Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 11:52 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

52 ယုဒလူမျိုးတိအတွက်သာမက ကွဲလွင့်နိန်သော ဘုရားသခင်၏ လူမျိုးတော်များကို တစ်စုတစ်လုံးတည်း ဖြစ်စီရန် အသီခံရမည် ဟူ၍လည်းကောင်း ကြိုတင် ဟောကြားခြင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 11:52
40 ပူးပေါင်းရင်းမြစ်များ  

“မိန်းမတစ်ယောက်မှာ ငွီဒင်္ဂါးဆယ်ပြားဟိစွာထဲက တစ်ပြားပျောက်လားခလျှင်၊ သူမသည် ဆီမီးခွက်ထွန်းလျက် မိမိ၏အိမ်ကို လှဲကျင်းကာ မတွိ့မချင်း စိ့စိ့စပ်စပ် ရှာမည် မဟုတ်လော။


သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။


နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။


ဤသိုးခြံထဲသို့ မဝင်သော အခြားသိုးတိကိုလည်း ငါပိုင်သိမ့်၏။ ထိုသိုးတိကို ငါ ယူဆောင်ခရမည်။ သူရို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ထို့ကြောင့် သူရို့သည် သိုးထိန်းတစ်ပါးတည်းဟိသော သိုးအုပ်တစ်အုပ် ဖြစ်လာလိမ့်မည်။


ငါသည် မြီကြီးမှခွါ၍ မြှောက်ထားခြင်းကို ခံရသည့်အခါ လူတိုင်းကို ငါ့ထံသို့ ငါဆွဲမည်” ဟု မိန့်တော်မူ၏။


အကြောင်းမူကား ငါသည် သင်နှင့် အတူဟိ၏၊ မည်သူတစ်ဦး တစ်ယောက်မျှ သင့်ကို ညှည်းဆဲခြင်းငှါ မတတ်နိုင်၊ ဤမြို့၌ ငါ၏လူတိ များစွာ ဟိကြ၏” ဟူ၍ ဖြစ်၏။


တဖန် ဘုရားသခင်သည် ယုဒလူမျိုးတိ ဘုရားမျှသာ ဖြစ်တော်မူသလော၊ တခြားလူမျိုးတိ ဘုရား မဟုတ်ပါလော၊ အမှန်မှာ လူသားအားလုံး၏ဘုရား ဖြစ်တော်မူ၏။


ကျမ်းစာ လာသည်ကား “ငါသည် သင့်ကို များစွာသော လူမျိုးအပေါင်း၏ အဖ ဖြစ်စီပြီ” ဟူ၍ ဖြစ်၏။ ထို့ကြောင့် ထိုအာဗြဟံသည်ကား၊ သီသောသူကို အသက်ရှင်စီတော်မူထသော၊ မဖြစ်သိမ့်သောအရာတိကို ဖြစ်စီတော်မူထသော၊ သူယုံကြည်သည့် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့၏ အဖဖြစ်လေ၏။


ဘုရားသခင်သည် ယေသျှုခရစ်တော်အားဖြင့် ငါရို့ကို မိမိ၏သားသမီးများ ဖြစ်စီခြင်းငှာ ကြိုတင်သတ်မှတ်ထားတော်မူ၏။ ဤကား ကိုယ်တော်၏ အလိုတော်နှင့် အကြံအစည်တော်ပင်ဖြစ်၏။


ဘုရားသခင်သည် မိမိ၏ထာဝရ အကြံအစည်တော်နှင့်အညီ ငါရို့၏ အသျှင် ခရစ်တော်ယေသျှုအားဖြင့် ပြီးမြောက်စီတော်မူ၏။


ဘုရားသခင်နှင့် ငါရို့၏အသျှင် ယေသျှုခရစ်တော်၏ အခိုင်းအစီတစ်ယောက်ဖြစ်သော ငါ ယာကုပ်သည်၊ အရပ်ရပ်၌ ကွဲပြားပြန့်နှံ့နိန်ကြသော လူမျိုးနွယ် ၁၂ စု ရို့အား နှုတ်ဆက်လိုက်ပါ၏။


ယေသျှုခရစ်၏တမန်တော် ပေတရုပါးမှ — ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာယှိပြည်နှင့် ဗိသုနိပြည်များတွင် အာဂန္တုအဖြစ်နှင့် ပြန့်နှံ့နီထိုင်လျက်ဟိကြသော ဘုရားသခင် ရွီးချယ်တော်မူသည့် လူစုတော်ထံသို့ စာရီးလိုက်ပါ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။


ဤသို့ဖြင့် ဘုရားသခင်၏ သားသမီးတိနှင့် မာရ်နတ်၏ သားသမီးတိ ကွာခြားပုံကို သိရ၏။ ဖြောင့်မတ်ခြင်းတရားကို မကျင့်သောသူ၊ မိမိ၏ ညီအစ်ကိုမောင်နှမကို မချစ်သောသူသည် ဘုရားသခင်၏ သားသမီးမဟုတ်ပေ။


အဆွီရို့၊ အဂုအခါ ငါရို့သည် ဘုရားသခင်၏ သားသမီးတိ ဖြစ်ကြသော်လည်း နောင်အခါ၌ မည်သို့သောသူတိ ဖြစ်လာမည်ကို ယှင်းလင်းစွာ မသိရကတ်သိမ့်။ သို့ရာတွင် ခရစ်တော် ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်၏ ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါရို့သည် ကိုယ်တော်နှင့် တူကြမည်ကို ငါရို့သိကြ၏။


ထို့နောက် သူရို့က၊ “ကိုယ်တော်သျှင်သည် ဤစာလိပ်တော်ကို ယူ၍၊ ခြိပ်တံဆိပ်များကို ဖွင့်ထိုက်သောသူ ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သျှင်သည် အသီသတ်ခြင်းကို ခံတော်မူသောအားဖြင့်၊ ခပ်သိမ်းသော မျိုးနွယ်စုနှင့် ဘာသာစကားအမျိုးမျိုး၊ ခပ်သိမ်းသော လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးထဲမှ လူတိကို ဘုရားသခင်အဖို့ ရွီးနုတ်တော်မူပါ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ