11 ယေသျှုသည် မိမိအား သစ္စာဖောက်မည်ကို သိသောကြောင့် ကိုယ်တော်က၊ “တစ်ယောက်သောသူမှတစ်ပါး သင်ရို့အားလုံးသည် စင်ကြယ်ကြ၏” ဟု မိန့်တော်မူခြင်းဖြစ်၏။
“သင်ရို့အားလုံးကို ရည်မှတ်ပြီး ငါပြောသည်မဟုတ်၊ ငါရွီးချယ်ထားသော သူတိကို ငါသိ၏။ ယေဒါလည်း ကျမ်းစာတော်မြတ်၌ ‘ငါ့ထမင်းကို စားသောသူသည် ငါ့ကို ခြီနှင့် ပြန်ကျောက်သတည်း’ ဟု ဖော်ပြထားသည်အတိုင်း ပြည့်စုံလာရမည်။
ယေသျှုနှင့် တပည့်တော်ရို့သည် ညစာစားလျက်နိန်ကြ၏။ ယေသျှုကို ရန်သူ့လက်သို့ အပ်နှံရန် မာရ်နတ်သည်သျှိမုန်သျှာကာရုတ်၏သား ယုဒ၏ စိတ်နှလုံးထဲ၌ အကြံအစည်ကို ထည့်ထားပြီး ဖြစ်သတည်း။
ဤသို့ မိန့်တော်မူပြီးသောအခါ ယေသျှုသည် အလွန်စိတ်သောက ရောက်တော်မူ၍ “ငါအမှန် ဆိုသည်ကား၊ သင်ရို့အထဲက တစ်ယောက်သည် ငါ့အား ရန်သူ့လက်သို့ အပ်နှံလိမ့်မည်” ဟု ပွင့်လင်းစွာ မိန့်တော်မူ၏။
ယေသျှုက “ဤမုန့်တစ်ဖဲ့ကို အချဉ်ရည်၌ တို့၍ ငါပီးသောသူဖြစ်၏” ဟု မိန့်တော်မူ၏။ ထို့နောက် မုန့်တစ်ဖဲ့ကို အချဉ်ရည်ခွက်ထဲ၌ တို့ပြီးလျှင် သျှိမုန်သျှာကာရုတ်၏သား ယုဒကို ပီးလေ၏။
အကျွန်သည် သူရို့နှင့်အတူ ဟိနိန်သောအချိန်မှာ ကိုယ်တော်၏နာမတော်တန်ခိုးဖြင့် အကျွန်အား ပီးထားသော သူရို့ကို အကျွန်သည် စောင့်ရှောက်ထားပါ၏။ ကျမ်းစာ ပြည့်စုံစီမည့်အကြောင်း တစ်ယောက်သောသူမှ လွဲ၍ သူရို့အားလုံးကို မပျက်စီးစီရန် အကျွန်စောင့်ရှောက်ထားပါ၏။
ယေသျှုသည် မိမိ၌ ဖြစ်လာမည့် ဤအကြောင်းအရာအားလုံးကို ကြိုတင်၍ သိတော်မူပြီး ဖြစ်သောကြောင့် သူရို့ထံပါးသို့ လားကာ “သင်ရို့သည် ဇာသူ့ကို ရှာနိန်ကြသနည်း” ဟု မိန်းတော်မူ၏။
ကိုယ်တော်သည် သူရို့၏ စိတ်နှလုံးထဲ၌ ဟိသောအရာများကို သိသောကြောင့် မည်သူမျှ သူရို့၏ အကြောင်းကို ကိုယ်တော်အား ပြောပြရန် မလိုပေ။