ဆိုသည်ကား၊ ကျွန်သည် သခင်ထက် မကြီးမြတ်နိုင်သကဲ့သို့ စီရွှတ်ခြင်းခံရသူတိလည်း စီရွှတ်သူထက် မကြီးမြတ်နိုင်။
တပည့်တိုင်းသည် ဆရာထက် မသာနိုင်၊ သို့သော်လည်း ပညာသင်၍ ပြီးဆုံးသောအခါ တပည့်တိုင်းသည် မိမိရို့၏ဆရာကဲ့သို့ ဖြစ်လိမ့်မည်။”
‘ကျွန်သည် သခင်ထက် ကြီးမြတ်သည် မဟုတ်’ ဟု သင်ရို့အား ငါပြောခသည်ကို မှတ်ထားကြလော့။ လူတိက ငါ့ကို ညှည်းဆဲကြလျှင် သင်ရို့ကိုလည်း သာ၍ ညှည်းဆဲကြလိမ့်မည်။ သူရို့သည် ငါ၏အဆုံးအမကို နာခံလျှင် သင်ရို့၏ အဆုံးအမကိုလည်း နာခံကြလိမ့်မည်။
ယေသျှုကလည်း “ငါအမှန်ဆိုသည်ကား၊ တဖန် မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်ရ” ဟု မိန့်တော်မူ၏။
ယေသျှုကလည်း “သင်ရို့အား ငါအမှန် ဆိုသည်ကား၊ ရီ၌ လည်းကောင်း၊ ဝိညာဉ်တော်၌ လည်းကောင်း မွီးဖွားခြင်းကို မခံသောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ မဝင်ရ။
တိတုနှင့်ပတ်သတ်၍ ဖော်ပြရမည်ဆိုသော် သူသည် သင်ရို့ကို ကူညီရာ၌ ငါနှင့်အတူ ဆောင်ရွက်သောသူ၊ ငါ၏ လုပ်ဖော်ဆောင်ဖက်ဖြစ်၏။ သူနှင့်အတူ လိုက်လာကြသည့် အခြားသော ညီအစ်ကိုများမှာ ခရစ်တော်၏ ဘုန်းတန်ခိုးတော်ကို သယ်ဆောင်လာသော အသင်းတော်များ၏ ကိုယ်စားလှယ်များ ဖြစ်ကြ၏။
ငါ၏လုပ်ဖော်ဆောင်ဖက်၊ ငါနှင့်အတူ တိုက်ပွဲဝင်ခသူ၊ ငါ့အား ပြုစုခြင်းငှာ သင်ရို့ စီရွှတ်လိုက်သောသူ၊ ငါရို့၏ညီ ဧပဖြောဒိတ်ကို သင်ရို့ထံသို့ စီရွှတ်ရန် လိုအပ်သည်ဟု ငါယူဆ၏။