ယာကုပ် 4:11 - ဓမ္မသစ်ကျမ်း ရခိုင်ဘာသာစကား11 ညီအစ်ကို မောင်နှမရို့၊ သင်ရို့သည် တစ်ယောက်ကို တစ်ယောက် ပုတ်ခတ်ပြောဆိုခြင်း မပြုကတ်ကေ့။ မိမိ၏ညီအစ်ကိုကို ပုတ်ခတ်ပြောဆိုသောသူဖြစ်စီ၊ မိမိညီအစ်ကိုကို စီရင်သောသူဖြစ်စီ ထိုသူသည် ပညတ်တရားကို ဆန့်ကျင်ပြောဆို၍ ထိုပညတ်တော်ကို တရားစီရင်သောသူ ဖြစ်၏။ ထိုသို့ ပညတ်တော်ကို တရားစီရင်သော သင်သည် ပညတ်တရားကို လိုက်နာသောသူမဟုတ်ဘဲ တရားစီရင်သောသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ ချိန်းချက်တော်မူသောအချိန် မရောက်မီ ဇာသူကိုမျှ စစ်ကြောစီရင်ခြင်း မပြုကေ့။ သင်ရို့သည် နောက်ဆုံး တရားစီရင်တော်မူခြင်းငှာ သခင်ဘုရား ကြွလာတော်မူထိတိုင်အောင် စောင့်၍ နိန်ကြရမည်။ ကိုယ်တော်သည် မှောင်မိုက်ထဲ၌ ဝှက်ထားသောအရာများကို အလင်းတော်သို့ လည်းကောင်း၊ လူရို့၏စိတ်နှလုံး၌ ကွယ်ဝှက်ထားသော အကြံအစည်များကို လည်းကောင်း ထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါ လူတစ်ဦးစီတိုင်း မိမိရို့ခံထိုက်သည့်အလျောက် ဘုရားသခင်ထံမှ ချီးမွမ်းခြင်းကို ခံရကြလိမ့်မည်။
သင်ရို့ပါးသို့ ရောက်သောအခါ ငါတွိ့မြင်လိုသည်အတိုင်း သင်ရို့အား မတွိ့ရမည်ကို လည်းကောင်း၊ သင်ရို့ မြင်တွိ့လိုသည်အတိုင်း ငါရို့အား မတွိ့ရကြမည်ကို လည်းကောင်း၊ ခိုက်ရန်ဖြစ်ခြင်း၊ မနာလိုခြင်း၊ ဒေါသထွက်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ စော်ကားပြောဆိုခြင်း၊ အတင်းပြောခြင်း၊ မောက်မာခြင်းနှင့် ဝရုန်းသုန်ကားဖြစ်ခြင်းများ တွိ့ရမည်ကို ငါ စိုးရိမ်၏။