Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 1:29 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

29 နောက်တစ်နိ့၌ ယောဟန်သည် မိမိထံသို့ ယေသျှုကြွလာသည်ကို မြင်သော်၊ “လောကသားရို့၏ အပြစ်ကို ယူဆောင်လားတော်မူမည့် ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 1:29
65 ပူးပေါင်းရင်းမြစ်များ  

သူမသည် သားယောက်ျားကို ဖွားမြင်လိမ့်မည် — သူ၏လူတိကို အပြစ်မှ ကယ်တင်မည့်သူဖြစ်သောကြောင့် — သူ့ကို ယေသျှုဟူ၍ အမည်မှည့်ရလိမ့်မည်” ဟု ကောင်းကင်တမန်က ပြောလေ၏။


လူသားသည် သူတစ်ပါးကို စီခိုင်းရန် ကြွလာခြင်းမဟုတ်၊ လူတိကို ရွီးနုတ်ခြင်းငှာ မိမိအသက်ကို စွန့်၍ အစီခံရန် ကြွလာခြင်းဖြစ်၏” ဟု ဆုံးမသြဝါဒ ပီးတော်မူ၏။


နောက်တစ်နိ့၌ ယောဟန်သည် မိမိ၏တပည့်တော် နှစ်ယောက်နှင့်အတူ ထိုအရပ်၌ တဖန် ရပ်လျက်နိန်စဉ်၊


ယေသျှု ကြွတော်မှုသည်ကို မြင်လျှင် “ဘုရားသခင်၏ သိုးသူငယ်တော်ကို ကြည့်ကြလော့” ဟု ဆို၏။


နောက်တစ်နိ့၌ ယေသျှုသည် ဂါလိလဲပြည်သို့ ကြွခြင်းငှာ အလိုဟိ၏။ ဖိလိပ္ပုကို တွိ့လျှင် “ငါ့နောက်သို့ လိုက်လော့” ဟု ထိုသူအား မိန့်တော်မူ၏။ (


နောက်နှစ်ရက်ကြာသောအခါ ဂါလိလဲပြည်၊ ကာနမြို့၌ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပရာ ယေသျှု၏မယ်တော်သည် ထိုနီရာ၌ ဟိတော်မူ၏။


ဘုရားသခင်သည် လောကသားရို့ကို လွန်စွာချစ်တော်မူသဖြင့် မိမိ၌ တစ်ပါးတည်းသောသားတော်ကို ပီးတော်မူ၏။ အကြောင်းမူကား ထိုသားတော်ကို ယုံကြည်သော သူရို့သည် ပျက်စီးခြင်းသို့ မရောက်ဘဲ ထာဝရအသက်ကို ရစီခြင်းငှာဖြစ်၏။


ထို့နောက် သူရို့က “အဂု အကျွန်ရို့ ယုံကြည်သည်မှာ သင်၏ ပြောပြခြင်းကြောင့်မဟုတ်၊ အကျွန်ရို့ကိုယ်တိုင် ကြားရပြီးလျှင် ထိုအသျှင်သည် လောက၏ စစ်မှန်သော ကယ်တင်သျှင်ဖြစ်ကြောင်းကို အကျွန်ရို့ သိသောကြောင့်ဖြစ်၏” ဟု ထိုမိန်းမအား ပြောဆိုကြ၏။


ငါသည် ကောင်းကင်ဘုံမှ ဆင်းသက်တော်မူသော အသက်ရှင်သော မုန့်ဖြစ်၏။ သင်ရို့သည် ထိုမုန့်ကို စားလျှင် ထာဝရ အသက်ရှင်လိမ့်မည်။ လောကသားရို့သည် အသက်ရှင်နိုင်မည့်အကြောင်း ငါပီးသောမုန့် ဟူမူကား ငါ၏အသွီးအသားပင် ဖြစ်၏” ဟု မိန့်တော်မူ၏။


ထိုသူ ဖတ်နိန်သည့် ကျမ်းစာပိုဒ်ကား၊ “အသီသတ်ရန် ဆွဲယူလားသော သိုးကဲ့သို့၊ သူ့ကို ဆောင်ယူလားကြ၏။ သိုးသျှေသည် အမွီးညှပ်သူရို့ရှိ့၌ နှုတ်ဆိတ်၍နိန်သကဲ့သို့၊ မိမိနှုတ်ကို မဖွင့်ဘဲနိန်၏။


ငါသည် ကိုယ်တိုင် ခံယူရဟိသည့် အဓိက​အကျဆုံး​သော​အရာ​ကို သင်ရို့အား ပီးအပ်သည့် အကြောင်းမှာ ကျမ်းစာလာသည့်အတိုင်း ခရစ်တော်သည် ငါရို့အပြစ်ကြောင့် အသီခံတော်မူ၏၊


ခရစ်တော်သည် အပြစ်ကင်းသော်လည်း ဘုရားသခင်သည် ငါရို့အပြစ်အတွက်ကြောင့် ခရစ်တော်အား အပြစ်ဟိသောသူဟု မှတ်တော်မူ၏။ ဤသည်ကား ငါရို့သည် ထိုအသျှင်အားဖြင့် ဘုရားသခင်ရှိ့တော်၌ ဖြောင့်မတ်သောသူ ဖြစ်မည်အကြောင်းတည်း။


ငါရို့အဖ ဘုရားသခင်၏ အလိုတော်နှင့်အညီ ခရစ်တော်သည် ငါရို့အား ဤဆိုးယုတ်သော မျက်မှောက်ကာလမှ ကယ်တင်နိုင်ရန် ငါရို့၏အပြစ်တိအတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


သို့ရာတွင် “သစ်တိုင် ထက်တွင် ဆွဲထားခြင်းကို ခံရသောသူသည် ဘုရားသခင်၏ ကျိန်ခြင်းခံရသူဖြစ်၏” ဟု ကျမ်းစာတော်မြတ်၌ လာသည်နှင့်အညီ ခရစ်တော်သည် ငါရို့အတွက်ကြောင့် ကျိန်ခြင်းကို ခံရသောသူဖြစ်ပြီး ငါရို့အား ပညတ်တရား၏ ကျိန်ခြင်းမှ ရွီးနုတ်တော်မူ၏။


ကိုယ်တော်သည် လူတိုင်းကို ရွီးနုတ်တော်မူရန် မိမိကိုယ်ကို စွန့်ပီးတော်မူ၏။ ဤသည်ကား ကာလအချိန်ရောက်သောအခါ ဘုရားသခင်သည် လူတိုင်းကို ကယ်တင်ရန် အလိုဟိကြောင်း သက်သီပြတော်မူခြင်းပင် ဖြစ်၏။


ကယ်တင်သျှင် ယေသျှုခရစ်တော်သည် ငါရို့ကို ခပ်သိမ်းသော မတရားမှုထဲမှ ရွီးနုတ်ကယ်တင်ပြီး မိမိပိုင်သောသူအပေါင်းရို့သည် မိမိအတွက် သန့်ယှင်းစင်ကြယ်၍ ကောင်းသောအမှုကို ပြုခြင်းငှာ စိတ်အားထက်သန်သောသူတိ ဖြစ်လာကြစီရန် ငါရို့အတွက် မိမိကိုယ်ကို စွန့်တော်မူ၏။


သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ထွန်းတောက်စီတော်မူပြီး တိကျမှန်ကန်သော ဘုရားသခင်၏ဇာတိတော် ဖြစ်၏။ မိမိ၏တန်ခိုးနှင့် ပြည့်စုံတော်မူသော နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို တည်စီတော်မူ၏။ လူသားတိကို အပြစ်မှ လွတ်မြောက်ရန် ဆောင်ရွက်ပီးပြီးနောက် ကောင်းကင်ဘုံ၌ အနန္တတန်ခိုးသျှင် ဘုရားသခင်၏ လက်ယာတော်ဖက်တွင် ထိုင်တော်မူ၏။


အကြောင်းမှာ လူတိ အပြစ်မှ ခွင့်ရွှတ်ခြင်း ရစီခြင်းငှာ ကိုယ်တော်သည် ဘုရားသခင်၏အမှုတော်ကို ဆောင်ရွက်ရာ၌ သစ္စာနှင့်လည်းကောင်း ကရုဏာနှင့်လည်းကောင်း ပြည့်စုံသော ယဇ်ပုရောဟိတ်မင်း ဖြစ်လာစီရန်နှင့် အရာရာ၌ မိမိ၏ညီအစ်ကို မောင်နှမကဲ့သို့ ဖြစ်လာစီရန် ဖြစ်၏။


ခရစ်တော်သည်လည်း များစွာသောသူရို့၏အပြစ်များကို ဖယ်ယှားရန် မိမိကိုယ်ကို တစ်ကြိမ်တည်း ပူဇော်ပြီးမှ ဒုတိယအကြိမ်၌ကား အပြစ်အတွက်မဟုတ်ဘဲ မိမိအား စောင့်မျှော်နိန်ကြသောသူရို့ကို ကယ်တင်ရန် ပေါ်ထွန်းလာတော်မူလိမ့်မည်။


အပြစ်အနာအဆာကင်းစင်သည့် သိုးသငယ်နှင့်တူသော ခရစ်တော်၏ အဖိုးထိုက်သော အသွီးတော်အားဖြင့် ဖြစ်၏။


ငါရို့သည် အပြစ်တရား၌ သီဆုံး၍ ဖြောင့်မတ်ခြင်းတရား၌ အသက်ရှင်စီမည်အကြောင်း ခရစ်တော်သည် ငါရို့၏ အပြစ်များကို မိမိ၏ကိုယ်ခန္ဓာ၌ ယူဆောင်ကာ ကိုယ်တော်တိုင် လက်ဝါးကပ်တိုင်ထက်၌ အသီခံတော်မူ၏။ သင်ရို့သည် ကိုယ်တော်၏ ဒဏ်ရာဒဏ်ချက်တော်အားဖြင့် အနာပျောက်ကင်းခြင်း အခွင့်ကို ရကြ၏။


ဇာကြောင့်ဆိုသော် မဖြောင့်မတ်သောသူတည်းဟူသော သင်ရို့အားလုံးကို ဘုရားသခင်ထံတော်သို့ ပို့ဆောင်ပီးခြင်းငှာ ဖြောင့်မတ်သောသူတည်းဟူသော ခရစ်တော်သည် ငါရို့အပြစ်တိအတွက် တစ်ကြိမ်တည်းနှင့်အပြီး အသီခံတော်မူခ သောကြောင့် ဖြစ်၏။ ကိုယ်တော်သည် ကိုယ်ကာယအားဖြင့် အသီသတ်ခြင်းကို ခံရသော်လည်း ဝိညာဉ်တော်အားဖြင့် အသက်ရှင်လျက် ဟိတော်မူ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ခွင့်ရွှတ်တော်မူပြီး ငါရို့၏ အပြစ်များသာမက လောကီသားအပေါင်းရို့၏ အပြစ် ဖြေစရာအကြောင်း ဖြစ်တော်မူ၏။


ခရစ်တော်သည် ငါရို့၏ အပြစ်များကို ယူဆောင်လားရန် ပေါ်ထွန်းတော်မူကြောင်းကို သင်ရို့ သိကြ၏။ ကိုယ်တော်၌ကား မည်သည့် အပြစ်မျှမဟိ။


ချစ်ခြင်းမေတ္တာဟုဆိုရာ၌ ငါရို့သည် ဘုရားသခင်အား ချစ်သည့်မေတ္တာကို မဆိုလို။ ကိုယ်တော်သည် ငါရို့ကိုချစ်၍ ငါရို့၏ အပြစ်အတွက် အပြစ်ဖြေစရာယဇ်ဖြစ်စီခြင်းငှာ မိမိ၏သားတော်ကို စီရွှတ်တော်မူခြင်းအားဖြင့် ပြတော်မူသော မေတ္တာတော်ကို ဆိုလို၏။


သစ္စာဟိသော သက်သီခံ၊ သီခြင်းမှ ဦးစွာပထမ ရှင်ပြန်ထမြောက်တော်မူသော၊ လောကီသျှင်ဘုရင်တိကို အစိုးရတော်မူသော ယေသျှုခရစ်တော်ထံပါးမှ လည်းကောင်း၊ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်ရို့၌ ဟိပါစီသောဝ်။ ထိုသူသည် ငါရို့ကို ချစ်တော်မူ၍ မိမိ၏အသွီးတော်အားဖြင့် ငါရို့၏ အပြစ်တရားမှ ငါရို့အား လွတ်မြောက်စီတော်မူပြီးလျှင်၊


ထိုသူရို့သည် သိုးသူငယ်တော်၏ အသွီးအားဖြင့် လည်းကောင်း၊ မိမိရို့ဟောပြောကြေညာသည့် နှုတ်ကပတ်တရားတော်အားဖြင့် လည်းကောင်း စာတန်မာရ်နတ်ကို အောင်မြင်ခကြ၏။ သူရို့သည် အသီခံသည့်တိုင်အောင် မိမိရို့အသက်ကို မနှမြိုးကြပေ။


အသီသတ်ခြင်းကို ခံရသည့် သိုးသူငယ်တော်၏ အသက်စာစောင်တွင် လောကကို ဖန်ဆင်းတော်မမူခင်ကပင် စာရင်းဝင်သောသူရို့မှတစ်ပါး မြီကြီးသားအပေါင်းရို့သည် ထိုသားရဲအား ကိုးကွယ်ကြလိမ့်မည်။


ထို့နောက် ငါ ကြည့်လိုက်သောအခါ ဇိအုန်တောင်ထက်တွင် သိုးသူငယ်တော် ရပ်နိန်သည်ကို မြင်ရ၏။ သူ၏နာမနှင့် ခမည်းတော်၏နာမ တော်ကို နဖူးထက်တွင် ရီးမှတ်ထားသော လူပေါင်း ၁၄၄,၀၀၀ ရို့သည် သိုးသူငယ်တော်နှင့်အတူ ဟိကြ၏။


ဘုရားသခင်၏ အမျက်တော်ဖလားမှ ပြင်းထန်သော ဒေါသတည်းဟူသော စပျစ်ရည်ကို သောက်ရလိမ့်မည်။ ထိုသူသည် သန့်ယှင်းသောကောင်းကင်တမန်တိနှင့် သိုးသူငယ်တော်၏ ရှိ့၌ ကန့်နှင့်ရောသော မီးထဲတွင် နှိပ်စက်ညှည်းဆဲခြင်းကို ခံရလိမ့်မည်။


ထိုသူရို့သည် ကာမဂုဏ်ခံစားမှုနှင့် ကင်းလွတ်သော သူတိဖြစ်၍ သိုးသူငယ်တော် လားလေရာ အရပ်သို့ လိုက်ကြ၏။ သူရို့သည် လူတိအထဲက ရွီးနုတ်ကယ်တင်ခြင်းကို ခံရသဖြင့် ဘုရားသခင်နှင့် သိုးသူငယ်တော်၏ အဦးသီးသော အသီးများဖြစ်ကြ၏။


သူရို့သည် ဘုရားသခင်၏ အစီခံ မောသျှေ၏ တေးခြင်းနှင့် သိုးသူငယ်တော်၏ တေးခြင်းကို သီဆိုကြသည်ကား၊ “အနန္တတန်ခိုးသျှင် ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသော အမှုများသည် အလွန်ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါသည်တကား။ လူမျိုးတကာရို့၏ ဘုရင်၊ ကိုယ်တော်သျှင်၏ နည်းလမ်းတော်များသည် အလွန်မျှတ မှန်ကန်လှပါသည်တကား။


သူရို့သည် သိုးသူငယ်တော်ကို စစ်တိုက်ကြလိမ့်မည်။ ထိုသူသည် အသျှင်တကာရို့၏ အသျှင်၊ ဘုရင်တကာရို့၏ ဘုရင်ဖြစ်တော်မူသောကြောင့် သူရို့ကို နှိမ်နင်းတော်မူလိမ့်မည်။ ကိုယ်တော်နှင့်အတူ ဟိသောသူရို့သည်လည်း ခေါ်ယူတော်မူခြင်း ခံရသောသူ၊ ရွီးကောက်ခြင်း ခံရတော်မူသောသူ၊ သစ္စာဟိသောသူရို့ ဖြစ်ကြ၏” ဟု ဆို၏။


သိုးသူငယ်တော်၏ မင်္ဂလာပွဲ အချိန် ကျရောက်ပြီဖြစ်သောကြောင့် ငါရို့သည် ဝမ်းမြောက်ရွှင်လန်းလျက် ဘုန်းတော်ကို ချီးမွမ်းကြကုန်အံ့။ ကိုယ်တော်၏ သတို့သမီးသည် မိမိကိုယ်ကို အသင့်ပျင်ဆင် ထားယာ။


ထို့နောက် ကောင်းကင်တမန်က “သိုးသူငယ်တော်၏ မင်္ဂလာပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသောသူရို့သည် မင်္ဂလာဟိကြ၏ဟု ရီးမှတ်ထားလော့” ဟူ၍ လည်းကောင်း “ဤစကားသည် ဘုရားသခင်၏နှုတ်တော်ထွက် စကားအမှန်ပင် ဖြစ်၏” ဟူ၍ လည်းကောင်း ငါ့အား ပြောဆို၏။


မြို့ရိုးတွင် အုတ်မြစ်ကျောက် တစ်ဆယ့်နှစ်ခုဟိ၏။ ထိုကျောက်များအထက်တွင် သိုးသူငယ်တော်၏ တမန်တော် တစ်ဆယ့်နှစ်ပါးရို့၏ နာမည်များကို ရီးထားလျက် ဟိ၏။


သို့ရာတွင် မစင်ကြယ်သည့်ဇာအရာမျှ ထိုမြို့တွင်းသို့ ဝင်ရလိမ့်မည်မဟုတ်။ စက်ဆုပ်ရွံဖွယ်ကောင်းသော အမှုကို ပြုသောသူ၊ လိမ်လည်ပြောဆိုသောသူ မှန်သမျှသည်လည်း ဝင်ခွင့်ရလိမ့်မည် မဟုတ်။ သိုးသူငယ်တော်၏ အသက်စာစောင် စာရင်း၌ ပါသောသူများသာလျှင် ဝင်ရကြလိမ့်မည်။


ထို့နောက် နောက်ဆုံးသော ဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်သော ခွက်ဖလား ခုနစ်လုံးကို ကိုင်ထားသည့် ကောင်းကင်တမန် ခုနစ်ပါးအနက် တစ်ပါးသည် ငါ့ထံသို့ လာ၍ “လာကတ်။ သိုးသူငယ်တော်၏ မယားတည်းဟူသော မင်္ဂလာဆောင်သတို့သမီးကို သင့်အား ငါပြမည်” ဟု ဆို၏။


ထို့နောက် သိုးသူငယ်သည် သက်ဟိသတ္တဝါလေးပါးရို့နှင့် အကြီးအကဲရို့ ဝန်းရံလျက်ဟိသည့် ပလ္လင်တော်အလယ်၌ ရပ်လျက်နိန်သည်ကို ငါမြင်၏။ သူသည် ယဇ်ပူဇော်ခြင်းငှာ သတ်ရန်ထားသည့် သိုးနှင့်တူ၏။ ထိုသူ၌ ဦးဂြိုခုနစ်ချောင်းနှင့် မျက်စိခုနစ်လုံး ဟိ၏။ ထိုအရာများသည် မြီကြီးတစ်ပြင်လုံးသို့ ဘုရားသခင် စီလွှတ်တော်မူသော ဝိညာဉ်ခုနစ်ပါး ဖြစ်၏။


ထိုသို့ ယူလိုက်သောအခါ သတ္တဝါလေးပါးနှင့် အကြီးအကဲနှစ်ဆယ့်လေးပါးရို့သည် သိုးသူငယ်တော်၏ ရှိ့တော်၌ ပျပ်ဝပ်လျက် နိန်ကြ၏။ ထိုသူအသီးသီးရို့သည် စောင်းများကိုလည်းကောင်း၊ ဘုရားသခင် လူစုတော်၏ ဆုတောင်းပတ္ထနာတည်းဟူသော နံ့သာပေါင်းနှင့်ပြည့်လျက်ဟိသည့် ရွှီဖလားများကို လည်းကောင်း တစ်ခုစီ ကိုင်ဆောင်လျက် ဟိကြ၏။


ထို့နောက် သိုးသူငယ်တော်သည် တံဆိပ်ခုနစ်ခုအနက် ပထမတံဆိပ်အား ဖွင့်သည်ကို ငါမြင်၏။ သက်ဟိသတ္တဝါလေးပါးအနက် တစ်ပါးသည် မိုးကြိုးခြိမ်းသံနှင့်တူသော အသံဖြင့် “လာလော့” ဟု ဆိုသည်ကို ငါ ကြားရ၏။


ထိုသူရို့က တောင်များ၊ ကျောက်ဆောင်များ အား “ငါရို့အထက်သို့ ပြိုကျလျက် ပလ္လင်တော် ထက်တွင် စံတော်မူသောသူ၏ မျက်နှာတော်ကို မမြင်ရစီရန်နှင့် သိုးသူငယ်တော်၏ အမျက်တော် မသင့်ကြစီရန် ငါရို့အား ဖုံးကွယ်ထားကြပါ။


ငါက “အကျွန် မသိပါ ဆရာ။ သင်သာ သိပါ၏” ဟု ပြန်၍ ဖြေ၏။ ထိုသူက “သူရို့သည် ဆင်းရဲဒုက္ခကြီးထဲမှ လွတ်မြောက်လာသောသူများဖြစ်၏။ သူရို့သည် မိမိရို့ ဝတ်လုံများကို သိုးသူငယ်တော်၏ သွီးဖြင့် ဖြူစင်အောင် ဖွပ်ခပြီးယာ။


အကြောင်းမူကား ပလ္လင်တော်အလယ်တွင် ဟိတော်မူသော သိုးသူငယ်တော်သည် သူရို့၏ သိုးထိန်းဖြစ်ကာ အသက်စမ်းရီ ဟိရာအရပ်သို့ ပို့ဆောင်တော်မူမည် ဖြစ်သောကြောင့်တည်း။ ဘုရားသခင်သည်လည်း သူရို့၏ မျက်ရည်ဟိသမျှကို သုတ်ပီးတော်မူလိမ့်မည်” ဟု ဆို၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ