ယောဟန် 10:32 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား32 ယေသျှုက “ခမည်းတော် စီခိုင်းတော်မူသဖြင့် ငါသည် များစွာသော ကောင်းမြတ်သောအမှုတိကို ပြခယာ။ ထိုအမှုတိထဲက ဇာအမှုအတွက်ကြောင့် သင်ရို့က ငါ့ကို ကျောက်ခဲနှင့်ပစ်ရန် လုပ်ကြသနည်း” ဟု မိန်းတော်မူ၏။ အခန်းကိုကြည့်ပါ။ |
နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။
“အို၊ ဣသရေလအမျိုးသားရို့၊ ငါ့စကားကို နားထောင်ကြလော့။ နာဇရက်မြို့သား ယေသျှုသည် ဘုရားသခင်၏ အံ့ဖွယ်ရာများနှင့် နိမိတ်လက္ခဏာများကို ပြသခသော ဘုရားသခင်၏ အခွင့်အာဏာရသည့် လူသားတစ်ယောက်ဖြစ်ကြောင်းကို သင်ရို့အား ထင်ရှားစွာ သက်သီပြတော်မူခယာ။ ထိုအရာများသည် သင်ရို့ကြားမှာ ဖြစ်ပျက်ခသည်ကို သင်ရို့ကိုယ်တိုင် သိခကြ၏။