Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 1:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

16 ထိုသူသည် ကျေးဇူးတော်နှင့် ပြည့်စုံသည်ဖြစ်၍ ငါရို့အား ကောင်းကြီးတစ်ခုပြီးတစ်ခု ပီးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 1:16
24 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ရတတ်သောသူကို သာ၍ ပြည့်စုံစီခြင်းငှာ တဖန်ထပ်၍ ပီးလိမ့်မည်၊ ဆင်းရဲသောသူ၌ သူ့မှာဟိသမျှကို နုတ်ယူလိမ့်မည်။


သင်ရို့ နောင်တရကြောင်းကို ပြသည့်အနိန်ဖြင့် ငါသည် သင်ရို့အား ရီ၌ ဗတ္တိဇံကို ပီး၏။ ငါ့နောက်မှ ကြွလာမည့်သူသည် ငါ့ထက်ကြီးမြတ်သူဖြစ်၍ ထိုသူသည် သင်ရို့အား သန့်ယှင်းသော ဝိညာဉ်တော်၌ လည်းကောင်း၊ မီး၌ လည်းကောင်း ဗတ္တိဇံကို ပီးလိမ့်မည်။ သူ၏ခြီနင်းတော်ကို ကိုင်ဆောင်ခြင်းငှာ ငါသည် မထိုက်တန်။


“အကျွန်သည်သာ ကိုယ်တော့်ထံ၌ ဗတ္တိဇံကို ခံယူထိုက်သည်ဖြစ်၍ အကျွန့်ပါးသို့ ကိုယ်တော်ကြွလာခြင်းသည် အကျွန်နှင့် မထိုက်တန်ပါ” ဟု ယောဟန်က ဟန့်တားရန် ကြိုးစားလေ၏။


အကြောင်းမူကား သင်ရို့၏ ရန်သူတစ်ဦးတစ်ယောက်မျှ မငြင်းခုံ၊ မဟန့်တားနိုင်အောင် သင်ရို့အား နှုတ်သတ္တိ၊ ဉာဏ်သတ္တိကို ငါပီးမည်။


ဘုရားသခင် စီရွှတ်တော်မူသောသူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ပြောဆိုတတ်၏။ အကြောင်းမူကား ဘုရားသခင်သည် ထိုသူအား ဝိညာဉ်တော်ကို ပြည့်ဝစွာ ပီးတော်မူသောကြောင့်ဖြစ်၏။


ထို့အပြင် လူတစ်ယောက်သည် ပြစ်မှားခြင်းဖြင့် ထိုတစ်ယောက်သောသူကြောင့် သီခြင်းတရားသည် စတင်၍ အစိုးရလျှင် ဘုရားသခင်၏ကြွယ်ဝသော ကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်း လက်ဆောင်ကို ခံစားရသောသူရို့သည် ယေသျှုခရစ်တော်တည်းဟူသော တစ်ယောက်သောသူအားဖြင့် အသက်ရှင်ခြင်းတရားသည် သာ၍ အစိုးရပေလိမ့်မည်။


ငါရို့သည် ယခု အသက်ရှင်လျက်ဟိသော ဘဝ၌ ယုံကြည်ခြင်းဖြင့် ဘုရားသခင်၏ ကျေးဇူးတော် ခံစားရသောအခွင့်ကို ထိုအသျှင်အားဖြင့် ရဟိကြ၏။ သို့ဖြစ်၍ ငါရို့သည် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို မျှော်လင့်ခြင်း၌ ဂုဏ်ယူဝင့်ကြွားလျက် ဟိကြ၏။


အပြစ်လုပ်ခြင်းကို ထင်ရှားစီခြင်းငှာ ပညတ်တရားသည် ဝင်ရောက်လာရ၏။ သို့ရာတွင် အပြစ်တရား ထင်ရှားသောအရာ၌ ဘုရားသခင်၏ကျေးဇူးတော်သည် သာ၍ ထင်ရှားလာ၏။


သို့သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော်သည် သင်ရို့အထဲ၌ ကိန်းဝပ်တော်မူလျှင် သင်ရို့သည် ဇာတိပကတိ၏အလိုအတိုင်း အသက်ရှင်ကြသည်မဟုတ်။ ဝိညာဉ်တော်၏အလိုအတိုင်း အသက်ရှင်ကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မဟိသော သူသည်ကား ခရစ်တော်နှင့် မဆိုင်။


ထိုအသင်းတော်ကား ခပ်သိမ်းသောနီရာ၌ အလုံးစုံတိကို ပြည့်စုံစီတော်မူသော ခရစ်တော်၏ ကိုယ်ခန္ဓာပင်ဖြစ်သတည်း။


ခရစ်တော်၏မေတ္တာတော်ကို ဇာခါလေ့ အပြည့်အဝ နားမလည်နိုင်သော်လည်း၊ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းဟိသမျှနှင့် ပြည့်ဝတော်မူပါမည့်အကြောင်း ငါ​ဆုတောင်း​၏။


သို့ဖြစ်၍ ဘုရားသခင်၏ အလိုတော်အားဖြင့် သားတော်သည် ဘုရားဇာတိကို အပြည့်အဝခံယူတော်မူ၏။


ထိုအသျှင်သည် ဝှက်ထားသမျှသော ဘုရားသခင်၏ ဘဏ္ဍာဖြစ်သည့် ဉာဏ်ပညာနှင့် အသိပညာကို ဖွင့်ပြသော သော့ဖြစ်၏။


မည်သည့်အချိန်၌ မည်သို့ ပေါ်ပေါက်လာမည်ကို သူရို့သည် ကြိုးစား၍ ရှာဖွီခကြ၏။ သူရို့အထဲ၌ဟိသော ခရစ်တော်၏ ဝိညာဉ်တော်က ဤကာလတွင် ခရစ်တော်ခံရမည့် ဝေဒနာနှင့် ထိုသို့ ခံတော်မူပြီးနောက် ပေါ်ထွန်းလာမည့် ဘုန်းတော်ကို ကြိုတင်၍ ဖော်ပြခ၏။


ခမည်းတော်ဘုရားသခင်သည် မိမိ၏ အကြံအစည်တော်အတိုင်း ယေသျှုခရစ်တော်ကို နာခံရန်နှင့် ကိုယ်တော်၏ အသွီးတော်အားဖြင့် စင်ကြယ်ကြစီရန်လည်းကောင်း၊ မိမိ၏ဝိညာဉ်တော်အားဖြင့် သန့်ယှင်းသောလူစု ဖြစ်စီခြင်းငှာ လည်းကောင်း သင်ရို့ကို ရွီးချယ်တော်မူ၏။ ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းကို သင်ရို့သည် ကြွယ်ဝစွာ ခံစားရပါစီသောဝ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ