Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 11:25 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

25 ယေသျှုကလည်း “ငါသည် ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်း ဖြစ်၏။ ငါ့ကို ယုံကြည်သောသူသည် သီလွန်သော်လည်း အသက်ရှင်လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 11:25
41 ပူးပေါင်းရင်းမြစ်များ  

ယေသျှုက “ဤနိ့ပင် သင်သည် ငါနန့်အတူ ပရဒိသုဘုံ၌ ဟိလိမ့်မည်ဟု ငါ ကတိပီး၏” ဟု မိန့်တော်မူ၏။


ထိုနှုတ်ကပတ်တော်သည် အသက်၏ အရင်းအမြစ်ဖြစ်၏။ ထို အသက်သည်ကား လူသားရို့အဖို့ အလင်းကို ယူဆောင်လာ၏။


ခဏကြာလျှင် ဤလောကသားတိ ငါ့ကို မမြင်ရသော်လည်း သင်ရို့ကား မြင်ရလိမ့်မည်။ ငါသည် အသက်ရှင်သည်ဖြစ်၍ သင်ရို့လည်း အသက်ရှင်ကြလိမ့်မည်။


ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။


ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။


ထိုသားတော်ကို ယုံကြည်လက်ခံသောသူသည် ထာဝရအသက်ကို ရ၏။ သားတော်ကို မယုံကြည်သောသူမူကား အသက်ကိုမရဘဲ ဘုရားသခင်၏ အမျက်တော်အောက်၌ နိန်သောသူ ဖြစ်၏။


ခမည်းတော်သည် သီသောသူကိုပင် ထမြောက်စီပြီး ထိုသူရို့အား အသက်ကို ပီးတော်မူ၏။ ထိုနည်းတူ သားတော်သည်လည်း မိမိအလိုဟိသော သူရို့အား အသက်ကို ပီးလိမ့်မည်။


အကြောင်းမူကား ခမည်းတော် ကိုယ်တိုင် အသက်၏ အရင်းအမြစ် ဖြစ်သကဲ့သို့ သားတော်ကိုလည်း ထိုသို့ ဖြစ်စီခြင်းငှာ အခွင့်ပီးတော်မူ၏။


ယေသျှုကလည်း ထိုသူရို့အား “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် ဇာခါမျှ ဆာမွတ်လိမ့်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည် တဖန် ဇာခါမျှ ရီငတ်လိမ့်မည်မဟုတ်။


ခမည်းတော်သည် လူတိကို ငါ့ထံသို့ မပို့ဆောင်လျှင် ဇာသူမျှ ငါ့ထံသို့ မလာနိုင်။ ငါသည်လည်း ထိုသူရို့အား နောက်ဆုံးသောနိ့၌ ရှင်ပြန်ထမြောက်စီမည်။


ထို့ကြောင့် အသက်ကို ပီးပိုင်သောသူကို ကွပ်မျက်လိုက်ကြ၏။ သို့သော် ဘုရားသခင်သည် ထိုသခင်ကို သီခြင်းတရားမှ ရှင်ပြန်ထမြောက်တော်၏။ ငါရို့သည် ထိုအကြောင်းအရာ၏ သက်သီဖြစ်ကြ၏။


ကျမ်းစာ လာသည်ကား “ငါသည် သင့်ကို များစွာသော လူမျိုးအပေါင်း၏ အဖ ဖြစ်စီပြီ” ဟူ၍ ဖြစ်၏။ ထို့ကြောင့် ထိုအာဗြဟံသည်ကား၊ သီသောသူကို အသက်ရှင်စီတော်မူထသော၊ မဖြစ်သိမ့်သောအရာတိကို ဖြစ်စီတော်မူထသော၊ သူယုံကြည်သည့် ဘုရားသခင်၏မျက်မှောက်တော်၌ ငါရို့၏ အဖဖြစ်လေ၏။


အကြောင်းမူကား ခရစ်တော်ယေသျှုအားဖြင့် အသက်ကို ပီးသော ဝိညာဉ်တော်၏တရားသည် အပြစ်တရားနှင့် သီခြင်းတရားမှ ငါ့ကို လွတ်မြောက်စီတော်မူ၏။


ခရစ်တော်၌ အိပ်ပျော်သော သူရို့သည်လည်း ဆုံးယှုံးခြင်းသို့သာ ရောက်ကြပေမည်။


အဂုတွင် ရှင်ပြန်ထမြောက်ခြင်းမဟိလျှင် သီလွန်သော သူရို့ကိုယ်စား ဗတ္တိဇံမင်္ဂလာကို ခံယူသောသူရို့သည် ဇာကြောင့် ထိုသို့ ပြုကြသနည်း။ သီခြင်းမှ ရှင်ပြန်ထမြောက်ခြင်း လုံးဝမဟိလျှင် သူရို့သည် သီလွန်သောသူရို့၏ကိုယ်စား ဇာကြောင့် ဗတ္တိဇံမင်္ဂလာကို ခံယူကြသနည်း။


အသျှင်ယေသျှုအား သီခြင်းတရားမှ ရှင်ပြန်ထမြောက်စီသော ဘုရားသခင်သည် ငါရို့ကိုလည်း ယေသျှုနှင့်အတူ ရှင်ပြန်ထမြောက်စီတော်မူပြီးလျှင် သင်ရို့နှင့်အတူ ကိုယ်တော်၏ ရှိ့တော်မှောက်သို့ ခေါ်ဆောင်တော်မူမည့်အကြောင်းကို ငါရို့ သိကြ၏။


ငါ၌ စိတ်နှစ်ခွဖြစ်လျက်နိန်ပေ၏။ ငါသည် ဤဘဝကို စွန့်၍ ခရစ်တော်နှင့်အတူ နိန်လိုပါ၏။ အကြောင်းမူကား ထိုသို့ပြုလျှင် ငါ့အဖို့ သာ၍ အကျိုးဟိ၏။


ငါသည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ကိုယ်တော်​၏​ရှင်ပြန်ထမြောက်တော်မူခြင်း၏ တန်ခိုးတော်ကို ခံစားရခြင်း၊ ခရစ်တော်နှင့်အတူ ဆင်းရဲဒုက္ခတိကို ခံရခြင်း၊ ကိုယ်တော် အသီခံတော်မူခြင်း၌ သဏ္ဌာန်တူလာရန်ကိုသာ လိုချင်တောင့်တ၏။


အကြောင်းမူကား ယေသျှုသည် အသီခံတော်မူပြီးနောက် တဖန် ထမြောက်တော်မူသည်ဟု ငါရို့ ယုံကြည်ကြလျှင် ဘုရားသခင်သည် ထိုအသျှင်ကို ယုံကြည်လျက် သီလွန်ပြီးသောသူရို့အား ယေသျှုနှင့်အတူ ပြန်၍ ခေါ်ထုတ်တော်မူလိမ့်မည်။


ငါသည် အသက်ရှင်တော်မူသော သူဖြစ်၏။ ငါသည် သီခသော်လည်း အဂုတွင် ထာဝရအသက်ရှင်လျက် ဟိ၏။ ငါသည် သီခြင်းတရားနှင့် မရဏာနိုင်ငံကို အစိုးရ၏။


(သီလွန်သောသူရို့ထဲမှ ကျန်ကြွင်းသော အနှစ်တစ်ထောင် ကုန်လွန်ပြီးမှ အသက်ပြန်ရှင်ကြရ၏။) ဤသည်ကား သီဆုံးလားသောသူရို့အား ဘုရားသခင်သည် ပထမအကြိမ် ရှင်ပြန်ထမြောက်စီတော်မူခြင်း ဖြစ်သတည်း။


ကိုယ်တော်သည် သူရို့၏ မျက်ရည်ဟိသမျှကို သုတ်တော်မူလိမ့်မည်။ နောက်တဖန် သီဆုံးခြင်း၊ ဝမ်းနည်းပူဆွီးခြင်း၊ ငိုကြွီးခြင်းနှင့် နာကျင်ခြင်းများသည် မဟိရ။ ရှိ့ဖြစ်ဖူးသော အရာများသည် ပျောက်ကွယ်လားယာ” ဟု ဆို၏။


ထို့နောက် ကောင်းကင်တမန်သည် ငါ့အား အသက်ရီစီးရာ မြစ်ကိုလည်း ပြ၏။ ထိုမြစ်သည် သလင်းကျောက်ကဲ့သို့ ကြည်လင်တောက်ပကာ ဘုရားသခင်နှင့် သိုးသူငယ်တော်၏ပလ္လင်မှ ထွက်၍၊


ဝိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက “ကြွလာတော်မူပါ” ဟု ဆိုကြ၏။ ဤရာကို ကြားသောသူမှန်သမျှသည်လည်း “ကြွလာတော်မူပါ” ဟု ဆိုကတ်ပါစီ။ ရီငတ်သောသူသည် လာပါစီ။ အသက်ရီကို အလိုဟိသောသူသည် အခမဲ့ ယူပါစီ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ