9 ငါသည် တန်းခါးဝဖြစ်၏။ ငါ့အားဖြင့် ဝင်သောသူသည် ဘေးကင်းစွာ ဝင်ထွက်လားလာ၍ စားကျက်ကို တွိ့ရလိမ့်မည်။
ယေသျှုက “ငါအမှန် ဆိုသည်ကား၊ သိုးခြံထဲသို့ တန်းခါးပေါက်မှ မဝင်ဘဲ အခြားသောလမ်းဖြင့် ကျော်ဝင်သောသူသည် သူခိုးဒါးပြ ဖြစ်၏။
ထိုသူအား တန်းခါးစောင့်သည် တန်းခါးကို ဖွင့်ပီး၏။ သိုးများသည် သူ့အသံကို နားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးများကို နာမည်ခေါ်၍ သိုးခြံမှ ထုတ်ပြီးလျှင် သိုးများကို ဦးဆောင်လားတတ်၏။
တဖန် ယေသျှုက၊ “ငါအမှန် ဆိုသည်ကား၊ ငါသည် သိုးဝင်သော တန်းခါးဝဖြစ်၏။
ယေသျှုကလည်း၊ “ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်း ဖြစ်၏။ ငါ့ကို အမှီမပြုလျှင် ခမည်းတော်ထံသို့ တစ်ယောက်မျှ မရောက်နိုင်။
တခြားလူမျိုးတိနှင့် ယုဒလူမျိုးတိ ဖြစ်ကြသော ငါရို့အားလုံးသည် ခရစ်တော်အားဖြင့် တစ်ပါးတည်းသော ဝိညာဉ်တော်ကို အမှီပြုလျက် ခမည်းတော်၏ ရှိ့တော်မှောက်သို့ ဝင်ရောက်ခွင့် ရကြ၏။