Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 11:40 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

40 ယေသျှုကလည်း “သင်ယုံကြည်လျှင် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မြင်ရလိမ့်မည်၊ ငါပြောထားသည် မဟုတ်လော” ဟု သူမအား မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 11:40
15 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်က “သင်ရို့၌ ယုံကြည်ခြင်း အလွန် အားနည်းသောကြောင့်ဖြစ်၏။ ငါ အမှန်ဆိုသည်ကား သင်ရို့သည် မုန်ညှင်းစိလောက်မျှ ယုံကြည်ခြင်းဟိမည်ဆိုလျှင် ဤတောင်ကို ‘ဤနီရာက ထိုနီရာသို့ ရွှိ့လော့’ ဟု ဆိုလျှင် တောင်သည် ရွှိ့လားမည်ဖြစ်၏။ သင်ရို့မလုပ်နိုင်သောအရာသည်မဟိ” ဟု မိန့်တော်မူ၏။


ယေသျှုက “ဇာကြောင့် ‘တတ်နိုင်တော်မူလျှင်’ ဟူ၍ ပြောသနည်း။ ယုံကြည်ခြင်းဟိသောသူအဖို့ ခပ်သိမ်းသော အမှုအရာကို တတ်စွမ်းနိုင်သည်” ဟု ထိုသူအား မိန့်တော်မူ၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ထိုသတင်းကို ယေသျှုကြားတော်မူလျှင် “လာဇရု၏ ဖျားနာခြင်းသည် သီနာမဟုတ်။ ဘုရားသခင်၏ဘုန်းတော် ထင်ရှားရန် ဖြစ်၏။ ထိုဖျားနာခြင်းကြောင့် ဘုရားသခင်၏ သားတော်သည် ဘုန်းတော်ထင်ရှား လိမ့်မည်” ဟု မိန့်တော်မူ၏။


ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။


ယေသျှုက “သူ၏ အပြစ်ကြောင့် မဟုတ်၊ မိဘ အပြစ်ကြောင့်လည်း မဟုတ်။ ဤသူ၌ ဖြစ်သောအရာကား ဘုရားသခင်၏ တန်ခိုးတော်ကို ထင်ရှားစီရန် ဖြစ်၏။


ထို့ကြောင့် ထိုအသျှင်၏အသီခံခြင်း၌ ဗတ္တိဇံကို ခံယူထားကြသည်ဖြစ်၍ ထိုအသျှင်နှင့် အတူ သင်္ဂြိုဟ်ခြင်းကို ခံထားပြီးဖြစ်ကြ၏။ သို့ဖြစ်၍ ခရစ်တော်သည် အဖ၏ဘုန်းတန်ခိုးတော်ဖြင့် သီခြင်းမှ ထမြောက်လာသကဲ့သို့၊ ငါရို့သည်လည်း အသစ်သော အသက်တာတစ်ခုဖြင့် ရှင်သန်ရကြ၏။


ငါရို့အားလုံးသည် မျက်နှာကို မဖုံးအုပ်ဘဲ ဘုရားသခင်၏ ဘုန်းတန်ခိုးတော်သည် ထင်ဟပ်လျက် ဟိကြ၏။ ထိုဘုန်းတန်ခိုးတော်သည် သခင်ဘုရားထံမှ လာသော ဝိညာဉ်တော်ဖြစ်၏။ ထိုဝိညာဉ်တော်သည် ကြီးစွာသော ဘုန်းတန်ခိုးတော်၌ ကိုယ်တော်၏ ပုံသဏ္ဌာန်တော်နှင့်အညီ ငါရို့ကို ပြောင်းလဲစီတော်မူ၏။


ခရစ်တော်၏ မျက်နှာတော်တွင် ထွန်းလင်းလျက်ဟိသော ဘုရားသခင်၏ ဘုန်းတန်ခိုးတော်အကြောင်းကို သိနိုင်စီခြင်းငှာ ငါရို့၏ စိတ်နှလုံး၌ အလင်းကို ထွန်းလင်းစီတော်မူသော ဘုရားသခင်ကား “အမှောင်ထဲမှ အလင်းပေါ်ထွန်းလိမ့်မည်” ဟု မိန့်တော်မူခသော ဘုရားသခင်ပင် ဖြစ်သတည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ