Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 1:18 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

18 ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 1:18
41 ပူးပေါင်းရင်းမြစ်များ  

“ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။


“ငါ၏အဖသည် အရာအားလုံးကို ငါ့အား ပီးအပ်တော်မူပြီ။ သားတော်သည် ဇာသူဖြစ်ကြောင်းကို ခမည်းတော်မှတစ်ပါး တစ်ယောက်လေ့ မသိ။ ခမည်းတော်သည် ဇာသူဖြစ်ကြောင်းကိုလည်း သားတော်နှင့် သားတော် ဖော်ပြလိုသောသူမှလွဲ၍ တစ်ယောက်လေ့ မသိ” ဟု မြွက်ဆိုတော်မူ၏။


နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူ၍ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါရို့တွင် နီထိုင်တော်မူ၏။ ငါရို့သည် ထိုသူ၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရကြ၏။ ထိုဘုန်းတန်ခိုးတော်ကား ခမည်းတော်၌ တစ်ပါးတည်းသော သားတော်၏ ဘုန်းတန်ခိုးတော်ကဲ့သို့ ဖြစ်၏။


ဟေသျှာယသည် ယေသျှု၏ ဘုန်းတန်ခိုးတော်ကို ဖူးမြင်ရသဖြင့် ကိုယ်တော်၏ အကြောင်းကို ဤသို့ မြွက်ဆိုခြင်းဖြစ်၏။


ထိုသူရို့ထဲမှ ယေသျှုချစ်တော်မူသော တပည့်တော်သည် ကိုယ်တော့်နားကပ်၍ ထိုင်နိန်တော်မူ၏။


ယေသျှုကလည်း “ဖိလိပ္ပု၊ သင်ရို့အားလုံးသည် ငါနှင့်အတူ အချိန်အကြာကြီး ဟိနိန်ခလျက်ပင် ငါ့ကို သင်မသိသလော။ ငါ့ကို မြင်ရသောသူသည် ခမည်းတော်ဘုရားကို မြင်ရသောသူ ဖြစ်၏။ ‘ခမည်းတော်ဘုရားအား ငါရို့ကို ပြပါ’ ဟု ဇာကြောင့် ပြောရသနည်း။


အကျွန့်ကို ချစ်တော်မူသော ကိုယ်တော်၏ မေတ္တာတော်သည် သူရို့၌ တည်၍ အကျွန်ကိုယ်တိုင်လည်း သူရို့၌ တည်စီခြင်းငှာ ကိုယ်တော်၏နာမတော်ကို သူရို့အား ညွှန်ပြပြီးဖြစ်၏။ အစဉ်အမြဲ ညွှန်ပြပါဦးမည်” ဟု ဆုတောင်းတော်မူ၏။


“ဤလောကထဲမှ အကျွန်အား ပီးတော်မူသောသူရို့အား ကိုယ်တော့်ကို သိမြင်စီခြင်းငှာ အကျွန်သည် ဖော်ပြပြီးဖြစ်ပါ၏။ ကိုယ်တော် ပိုင်တော်မူသော သူရို့ကို အကျွန်အား ပီးထားသည်ဖြစ်၍ သူရို့သည်လည်း ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နာခံကြပြီးဖြစ်ပါ၏။


ငါအမှန် ဆိုသည်ကား၊ ငါရို့သည် ကိုယ်တိုင် သိသောအရာများကိုသာ ပြောကြ၏။ ကိုယ်မြင်သော အရာကိုသာ သက်သီခံကြ၏။ သို့သော်လည်း ငါရို့၏ သက်သီခံချက်တိကို သင်ရို့ လက်မခံသိမ့်သလော။


ဤသို့ဆိုရာတွင် ဘုရားသခင်ထံမှ ကြွလာသောသူမှတစ်ပါး ခမည်းတော်ကို မြင်ဖူးသောသူ တစ်စုံတစ်ယောက်ဟိသည်ဟု ငါမဆို။ ဘုရားသခင်ထံမှ ကြွလာသောသူသာလျှင် ခမည်းတော်ကို မြင်ဖူးသောသူ ဖြစ်၏။


ထို့ကြောင့် ဤလောကကို အစိုးရသောဘုရားသည် မယုံကြည်သောသူရို့၏စိတ်ကို အမှောင်ဖုံးထားသဖြင့် ဘုရားသခင်၏ ပုံသဏ္ဌာန်တော်တည်းဟူသော ခရစ်တော်၏ ဘုန်းတန်ခိုးတော်အကြောင်း သတင်းကောင်း၏ အလင်းကို သူရို့သည် မမြင်ရကြ။


ခရစ်တော်သည် မျက်စိဖြင့်မမြင်နိုင်သော ဘုရားသခင်၏ပုံသဏ္ဌာန်တော် ဖြစ်တော်မူ၏။ ကိုယ်တော်သည် သားဦးဖြစ်တော်မူသဖြင့် ဖန်ဆင်းခံအရာ အားလုံးထက် ကြီးမြတ်တော်မူ၏။


ထာဝရ သျှင်ဘုရင် ဖြစ်တော်မူသော၊ ထာဝရတည်ဟိတော်မူသော၊ လူတိ မျက်စိဖြင့် မမြင်နိုင်သော၊ တစ်ဆူတည်းဟိတော်မူသော ဘုရားသခင်၌ ဂုဏ်အသရေနှင့် ဘုန်းတန်ခိုးတော်သည် ထာဝရ တည်ဟိတော်မူပါစီသောဝ်။ အာမင်။


ကိုယ်တော်သည် ထာဝရတည်ဟိတော်မူသောအသျှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် မည်သူတစ်ဦးတစ်ယောက်မျှ မချဉ်းကပ်နိုင်သော အလင်းထဲ၌ စိုးစံတော်မူ၏။ ကိုယ်တော့်ကို မည်သူမျှ မမြင်ဖူးကြ၊ မည်သူမျှ မမြင်နိုင်ကြ။ ထာဝရတန်ခိုးတော်နှင့် ဂုဏ်အသရေတော်သည် ကိုယ်တော်၌ တည်လျက် ဟိတော်မူ၏။ အာမင်။


မည်သူမျှ ဘုရားသခင်ကို မတွိ့မမြင်ဖူးသော်လည်း ငါရို့သည် အချင်းချင်းချစ်ကြလျှင် ဘုရားသခင်သည် ငါရို့နှင့် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူလျက် ကိုယ်တော်၏ မေတ္တာတော်သည် ငါရို့အထဲ၌ ပြည့်စုံလျက် ဟိ၏။


ဘုရားသခင်ကို ချစ်သည်ဟု ဆိုလျက် ညီအစ်ကိုမောင်နှမကို မုန်းသောသူသည် လိမ်လည်သောသူ ဖြစ်၏။ ဇာကြောင့်ဆိုသော် မျက်စိဖြင့်မြင်ရသော ညီအစ်ကိုမောင်နှမကို မချစ်နိုင်သောသူသည် မျက်စိဖြင့်မမြင်ရသည့် ဘုရားသခင်ကို မည်သို့ ချစ်နိုင်ပါမည်နည်း။


ငါရို့သည် သားတော်အားဖြင့် အသက်ရှင်ကြစီရန် ဘုရားသခင်သည် မိမိ၏ တစ်ပါးတည်းသော သားတော်ကို ဤလောကသို့ စီရွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာတော်ကို ငါရို့၌ ထင်ရှားစီတော်မူ၏။


စစ်မှန်သော ဘုရားသခင်ကို သိနိုင်စီခြင်းငှာ ဘုရားသခင်၏ သားတော်သည် ကြွလာတော်မူ၍ ငါရို့အား နားလည်နိုင်သောဉာဏ်ပညာကို ပီးတော်မူကြောင်းကို ငါရို့ သိကြ၏။ ငါရို့သည် ကိုယ်တော်၏သားတော် ယေသျှုခရစ်နှင့် လည်းကောင်း၊ စစ်မှန်သော ဘုရားသခင်နှင့် လည်းကောင်း တစ်လုံးတစ်ဝတည်း အသက်ရှင်လျက် ဟိကြ၏။ ဤသည်ကား စစ်မှန်သော ဘုရားသခင် ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ