7 ထိုသူသည် အလင်းတော်အကြောင်းကို လူအပေါင်းရို့သည် ကြား၍ ယုံကြည်ခြင်းငှာ ဟောပြောသက်သီခံရန် ကြွလာသောသူဖြစ်၏။
သို့ရာတွင် ထိုသူအား ယုံကြည်လက်ခံသမျှသော သူသည် ဘုရားသခင်၏သားသမီးတိ ဖြစ်ခွင့်ကို ရကြ၏။
ယောဟန်သည် ထိုသူ၏ အကြောင်းကို ဟောပြောသက်သီခံသည်ကား၊ “ ‘ထိုသူသည် ငါ့နောက် ကြွလာမည်၊ သို့သော် ငါမမွီးမီကပင် ဟိနှင့်နိန်သည် ဖြစ်သောကြောင့် ငါ့ထက် ကြီးမြတ်သောသူ ဖြစ်သည်’ ဟု ဆိုရာတွင် ထိုသူကို ဆိုလိုခြင်းဖြစ်၏” ဟု ကြွေးကြော်လေ၏။
ယေရုဆလင်မြို့၌ ဩဇာဟိသော ယုဒလူရို့သည် ယဇ်ပုရောဟိတ်ရို့နှင့် လေဝိရို့ကို ယောဟန်ပါးသို့ စီရွှတ်၍ “သင်ကား ဇာသူနည်း” ဟု သူရို့သည် မိန်းကြလျှင်၊
ယေသျှု ကြွတော်မှုသည်ကို မြင်လျှင် “ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့” ဟု ဆို၏။
ထိုအလင်းတော်သည် လောကသို့ ကြွလာပြီးလျှင် လူသားအပေါင်းရို့တွင် ထွန်းလင်းပြီး — စစ်မှန်သောအလင်း ဖြစ်တော်မူ၏။
ထိုအခါ ပေါလုက “ယောဟန်၏ ဗတ္တိဇံသည် နောင်တတရားနှင့်ဆိုင်သော ဗတ္တိဇံ ဖြစ်၏။ ယောဟန်က၊ မိမိနောက်၌ ကြွလာတော်မူမည့် သူကို ယုံကြည်စီခြင်းငှာ ဣသရေလလူရို့အား ဟောပြောခ၏။ ထိုအသျှင်သည်ကား ယေသျှုပေတည်း” ဟု ဆို၏။
သင်ရို့အားလုံးသည် ခရစ်တော်ယေသျှု၌ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ သားသမီးများဖြစ်ကြ၏။
ဘုရားသခင်၏နက်နဲသော အကြံအစည်တော်သည် ဇာပိုင် အကောင်အထည်ပေါ် လာမည်ကို လူအပေါင်းရို့အား ယှင်းလင်းဖော်ပြစီခြင်းငှာ အခွင့်ထူးကို လည်းကောင်း ငါ့အား ပီးသနားတော်မူ၏။ ခပ်သိမ်းသောအရာတိကို ဖန်ဆင်းတော်မူသော ဘုရားသခင်သည် ရှီးကာလ အဆက်ဆက်က ထိုအကြံအစည်တော်ကို ဝှက်ထားတော်မူခ၏။
လူအပေါင်းရို့သည် သမ္မာတရားကို သိ၍ ကယ်တင်ခြင်းခံရစီခြင်းငှာ ဘုရားသခင် အလိုဟိတော်မူ၏။
အကြောင်းမူကား လူအပေါင်းရို့အား ကယ်တင်တော်မူသော ဘုရားသခင်၏ကျေးဇူးတော်သည် ပေါ်ထွန်းတော်မူပြီ။
လူတချို့ ထင်မှတ်ထားသည့်အတိုင်း သခင်ဘုရားသည် မိမိ၏ ကတိတော်အရာ၌ ကြန့်ကြာတော် မူသည်မဟုတ်။ မည်သူတစ်ယောက်မျှ မပျက်စီးနိုင်ဘဲ လူတိုင်း အပြစ်မှ နောင်တရစီရန် အလိုတော်ဟိသောကြောင့် သင်ရို့ကို စိတ်ရှည်သည်းခံတော်မူ၏။