ယောဟန် 11:47 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား47 သို့ဖြစ်၍ ဖာရိယှဲရို့နှင့် ယဇ်ပုရောဟိတ် အကြီးအကဲရို့သည် ယုဒလွှတ်အရာဟိတိကို စည်းဝေးစီ၍ “ဤသူသည် အံဖွယ်နိမိတ်လက္ခဏာတိကို ပြနိန်၏။ ငါရို့ ဇာပိုင် လုပ်ကြရမည်နည်း။ အခန်းကိုကြည့်ပါ။ |
သို့သော်၊ သင်ရို့ကို ငါဆိုသည်ကား၊ မိမိညီအစ်ကိုအား စိတ်ဆိုးဒေါသဖြစ်သူသည် တရားရုံး၌ အပြစ်စီရင်ခြင်းကို ခံထိုက်၏၊ မိမိ၏ညီအစ်ကိုတစ်ယောက်ကို ‘အသုံးမကျသောသူ’ ဟု ပြောဆိုသောသူသည် လွှတ်တော်ရုံးရှိ့၌ တရားစီရင်ခြင်းကို ခံထိုက်၏။ မိမိညီအစ်ကိုအား တန်ဖိုးမဟိသောသူ၊ အရူးဟု ပြောဆိုသောသူသည် ငရဲမီးအိုင်ထဲသို့ ပစ်ချခြင်းကို ခံထိုက်၏။
တမန်တော်ရို့သည် ကောင်းကင်တမန်စကားကို နာခံ၍ အာရုဏ်တက်ချိန်၌ ဗိမာန်တော်ထဲသို့ဝင်ပြီး စတင်၍ သွန်သင်ကြ၏။ ယဇ်ပုရောဟိတ်မင်းနှင့် သူ၏ အပေါင်းအပါရို့သည် စုံညီတရားလွှတ်တော် အစည်းအဝေးကို ပြုလုပ်ရန် ယုဒခေါင်းဆောင်အားလုံး စုရုံးစီကြ၏။ ထို့နောက် တမန်တော်ရို့ကို သူရို့ရှိ့သို့ ခေါ်ထုတ်လာရန် အစောင့်တပ်သားရို့ကို အမိန့်ပီး၍ အကျဉ်းထောင်သို့ စီရွှတ်ကြ၏။