ယာကုပ် 5:16 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား16 သို့ဖြစ်၍ သင်ရို့သည် ကျန်းမာခြင်းကို ရစီမည့်အကြောင်း တစ်ယောက်ကို တစ်ယောက် မိမိရို့၏ အပြစ်များကို ဖော်ပြဝန်ခံလျက် တစ်ယောက်ကို တစ်ယောက် ဆုတောင်းပီးကြလော့။ ဖြောင့်မတ်သောသူတစ်ယောက်၏ ဆုတောင်းပတ္ထနာသည် အလွန်တန်ခိုးပါ၍ အကျိုးဟိ၏။ အခန်းကိုကြည့်ပါ။ |
နာဇရက်မြို့သား ယေသျှုအကြောင်းကို လည်းကောင်း၊ ဘုရားသခင်သည် သန့်ယှင်းသော ဝိညာဉ်တော်နှင့် တန်ခိုးတော်ကို ထိုအသျှင်အား ဘိသိက်ပီးတော်မူသည်ကို လည်းကောင်း သင်ရို့သည် သိကြ၏။ ဘုရားသခင်သည် ထိုအသျှင်နှင့်အတူ ဟိတော်မူသောကြောင့်၊ ထိုအသျှင်သည် မာရ်နတ်၏ တန်ခိုးအောက်မှာ ဟိနိန်ကြသောသူ အားလုံးကို ကျန်းမာ စီတော်မူလျက်၊ ကောင်းမြတ်သောအမှုတိကို လုပ်ဆောင်ကာ အရပ်ရပ်သို့ လှည့်လည်တော်မူခသည်ကို သင်ရို့သည် သိကြ၏။
ယုံကြည်ခြင်းအားဖြင့် အာဗေလသည် ကာဣနထက် သာ၍မြတ်သော ပူဇော်သကာယဇ်ကို ဘုရားသခင်အား ပူဇော်ခ၏။ သူသည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်သောသူ တစ်ယောက်အဖြစ် ဘုရားသခင်၏အသိအမှတ်ပြုခြင်းကို ခံရလေ၏။ အကြောင်းမှာ ဘုရားသခင်သည် သူ၏ပူဇော်သကာများကို လက်ခံတော်မူသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူသည် သီလွန်သော်လည်း ယုံကြည်ခြင်းအားဖြင့် ယခုတိုင်အောင် စကားပြောလျက် ဟိ၏။
နောဧသည် နောင်ကာလ၌ ဖြစ်လာမည့် မမြင်နိုင်သည့်အရာများနှင့်ပတ်သက်၍ ဘုရားသခင်၏သတိပီးခြင်းကို ကြားရသည်မှာ ယုံကြည်ခြင်းကြောင့် ဖြစ်၏။ သူသည် ဘုရားသခင်၏စကားကို နာခံ၍ မိမိနှင့်တကွ မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို တည်ဆောက်ခ၏။ လောကကို အပြစ်စီရင်ပြီးနောက် နောဧသည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်ထံမှ ဖြောင့်မတ်ခြင်းနှင့်ဆိုင်သောအမွီကို ရသောသူတစ်ယောက် ဖြစ်လာ၏။