44 ထိုအခါ သီလွန်သောသူသည် အသုဘအဝတ်ဖြင့် ခြီနှင့် လက်တိကို ရစ်ပတ်ထားပြီး၊ မျက်နှာ၌ အဝတ်ဖြင့် ပတ်ထားလျက် ထွက်လာလေ၏။ ယေသျှုကလည်း “သူ့ကို ဖြီပီး၍ လားခွင့်ပြုကြလော့” ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း ထိုအမှုအရာကို မည်သူ့ကိုမျှ မပြောစီခြင်းငှာ ထိုသူရို့အား တင်းကြပ်စွာမိန့်တော်မှုပြီးလျှင် “ဤသူငယ်မသျှေကို စားစာရာ တစ်စုံတစ်ခု ကျွေးလော့” ဟု မိန့်တော်မူ၏။
အခြားသော အခိုင်းအစီသည် လာပြီးလျှင် ‘အသျှင်၊ အသျှင်ပီးခသော ရွှီဒင်္ဂါး ဤမှာဟိပါ၏။ ထို ရွှီဒင်္ဂါးကို အကျွန်သည် ပုဝါနှင့်ထုပ်၍ သိမ်းထားပါ၏။
သီသောသူသည် ထ၍ ထိုင်ပြီးလျှင် စကားပြောလေ၏။ ထို့နောက် ကိုယ်တော်သည် သူ့ကို မိခင်ပါးသို့ အပ်တော်မူ၏။
ခမည်းတော်နှင့် ငါသည် တစ်လုံးတစ်ဝတည်း ဖြစ်၏” ဟု မိန့်တော်မူ၏။
ယေသျှုကလည်း “ကျောက်တုံးကို ဖယ်လိုက်ကြ” ဟု အမိန့်ပီးတော်မူ၏။ သီဆုံးသူ၏ အစ်မဖြစ်သော မာသက “အသျှင်၊ သင်္ဂြိုဟ်ထားသည်မှာ လေးရက်ဟိနီပြီဖြစ်၍ အနံ့ထွက်နိန်ဖို့ယာ” ဟု လျှောက်၏။
ထိုသို့မိန့်တော်မူပြီးနောက် ကိုယ်တော်က “လာဇရု ထွက်လာလော့” ဟု ကျယ်သောအသံနှင့် ဟစ်ခေါ်တော်မူ၏။
သူရို့နှစ်ယောက်သည် ယေသျှု၏ အလောင်းတော်ကို ယူ၍ သင်္ဂြိုဟ်သည့်အခါ ယုဒလူမျိုးတိ ဓလေ့ထုံးစံဟိသည့်အတိုင်း အမွှီးနံ့သာနှင့်အတူ ပိတ်ချောအဝတ်ဖြင့် ပတ်ရစ်ကြ၏။
သူသည် သင်္ချိုင်းဂူကို ငုံ့ကြည့်သောအခါ အလောင်းကို ပတ်ရစ်ထားသည့် ပိတ်ချောကိုသာ တွိ့မြင်၏။ သို့သော် ဂူအတွင်းသို့ မဝင်ဘဲနိန်၏။
ယေသျှု၏ ဂေါင်းမှာ ပေါင်းထားသည့် အဝတ်သည် ပိတ်ချောစနှင့် အတူမဟိဘဲ တခြားစီ လိပ်လျက် ဟိသည်ကို လည်းကောင်း တွိ့ရ၏။
ခမည်းတော်သည် သီသောသူကိုပင် ထမြောက်စီပြီး ထိုသူရို့အား အသက်ကို ပီးတော်မူ၏။ ထိုနည်းတူ သားတော်သည်လည်း မိမိအလိုဟိသော သူရို့အား အသက်ကို ပီးလိမ့်မည်။
ငါအမှန်ဆိုသည်ကား၊ သီသောသူရို့သည် ဘုရားသခင်သားတော်၏ အသံကို ကြားသောအခါ ပြန်၍ အသက်ရှင်လာမည့် အချိန်သည် လာ၍ အဂုပင် ရောက်လျက်ဟိ၏။
ကိုယ်တော်သည် အရာခပ်သိမ်းကို မိမိ၏ အာဏာစက်အောက်တွင် ရောက်စီတော်မူသော တန်ခိုးတော်အားဖြင့် ငါရို့၏ ဖောက်ပြန်ပျက်စီးတတ်သော ကိုယ်ခန္ဓာကို ဘုန်းတော်နှင့် ပြည့်စုံသော ကိုယ်ခန္ဓာနှင့်တူအောင် ပြောင်းလဲစီတော်မူလိမ့်မည်။
ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။