19 ညီအစ်ကို မောင်နှမရို့၊ သင်ရို့၌ တစ်စုံတစ်ယောက်သောသူသည် သမ္မာတရားမှ လွဲလားသောအခါ တစ်စုံတစ်ယောက်က သူ့ကို ပြန်လည်၍ ခေါ်ဆောင်ပီးလော့။
“သင်၏ညီအစ်ကို တစ်ယောက်သည် သင့်ကို ပြစ်မှား မိလျှင် သူ့ပါးသို့ လား၍ သူ၏အမှားကို သူ့အား ဖော်ပြပါ။ သို့ရာတွင် ထိုအမှုကို နှစ်ယောက်တည်း တိတ်ဆိတ်စွာ ဆောင်ရွက်ပါ။ သူသည် သင့်စကားကို နားထောင်လျှင် သင်သည် သင့်ညီအစ်ကိုအား ပြန်ရယာ။
ယေကေလေ့ သျှိမုန်၊ သင်၏ ယုံကြည်ခြင်း မပျက်စီးစီရန် ငါဆုတောင်းနိန်၏။ သင်သည် သတိပြန်ရကြသောအခါ သင်၏ ညီအစ်ကိုတိကို ခိုင်ခန့်စီလော” ဟု မိန့်တော်မူ၏။
ညီအစ်ကိုမောင်နှမရို့၊ လူတစ်ယောက်သည် မကောင်းမှု တစ်စုံတစ်ခု ပြုသည်ကို သင်ရို့တွိ့မိလျှင် ဝိညာဉ်သဘောဟိသော သင်ရို့က နူးညံ့သိမ်မွေ့စွာဖြင့် ထိုသူကို ပြုပျင်ပီးရမည်။ သင်ရို့ကိုယ်တိုင်လည်း စုံစမ်းသွီးဆောင်ရာသို့ မလိုက်ပါမိစီရန် သတိပြုကြလော့။
ထို့ကြောင့် ငွီကို တတ်မက်ခြင်းသည် ဒုစရိုက်အမျိုးမျိုး၏ အရင်းအမြစ်ဖြစ်၏။ တချို့လူရို့သည် ငွီရလိုစိတ် အားကြီးမှုကြောင့် ယုံကြည်ခြင်းတရားမှ လွဲလျှော်၍ ပူပန်ခြင်းဝေဒနာများသည် ထိုသူရို့၏စိတ်နှလုံးကို ထုတ်ချင်းပေါက်အောင် ထိုးကြလေ၏။
အကြောင်းမူကား လူတချို့သည် အသိပညာနောက်သို့ လိုက်ပါ၍ ယုံကြည်ခြင်းလမ်းမှ လွဲလားကြ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည် သင်ရို့အားလုံး၌ ဟိပါစီသောဝ်။
သူရို့သည် သမ္မာတရားမှ လမ်းလွဲလျက် သီလွန်သောသူရို့သည် ရှင်ပြန်ထမြောက်ကြလေပြီဟု ဆိုကာ တချို့သောယုံကြည်သူရို့၏ ယုံကြည်ခြင်းကို ဖျက်ဆီးနိန်ကြ၏။
သူသည် မိမိကိုယ်တိုင်လည်း အားနည်းချက် များစွာဟိသောကြောင့် အသိပညာခေါင်းပါးသောသူတိနှင့် မှားယွင်းသောသူတိကို သည်းခံနိုင်၏။
ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ လှည့်ဖျားခြင်းကို မခံကတ်ကေ့။
ငါချစ်သော ညီအစ်ကို မောင်နှမရို့၊ ဤအချက်ကို သိမှတ်ကြလော့။ လူတိုင်း နားထောင်ခြင်းကို ယင်ကတ်စီ။ စကားပြောခြင်းနှင့် အမျက်ထွက်ခြင်းကို နှေးကတ်စီ။
သို့ရာတွင် သင်ရို့၏စိတ်နှလုံးထဲ၌ မနာလိုခြင်း၊ မုန်းတီးခြင်းနှင့် တစ်ကိုယ်ကောင်းဆန်ခြင်းများဟိလျှင်၊ သင်ရို့သည် မိမိရို့၏ ဉာဏ်ပညာနှင့်ပတ်သက်၍ ကြွားဝါခြင်းအားဖြင့် သမ္မာတရားကို ဆန့်ကျင်၍ ပြစ်မှားခြင်းသို့ မရောက်စီကတ်ကေ့။
အပြစ်သားကို သူ၏ လွဲမှားနိန်သောလမ်းမှ ပြန်လည်ခေါ်ဆောင်ပီးသော သူသည် ထိုအပြစ်သား၏ စိတ်ဝိညာဉ်ကို သီခြင်းတရားမှ ကယ်တင်၍ များစွာသော အပြစ်များကို ခွင့်ရွှတ်ခြင်းရစီရန် ပို့ဆောင်ပီးသောသူဖြစ်ကြောင်း သိမှတ်ကြလော့။
သို့သော်လည်း အဆွီရို့၊ သင်ရို့သည် ဤအကြောင်းအရာများကို သိပြီးဖြစ်၏။ ထို့ကြောင့် သင်ရို့သည် မတရားသောသူရို့၏ မှားယွင်းသောလမ်းသို့ မလိုက်မိကြစီရန်နှင့် သင်ရို့၏ ရပ်တည်မှုကို မလဲကျစီရန် စောင့်ထိန်းကြလော့။
သူရို့သည် အမင်္ဂလာဟိကြ၏။ သူရို့သည် ကာဣန၏ လမ်းစဉ်ကို လိုက်ကြလေပြီ။ ငွီကိုတပ်မက်သဖြင့် ဗာလမ်၏ အမှားမျိုးကို ကျုးလွန်ကြလေ၏။ ကောရကဲ့သို့ ပုန်ကန်ကြသဖြင့် ဆုံးယှုံးပျက်စီးကြကုန်၏။