Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယောဟန် 1:10 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား

10 ထိုနှုတ်ကပတ်တော်သည် လောက၌ ဟိတော်မူ၏။ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် လောကကို ဖန်ဆင်းတော်မူသော်လည်း လောကသည် ထိုသူကို မသိ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယောဟန် 1:10
23 ပူးပေါင်းရင်းမြစ်များ  

“ငါ၏အဖသည် အရာခပ်သိမ်းကို သားတော်အား ပီးထားပြီးဖြစ်၏။ အဖက လွဲ၍ သားတော်ကို တစ်ယောက်လည်း မသိကြ။ ထိုနည်းတူ သားတော်နှင့် သားတော်က ဖွင့်ပြရန် ရွီးချယ်သောသူရို့မှလွဲ၍ ခမည်းတော်ကို တစ်ယောက်လည်း မသိကြ။


ထိုသူသည် မိမိလူမျိုးရို့ပါးသို့ ကြွတော်မူသော်လည်း မိမိလူရို့က လက်မခံကြ။


ဇာသူမျှ ဘုရားသခင်ကို မမြင်ဖူးကြသော်လည်း ခမည်းတော်၏ ရင်ခွင်၌ ဟိတော်မူသည့် ဘုရားသခင် ဖြစ်တော်မူသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်အား ထင်ရှားစီတော်မူ၏။


ဘုရားသခင်သည် ထိုနှုတ်ကပတ်တော်အားဖြင့် အရာခပ်သိမ်းကို ဖန်ဆင်းတော်မူ၏။ ထိုနှုတ်ကပတ်တော်နှင့် ကင်း၍ ဖန်ဆင်းထားသည့်အရာ တစ်ခုမျှမဟိ။


ထိုအလင်းသည် မှောင်မိုက်၌ ထွန်းလင်း၍၊ မှောင်မိုက်သည် ဇာခါမျှ မကွယ်နိုင်။


ဖြောင့်မတ်တော်မူသောအဖ၊ လောကီသားရို့သည် ကိုယ်တော့်ကို မသိကြသော်လည်း အကျွန်သည် သိပါ၏။ ကိုယ်တော်သည် အကျွန့်အား စီရွှတ်လိုက်သည်ကို ဤသူရို့သည် သိကြပါ၏။


ယေသျှုကလည်း “ငါ့ခမည်းတော်သည် အစဉ်မပြတ် အလုပ်လုပ်နိန်၏။ ထို့ကြောင့် ငါသည်လည်း အလုပ်လုပ်ရမည်” ဟု ထိုသူရို့အား မိန့်တော်မူ၏။


သို့ရာတွင် ဘုရားသခင်သည် အာကာပြင်မှ မိုးရီကို ရွာသွန်းကာ အချိန်တန်လျှင် သင်ရို့အား ကောက်ပဲသီးနှံများကို ပီးလျက်၊ အစားအစာများကို ကျွေးမွေးတော်မူ၏။ ထို့ကြောင့် သင်ရို့၏နှလုံးသည် ရွှင်လန်းဝမ်းမြောက်မှုနှင့် ပြည့်စုံလျက်ဟိကြ၏။ အကြောင်းမူကား ကိုယ်တော်သည် ကောင်းသောအမှုအရာတိကို ပြုတော်မူလျက် မိမိဟိတော်မူကြောင်းကို အစဉ်အမြဲ ထင်ရှားစွာ ပြတော်မူ၏” ဟု ဆို၏။


အကြောင်းမူကား လူသည် မိမိကိုယ်ပိုင် ဉာဏ်ပညာဖြင့် ဘုရားသခင်အား မသိနိုင်စီခြင်းငှာ ဘုရားသခင်သည် မိမိ၏ဉာဏ်ပညာတော်ဖြင့် စီရင်တော်မူ၏။ “အချည်းနှီးသော” တရားဖြစ်သည်ဟု လူရို့ထင်မှတ်ထားသော ငါရို့ဟောပြောသော သတင်းကောင်းတရားအားဖြင့် ဘုရားသခင်သည် မိမိအား ယုံကြည်သူရို့ကို ကယ်တင်တော်မူခြင်းငှာ စိတ်ပိုင်းဖြတ်တော်မူလေ၏။


လောကီမင်းတစ်ဦးတစ်ယောက်မျှ ဤဉာဏ်ပညာတော်အကြောင်းကို မသိနားမလည်ကတ်။ အကယ်၍ သိနားလည်ကြလျှင် သူရို့သည် ဘုန်းတန်ခိုးတော်၏ အသျှင်ကို လက်ဝါးကပ်တိုင်တွင် တင်၍ သတ်ကြလိမ့်မည်မဟုတ်။


ငါရို့အဖို့ ဘုရားသခင်တစ်ပါးတည်းသာလျှင် ဟိတော်မူ၏။ ထိုအသျှင်သည်ကား ခမည်းတော်ဖြစ်တော်မူ၏။ ထိုအသျှင်သည် ခပ်သိမ်းသောအရာများကို ဖန်ဆင်းတော်မူ၏။ ထိုအသျှင်အဖို့ ငါရို့သည် အသက်ရှင်ကြ၏။ ငါရို့အဖို့ အသျှင်သခင် တစ်ပါးတည်းသာလျှင် ဟိ၏။ ထိုအသျှင်သခင်ကား ယေသျှုခရစ်တော်ပင်ဖြစ်၏။ ထိုအသျှင်အားဖြင့် ခပ်သိမ်းသောအရာများသည် ဖန်ဆင်းခြင်းကို ခံကြရ၏။ ထိုအသျှင်အားဖြင့် ငါရို့သည် အသက်ရှင်ကြ၏။


အကြောင်းမူကား ကောင်းကင်ဘုံနှင့် မြီကြီးထက်တွင် ဟိသမျှသော မြင်ရသည့်အရာနှင့် မမြင်ရသည့်အရာများဖြစ်စီ၊ ရာဇပလ္လင်များဖြစ်စီ၊ အသျှင်သခင်များဖြစ်စီ၊ အုပ်ချုပ်သူများနှင့် အာဏာပိုင်များဖြစ်စီ စသည့် ခပ်သိမ်းသောအရာများကို သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အားဖြင့် လည်းကောင်း၊ ထိုသားတော်အတွက် လည်းကောင်း စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းတော်မူ၏။


မမြင်နိုင်သောအရာကို မြင်နိုင်စီခြင်းငှာ ဘုရားသခင်သည် နှုတ်ကပတ်တော်အားဖြင့် စကြဝဠာကို ဖန်ဆင်းထားတော်မူကြောင်းကို ငါရို့သည် ယုံကြည်ခြင်းအားဖြင့်သာ သိကြရ၏။


ငါရို့သည် ဘုရားသခင်၏ သားသမီးတိဟု အခေါ်ခံရကြသဖြင့် ခမည်းတော်သည် ငါရို့အား မည်မျှလောက် ချစ်တော်မူသည်ကို ဆင်ခြင်ကြလော့။ ငါရို့သည် အမှန်ပင် ဘုရားသခင်၏ သားသမီးတိဖြစ်ကြ၏။ ဤအကြောင်းကြောင့် ဤလောကီသားရို့သည် ဘုရားသခင်ကို မသိသောကြောင့် ငါရို့ကိုလည်း မသိကတ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ