Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 12:41 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

41 ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 12:41
13 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေသျှုသည် မောသျှေ ကျမ်းမှစ၍ ပရောဖက်ကျမ်းအားလုံးတွင် မိမိအားရည်မှတ်၍ ရီးထားသမျှသော ကျမ်းချက် အနက်အဓိပ္ပာယ်တိကို ထိုသူရို့အား ယှင်းလင်းဖော်ပြတော်မူ၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။


ယေသျှုကလည်း “ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။


သင်ရို့သည် ကျမ်းစာတော်မြတ်ကို ကြိုးစား၍ လေ့လာကြ၏။ အကြောင်းမူကား သင်ရို့သည် ထိုအထဲ၌ ထာဝရအသက်ကို ရှာတွိ့လိမ့်မည်ဟု ထင်သောကြောင့်ဖြစ်၏။ ထိုကျမ်းစာတော်မြတ်ပင်လျှင် ငါ၏အကြောင်းကို သက်သီခံ၏။


ထိုသခင်ကို ယုံကြည်သမျှသော သူတိသည် ထိုအသျှင်၏ နာမတော်တန်ခိုးအားဖြင့် မိမိရို့၏အပြစ်မှ လွတ်မြောက်ခြင်းကို ခံရကြလိမ့်မည်ဟု ပရောဖက်တိ အားလုံးက ထိုအသျှင်၏အကြောင်းကို ဟောပြောခကြ၏” ဟု ဆိုလေ၏။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


မည်သည့်အချိန်၌ မည်သို့ ပေါ်ပေါက်လာမည်ကို သူရို့သည် ကြိုးစား၍ ရှာဖွီခကြ၏။ သူရို့အထဲ၌ဟိသော ခရစ်တော်၏ ဝိညာဉ်တော်က ဤကာလတွင် ခရစ်တော်ခံရမည့် ဝေဒနာနှင့် ထိုသို့ ခံတော်မူပြီးနောက် ပေါ်ထွန်းလာမည့် ဘုန်းတော်ကို ကြိုတင်၍ ဖော်ပြခ၏။


ထိုအခါ ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှာ သူ၏ခြီရင်းတွင် ပျပ်ဝပ်၏။ သို့ရာတွင် ကောင်းကင်တမန်က “ဤသို့ မပြုကေ့၊ ငါသည် အသျှင်ယေသျှု၏အကြောင်းကို သက်သီခံသော သင်နှင့် သင်၏ညီအစ်ကိုမောင်နှမရို့နှင့်အတူ လုပ်ဆောင်သူ တစ်ဦးသာ ဖြစ်၏။ ဘုရားသခင်ကိုသာ ကိုးကွယ်လော့” ဟု ဆို၏။ အကြောင်းမူကား အသျှင်ယေသျှု ဖော်ပြတော်မူသော သမ္မာတရားသည် ပရောဖက်ရို့အား လှုံ့ဆော်သောအရာဖြစ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ