5 ထိုနည်းတူ လျှာသည် ခန္ဓာကိုယ်၏ သေးငယ်သောအင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်သော်လည်း အလွန် ဝါကြွားတတ်၏။ မီးစချေ တစ်ခုဖြင့် တစ်တောလုံးကို လောင်ကျွမ်းစီနိုင်သည်ကို ဆင်ခြင်ကြလော။
သို့တည်းမဟုတ် သင်္ဘောတစ်စီးကို ကြည့်လော။ ထိုသင်္ဘောသည် အလွန်ကြီးမား၍ လီပြင်းတိုက်ရာသို့ လွင့်ပါတတ်သော်လည်း တက်မချေတစ်ချောင်းဖြင့် တက်မကိုင်၏လိုရာသို့ လှည့်နိုင်၏။
အကြောင်းမူကား သူရို့သည် မှားယွင်းစွာ အသက်ရှင်နီထိုင်သော လူစုအထဲမှ လွတ်မြောက်ခါစဖြစ်သော သူရို့အား ကြွားဝါ၍ အချည်းနှီးသော စကားများကိုသုံးကာ အသွီးအသားတပ်မက်ခြင်းနှင့် ကာမဂုဏ်လိုက်စားခြင်းများဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
ဤလူအပေါင်းရို့သည် အစဉ်မလပ် ညည်းတွားတတ်သောသူ၊ သူတစ်ပါးအား အပြစ်တင်တတ်သောသူတိ ဖြစ်ကြပြီး၊ မိမိရို့ ဆိုးညစ်သော စိတ်ဆန္ဒအတိုင်း လျှောက်လှမ်း တတ်ကြ၏။ မိမိရို့အကြောင်းကိုလည်း ကြွားဝါတတ်ကြပြီး မိမိကိုယ်ကျိုးအတွက် သူတစ်ပါးရို့အား မြှောက်ပင့်ပြောဆို တတ်ကြ၏။