Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 12:13 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

13 ထို့ကြောင့် သူရို့သည် စွန်ပလွံခက်များကို ယူ၍ “ဘုရားသခင်ကို ချီးမွမ်းကြလော။ သခင်ဘုရား၏ နာမတော်နှင့် ကြွလာတော်မူသော သူသည် မင်္ဂလာဟိစီသတည်း။ ဣသရေလ သျှင်ဘုရင်သည် မင်္ဂလာဟိစီသတည်း” ဟု ကြွေးကြော်လျက် ကိုယ်တော့်ကို ကြိုဆိုရန် ထွက်လာကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 12:13
19 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်ရို့ကို ငါဆိုသည်ကား ‘ထာဝရဘုရား၏နာမတော်ဖြင့် ကြွလာသောသူအား ဘုရားသခင် ကောင်းကြီးပီး ပါစီ’ ဟု သင်ရို့နှုတ်က မပြောသည့်တိုင်အောင် သင်ရို့သည် ယခုအချိန်မှစ၍ ငါ့ကို နောက်တဖန် မြင်ကြရလိမ့်မည် မဟုတ်” ဟု မိန့်တော်မူ၏။


သူရို့က “ဤသူကား သူတစ်ပါးကို ကယ်တင်ခ၏၊ သို့သော်လည်း မိမိကိုယ်ကို မကယ်တင်နိုင်ပါကား၊ သူသည် ဣသရေလလူမျိုးရို့ သျှင်ဘုရင်ဖြစ်၏၊ လက်ဝါးကပ်တိုင်က သူ့ကို အဂု ဆင်းခိုင်းလိုက်ပါ၊ ယေဆိုကေ သူ့ကို ငါရို့ ယုံကတ်ပါဖို့၊


နာသနေလကလည်း “ဆရာ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော် ဖြစ်ပါ၏။ ဣသရေလလူမျိုးရို့၏ ဘုရင်ဖြစ်ပါ၏” ဟု လျှောက်လေ၏။


ယေသျှုသည် မြည်းသျှေတစ်ကောင်ကို တွိ့၍ စီးတော်မူ၏။ ကျမ်းစာတော်မြတ်တွင်၊


“အို ဇိအုန်မြို့၊ မကြောက်ကေ့။ သင်ရို့၏ သျှင်ဘုရင်သည် မြည်းသျှေကိုစီး၍၊ ကြွလာသည်ကို ကြည့်ရှုကြလော” ဟု ဆိုထားသည်နှင့်အညီ ဖြစ်လေ၏။


ထိုသူရို့က “သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ။ သူ့ကို လက်ဝါးကပ်တိုင်မှာ တင်ပြီး သတ်ပစ်လိုက်ပါ” ဟု အော်ဟစ်၍ တောင်းဆိုကြ၏။ ပိလတ်မင်းက “သင်ရို့သည် ငါ့အား သင်ရို့၏ သျှင်ဘုရင်ကို လက်ဝါးကပ်တိုင်မှာ တင်၍ သတ်ခိုင်းနိန်ကြသလော” ဟု မိန်း၏။ ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများက “ငါရို့မှာ ဧကရာဇ်ဘုရင် တစ်ပါးတည်းသာ ဟိပါ၏” ဟု ပြန်ပြောကြ၏။


သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။


ကိုယ်တော်၏ ဝတ်လုံတော်နှင့် ပေါင်တော်တွင် “ဘုရင်တကာရို့၏ ဘုရင်၊ အသျှင်တကာရို့၏ အသျှင်” ဟူသော နာမကို ရီးထားလျက် ဟိ၏။


ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇာသူမျှ မရွီတွက်နိုင်သော လူအုပ်ကြီးကို တွိ့ရ၏။ သူရို့သည် ဘာသာစကား အမျိုးမျိုးကို ပြောဆိုသော တိုင်းနိုင်ငံအသီးသီး၊ ခပ်သိမ်းသော လူမျိုးအနွယ်အသီးသီးမှ လာကြသောသူတိ ဖြစ်ကြ၏။ သူရို့သည် ဝတ်လုံဖြူတိကို ဝတ်ပြီး စွန်ပလွံခက်တိကို ကိုင်ကာ ပလ္လင်တော်နှင့် သိုးသူငယ်တော်၏ ရှိ့၌ ရပ်နိန်ကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ